ကလေးငယ်အဓမ္မပြုကျင့်မှုနှုန်း လျော့ကျဖို့ ပညာပေးမှုတွေ ပိုမိုလိုအပ်

ကလေးငယ်အဓမ္မပြုကျင့်မှုနှုန်း လျော့ကျဖို့ ပညာပေးမှုတွေ ပိုမိုလိုအပ်

ဩဂုတ်-၂၆-၂၀၂၀
လဲ့လဲ့ဝင်း ( VOM)

ဩဂုတ်လ ၂၀ရက်နေ့က မန္တလေးခရိုင်တရားရုံးကနေ အောင်မြေသာစံမြို့နယ်က သက်ငယ်မုဒိမ်းကျူးလွန်သူကို လွတ်ရက်မရှိထောင်ဒဏ် တသက်တကျွန်းချမှတ်ခဲ့ပါတယ်။

ဒီလိုသက်ငယ်မုဒိမ်းမှု ဖြစ်စဉ်မျိုးတွေ မကြာခဏဆိုသလိုကြားရတတ်ပြီး တချို့သေဒဏ်ချမှတ်သလို တချို့အမှုတွေမှာ နှစ်(၂၀) တသက်တကျွန်းချမှတ်တာကို လေ့လာတွေ့ရှိရပါတယ်။ တချို့တရားခံတွေကိုတော့ ဖမ်းဆီးနိုင်မှုမရှိဘဲ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

၂၀၁၉မေလ ၁၆ရက်နေ့က နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဗစ်တိုးရီးယားလို့ အမည်ပေးထားတဲ့ မူကြိုကျောင်းသူတစ်ယောက် အဓမ္မပြုကျင့်ခံခဲ့ရပေမယ့် ဒီနေ့အထိ လက်သည်မပေါ်သေးပါဘူး။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၈ ဖေဖေါ်ဝါရီလကထုတ်ပြန်ချက်တခုမှာတော့ ၂၀၁၆ ခုနှစ်က (၁၁၀၀)မှု၊ ၂၀၁၇ခုနှစ်မှာ (၁၄၀၅)မှုဖြစ်ပွားခဲ့တာကြောင့် (၃၀၅)မှု ပိုတိုးလာတယ်လို့ ဖော်ပြဘူးပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၁၇မှာ (၈၉၇)မှု၊ ၂၀၁၈မှာ (၁၀၂၈)မှု ၊၂၀၁၉နှစ်ဝက်မှာ (၄၁၉)မှု ရှိခဲ့ပြီး ရာနူန်းအားဖြင့် တစထက်တစ တိုးလာတာကိုဖေါ်ပြထားပါတယ်။

ဒီလိုအလားတူပဲ မြန်မာနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ National Crime Records Bureau ရဲ့ မှတ်တမ်းတွေအရ ၂၀၁၈ခုနှစ်မှာ မုဒိမ်းမှုစွပ်စွဲချက် ၃၃၀၀၀ကျော်ရှိပြီး တစ်နေ့တနေ့မှာ ကလေးငယ် (၉၁) ယောက်ခန့် မုဒိမ်းကျင့်ခံနေရတယ်လို့ ဖေါ်ပြထားပါတယ်။

သက်ငယ်မုဒိမ်းမှုဖြစ်ပွားရတဲ့အကြောင်းအရင်းတွေက ဘာကိုအခြေခံသလဲဆိုတာကို ဝါရင့်လူ့အခွင့်အရေးလှုပ်ရှားသူ EqualityMyanmarရဲ့ အမှုဆောင်ဒါရိုက်တာဦးအောင်မျိုးမင်းပြောတာက “ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သေသေချာချာသုတေသနလုပ်ထားတာမရှိဘူး၊ ဒါပေမယ့် ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားတယ်ဆိုတဲ့ အကြောင်းအရာတွေက ကလေးတွေက တိုင်မှာမဟုတ်ဘူး၊ ကြောက်တတ်တယ်။ ငြိမ်သွားမယ်။ ပြန်မပြောနိုင်ဘူးအထင်နဲ့ စော်ကားတာတွေရှိတယ်။ နောက်တခုက ကလေးတွေမှာ အကာကွယ်မဲ့နေတယ် လူကြီတွေကလည်း ဒါမျိုးဖြစ်ရင်ဘယ်လိုတိုင်ရမယ် ၊ ဘယ်လိုနေထိုင်ရမယ်ဆိုတာမျိုး သင်မပေးကြဘူး၊ လူတိုင်းကို မယုံသင့်ဘူးဆိုတဲ့ဟာမျိုး သေချာသင်ပေးတဲ့အရာမရှိတာလည်းဖြစ်နိုင်ပါတယ်၊ ရပ်ရွာထဲမှာလည်း အိမ်တွေကကပ်နေတယ် အရင်ကတည်းက နားလည်မှုတွေနဲ့နေကြတယ်၊ မိဘတွေကအလုပ်ထွက်ရင် အိမ်နီးချင်းကထိန်းပေးလို့ ထားခဲ့ကြတယ်၊ အဲဒီမှာ ယုံကြည်မှုကို စော်ကားတာတွေရှိတဲ့ ဒီအခြေခံအကြောင်းအရင်းတွေကြောင့် ဖြစ်တာများပါတယ်” လို့ သူ့ရဲ့လေ့လာတွေ့ရှိချက်ကို ပြောပါတယ်။

ကလေးသူငယ်မုဒိမ်းမှုတွေအများစုဟာ အိမ်နီးချင်းကပြုကျင့်တာ၊ ဦးလေးက၊ ပထွေးက ၊ ဘုန်းကြီးက စသဖြင့်တွေ့ရှိရသလို နောက်ဆုံးအဖေရင်းက ပြုကျင့်တဲ့အမှုတွေတောင် တွေ့ရှိရပါတယ်။

ဒီလိုအမှုတွေဖြစ်ရင် ပြန်ပြောတတ်တဲ့ ကလေးတွေရှိသလို တချို့ မုဒိမ်းပြုကျင့်ခံရပြီး လက်စဖျောက်အသတ်ခံရတဲ့အမှုတွေလည်း ကြားသိရပါတယ်။

ကလေးသူငယ်အခွင့်အရေးလုပ်ဆောင်နေသူတွေအပြောအရ ကလေးသူငယ်တွေအပေါ်လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို တိုက်ဖျက်ဖို့အတွက် ပြင်းထန်တဲ့ ဥပဒေရေးရာ အစီအမံတွေရှိဖို့ လိုအပ်သလို မိဘတွေကလည်း မိမိတို့ ကလေးတွေကို ကိုယ့်ကိုယ်ကို ကာကွယ်တတ်ဖို့ လိင်ပညာရေးလုပ်ငန်းတွေကို အသက်အရွယ်အလိုက် သင်ကြားပေးဖို့ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။

#voiceofmyanmar #VOM #သက်ငယ်မုဒိမ်း

Zawgyi

ကေလးငယ္အဓမၼျပဳက်င့္မႈႏႈန္း ေလ်ာ့က်ဖို႔ ပညာေပးမႈေတြ ပိုမိုလိုအပ္

ဩဂုတ္-၂၆-၂၀၂၀
လဲ့လဲ့ဝင္း ( VOM)

ဩဂုတ္လ ၂၀ရက္ေန႔က မႏၲေလးခ႐ိုင္တရား႐ုံးကေန ေအာင္ေျမသာစံၿမိဳ႕နယ္က သက္ငယ္မုဒိမ္းက်ဴးလြန္သူကို လြတ္ရက္မရွိေထာင္ဒဏ္ တသက္တကြၽန္းခ်မွတ္ခဲ့ပါတယ္။

ဒီလိုသက္ငယ္မုဒိမ္းမႈ ျဖစ္စဥ္မ်ိဳးေတြ မၾကာခဏဆိုသလိုၾကားရတတ္ၿပီး တခ်ိဳ႕ေသဒဏ္ခ်မွတ္သလို တခ်ိဳ႕အမႈေတြမွာ ႏွစ္(၂၀) တသက္တကြၽန္းခ်မွတ္တာကို ေလ့လာေတြ႕ရွိရပါတယ္။ တခ်ိဳ႕တရားခံေတြကိုေတာ့ ဖမ္းဆီးႏိုင္မႈမရွိဘဲ လြတ္ေျမာက္ေနဆဲျဖစ္ပါတယ္။

၂၀၁၉ေမလ ၁၆ရက္ေန႔က ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္းမွာ ဗစ္တိုးရီးယားလို႔ အမည္ေပးထားတဲ့ မူႀကိဳေက်ာင္းသူတစ္ေယာက္ အဓမၼျပဳက်င့္ခံခဲ့ရေပမယ့္ ဒီေန႔အထိ လက္သည္မေပၚေသးပါဘူး။

ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ရဲ႕ ၂၀၁၈ ေဖေဖၚဝါရီလကထုတ္ျပန္ခ်က္တခုမွာေတာ့ ၂၀၁၆ ခုႏွစ္က (၁၁၀၀)မႈ၊ ၂၀၁၇ခုႏွစ္မွာ (၁၄၀၅)မႈျဖစ္ပြားခဲ့တာေၾကာင့္ (၃၀၅)မႈ ပိုတိုးလာတယ္လို႔ ေဖာ္ျပဘူးပါတယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ သက္ငယ္မုဒိမ္းမႈနဲ႔ပတ္သက္လို႔ တရားဝင္ထုတ္ျပန္ထားတဲ့ စာရင္းေတြအရ ၂၀၁၇မွာ (၈၉၇)မႈ၊ ၂၀၁၈မွာ (၁၀၂၈)မႈ ၊၂၀၁၉ႏွစ္ဝက္မွာ (၄၁၉)မႈ ရွိခဲ့ၿပီး ရာႏူန္းအားျဖင့္ တစထက္တစ တိုးလာတာကိုေဖၚျပထားပါတယ္။

ဒီလိုအလားတူပဲ ျမန္မာနဲ႔ အိမ္နီးခ်င္း အိႏၵိယႏိုင္ငံမွာ National Crime Records Bureau ရဲ႕ မွတ္တမ္းေတြအရ ၂၀၁၈ခုႏွစ္မွာ မုဒိမ္းမႈစြပ္စြဲခ်က္ ၃၃၀၀၀ေက်ာ္ရွိၿပီး တစ္ေန႔တေန႔မွာ ကေလးငယ္ (၉၁) ေယာက္ခန႔္ မုဒိမ္းက်င့္ခံေနရတယ္လို႔ ေဖၚျပထားပါတယ္။

သက္ငယ္မုဒိမ္းမႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းေတြက ဘာကိုအေျခခံသလဲဆိုတာကို ဝါရင့္လူ႔အခြင့္အေရးလႈပ္ရွားသူ EqualityMyanmarရဲ႕ အမႈေဆာင္ဒါ႐ိုက္တာဦးေအာင္မ်ိဳးမင္းေျပာတာက “ ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး ေသေသခ်ာခ်ာသုေတသနလုပ္ထားတာမရွိဘူး၊ ဒါေပမယ့္ ကေလးေတြအေပၚ လိင္ပိုင္းဆိုင္ရာေစာ္ကားတယ္ဆိုတဲ့ အေၾကာင္းအရာေတြက ကေလးေတြက တိုင္မွာမဟုတ္ဘူး၊ ေၾကာက္တတ္တယ္။ ၿငိမ္သြားမယ္။ ျပန္မေျပာႏိုင္ဘူးအထင္နဲ႔ ေစာ္ကားတာေတြရွိတယ္။ ေနာက္တခုက ကေလးေတြမွာ အကာကြယ္မဲ့ေနတယ္ လူႀကီေတြကလည္း ဒါမ်ိဳးျဖစ္ရင္ဘယ္လိုတိုင္ရမယ္ ၊ ဘယ္လိုေနထိုင္ရမယ္ဆိုတာမ်ိဳး သင္မေပးၾကဘူး၊ လူတိုင္းကို မယုံသင့္ဘူးဆိုတဲ့ဟာမ်ိဳး ေသခ်ာသင္ေပးတဲ့အရာမရွိတာလည္းျဖစ္ႏိုင္ပါတယ္၊ ရပ္႐ြာထဲမွာလည္း အိမ္ေတြကကပ္ေနတယ္ အရင္ကတည္းက နားလည္မႈေတြနဲ႔ေနၾကတယ္၊ မိဘေတြကအလုပ္ထြက္ရင္ အိမ္နီးခ်င္းကထိန္းေပးလို႔ ထားခဲ့ၾကတယ္၊ အဲဒီမွာ ယုံၾကည္မႈကို ေစာ္ကားတာေတြရွိတဲ့ ဒီအေျခခံအေၾကာင္းအရင္းေတြေၾကာင့္ ျဖစ္တာမ်ားပါတယ္” လို႔ သူ႔ရဲ႔ေလ့လာေတြ႕ရွိခ်က္ကို ေျပာပါတယ္။

ကေလးသူငယ္မုဒိမ္းမႈေတြအမ်ားစုဟာ အိမ္နီးခ်င္းကျပဳက်င့္တာ၊ ဦးေလးက၊ ပေထြးက ၊ ဘုန္းႀကီးက စသျဖင့္ေတြ႕ရွိရသလို ေနာက္ဆုံးအေဖရင္းက ျပဳက်င့္တဲ့အမႈေတြေတာင္ ေတြ႕ရွိရပါတယ္။

ဒီလိုအမႈေတြျဖစ္ရင္ ျပန္ေျပာတတ္တဲ့ ကေလးေတြရွိသလို တခ်ိဳ႕ မုဒိမ္းျပဳက်င့္ခံရၿပီး လက္စေဖ်ာက္အသတ္ခံရတဲ့အမႈေတြလည္း ၾကားသိရပါတယ္။

ကေလးသူငယ္အခြင့္အေရးလုပ္ေဆာင္ေနသူေတြအေျပာအရ ကေလးသူငယ္ေတြအေပၚလိင္ပိုင္းဆိုင္ရာေစာ္ကားမႈေတြကို တိုက္ဖ်က္ဖို႔အတြက္ ျပင္းထန္တဲ့ ဥပေဒေရးရာ အစီအမံေတြရွိဖို႔ လိုအပ္သလို မိဘေတြကလည္း မိမိတို႔ ကေလးေတြကို ကိုယ့္ကိုယ္ကို ကာကြယ္တတ္ဖို႔ လိင္ပညာေရးလုပ္ငန္းေတြကို အသက္အ႐ြယ္အလိုက္ သင္ၾကားေပးဖို႔ လိုအပ္တယ္လို႔ ေထာက္ျပၾကပါတယ္။

#voiceofmyanmar #VOM #သက္ငယ္မုဒိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW