NLDပါတီဝင်များ ရွေးကောက်ပွဲကာလမှာ တစ်သီးပုဂ္ဂလနဲ့ အခြားပါတီရဲ့ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ပါက ပါတီဝင်အဖြစ်ကထုတ်ပယ်

NLDပါတီဝင်များ ရွေးကောက်ပွဲကာလမှာ တစ်သီးပုဂ္ဂလနဲ့ အခြားပါတီရဲ့ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ပါက ပါတီဝင်အဖြစ်ကထုတ်ပယ်

ရန်ကုန် ၊ သြဂုတ် ၂၆-၂၀၂၀
ယဉ်ပပထွန်း(VOM)

အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ပါတီမှ ပါတီဝင်တွေအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂကအနေနဲ့ဒါမှမဟုတ် အခြားပါတီဝင်ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ယှဥပြိုင်ပါက အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့နေ့လယ်ပိုင်းမှာပဲ ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အဖွဲ့ဝင်အချို့ဟာ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ်လည်းကောင်း၊ အခြားပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ဖို့ ဆောင်ရွက်ထားတာရှိတယ်လို့လည်း သိရပါသည်။

” အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်တွေဟာ ပါတီကရွေးချယ်ထားတဲ့ပုဂ္ဂိုလ်တွေက အများနဲ့ယှဉ်ပြိုင်ပြီးတော့ တစ်သီးပုဂ္ဂလိကနဲ့ဖြစ်စေ အခြားပါတီအောက်ကဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရဆိုတာ ကျွန်တော်တို့ပါတီစည်းကမ်း ချမှတ်ထားပါတယ် ။ အဲ့စည်းကမ်းကို ချိုးဖောက်တဲ့အပြင် ပါတီဝင်အဖြစ်ကနေထုတ်ပယ်မယ်ဆိုတာလဲ ကျွန်တော်တို့ကြေညာထားပါတယ် ။ အခုဟာက ဘယ်ပုဂွိုလ်ကိုကျွန်တော်တို့ပါတီဝင်အဖြစ်ကရပ်စဲတယ်ဆိုတာကို ကျွန်တော်တိုသိတဲ့အခါမှာ ထုတ်ပြန်တာပါ။ ကျွန်တော်တို့မသိတဲ့ ပုဂွိုလ်တွေလည်း အများကြီးကျန်သေးတယ်လို့သိရပါတယ်။ ဒါကြောင့်ကျွန်တော်တို့မူလစည်းကမ်းချက်နဲ့အညီ ပုဂွိုလ်များကိုကြေညာချက်ထုတ်တဲ့နေ့ကစပြီး ပါတီဝင်အဖြစ်က ရပ်စဲသွားပြီဆိုတာ ကြေညာချက်ထုတ်ပြန်တာဖြစ်ပါတယ် ” လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမူဆောင် ဒေါက်တာမျိုးညွှန့်က VOM ကိုပြောပါတယ် ။

အခုလိုကြေညာချက်ထုတ်ပြန်တာဟာ အင်မတန်မှ နောက်ကျတယ်လို့ PPP ပါတီက ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျကလည်း ဝေဖန်ပြောဆိုပါတယ်။

” အခုထုတ်ပြန်ချက်က မှတ်ချက်ပေးရရင်တော့နောက်ကျတယ်။ ရွေးကောက်ပွဲဝင်ရွေးခံတဲ့နေ့ ၇ ရက်နေ့မတိုင်ခင် ထုတ်ပြန်ရင်တော့ ပိုပြီးအဆင်ပြေကြတယ်။ အခုတော့အဆင်မပြေကြဘူး ။ ဒီမိုကရေစီအခွင့်အရေးမှာ မလုပ်ချင်ရင် ထွက်ခွင့်ရမှာပေါ့၊ အခုမှထုတ်ခွင့်ရတာ အချိန်မမှီတော့ ကိုယ်စားလောင်းနေရာ နစ်နာသွားတဲ့လူတွေရှိပါတယ်” လို့ဦးကျော်ဇေယျကပြောပါတယ်။

NLDပါတီမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တစ်သီးပုဂ္ဂလဝင်ရောက်ယှန်ပြိုင်မူ၊ အခြားပါတီတွေမှာ ဝင်ရောက်ယှဉ်တဲ့ လူဦးရေ ၄၀နီးပါးခန့်ရှိတယ်လို့လည်း ဒေါက်တာမျိုးညွန့်ကပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

NLDပါတီဝင္မ်ား ေရြးေကာက္ပြဲကာလမွာ တစ္သီးပုဂၢလနဲ႔ အျခားပါတီရဲ႔ကိုယ္စားလွယ္ေလာင္းအေနနဲ ့ဝင္ေရာက္ယွဥ္ျပိဳင္ပါက ပါတီဝင္အျဖစ္ကထုတ္ပယ္

ရန္ကုန္ ၊ ၾသဂုတ္ ၂၆-၂၀၂၀
ယဥ္ပပထြန္း(VOM)

အမိ်ဳးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္ပါတီမွ ပါတီဝင္ေတြအေနနဲ႔ လာမယ့္ ၂၀၂၀ ေရြးေကာက္ပဲြမွာ တစ္သီးပုဂၢကအေနနဲ ့ဒါမွမဟုတ္ အျခားပါတီဝင္ကိုယ္စားလွယ္ေလာင္းအေနနဲ ့ဝင္ေရာက္ယွဥျပိဳင္ပါက အဖဲြ႔ဝင္အျဖစ္ကေန ထုတ္ပယ္လိုက္တယ္လို႔ အမိ်ဳးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္က ဒီကေန႔ေန႔လယ္ပိုင္းမွာပဲ ထုတ္ျပန္ခ်က္ထုတ္ခဲ့ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖဲြ ့ခ်ဳပ္ပါတီရဲ႔ အဖဲြ ့ဝင္အခ်ိဳ႔ဟာ လာမယ့္အေထြေထြေရြးေကာက္ပဲြမွာ တစ္သီးပုဂၢလအျဖစ္လည္းေကာင္း၊ အျခားပါတီရဲ႕ ကိုယ္စားလွယ္ေလာင္းအျဖစ္လည္းေကာင္း ပါဝင္ယွဥ္ျပိဳင္ဖို႔ ေဆာင္ရြက္ထားတာ႐ွိတယ္လို႔လည္း သိရပါသည္။

” အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ဝင္ေတြဟာ ပါတီကေရြးခ်ယ္ထားတဲ့ပုဂၢိဳလ္ေတြက အမ်ားနဲ ့ယွဥ္ျပိဳင္ျပီးေတာ့ တစ္သီးပုဂၢလိကနဲ ့ျဖစ္ေစ အျခားပါတီေအာက္ကျဖစ္ေစ ဝင္ေရာက္ယွဥ္ျပိဳင္ျခင္းမျပဳရဆိုတာ ကြ်န္ေတာ္တို ့ပါတီစည္းကမ္း ခ်မွတ္ထားပါတယ္ ။ အဲ့စည္းကမ္းကုိ ခ်ိဳးေဖာက္တဲ့အျပင္ ပါတီဝင္အျဖစ္ကေနထုတ္ပယ္မယ္ဆိုတာလဲ ကြ်န္ေတာ္တို့ေၾကညာထားပါတယ္ ။ အခုဟာက ဘယ္ပုဂိြဳလ္ကိုကြ်န္ေတာ္တို ့ပါတီဝင္အျဖစ္ကရပ္စဲတယ္ဆိုတာကို ကြ်န္ေတာ္တိုသိတဲ့အခါမွာ ထုတ္ျပန္တာပါ။ ကြ်န္ေတာ္တို႔မသိတဲ့ ပုဂိြဳလ္ေတြလည္း အမ်ားၾကီးက်န္ေသးတယ္လို ့သိရပါတယ္။ ဒါေၾကာင့္ကြ်န္ေတာ္တို ့မူလစည္းကမ္းခ်က္နဲ႔အညီ ပုဂိြဳလ္မ်ားကိုေၾကညာခ်က္ထုတ္တဲ့ေန႔ကစျပီး ပါတီဝင္အျဖစ္က ရပ္စဲသြားျပီဆိုတာ ေၾကညာခ်က္ထုတ္ျပန္တာျဖစ္ပါတယ္ ” လို ့အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဗဟိုအလုပ္အမူေဆာင္ ေဒါက္တာမ်ိဳးညႊန္ ့က VOM ကိုေျပာပါတယ္ ။

အခုလိုေၾကညာခ်က္ထုတ္ျပန္တာဟာ အင္မတန္မွ ေနာက္က်တယ္လို႔ PPP ပါတီက ဒုဥကၠ႒ ဦးေက်ာ္ေဇယ်ကလည္း ေဝဖန္ေျပာဆိုပါတယ္။

” အခုထုတ္ျပန္ခ်က္က မွတ္ခ်က္ေပးရရင္ေတာ့ေနာက္က်တယ္။ ေရြးေကာက္ပဲြဝင္ေရြးခံတဲ့ေန ့ ၇ ရက္ေန႔မတိုင္ခင္ ထုတ္ျပန္ရင္ေတာ့ ပိုျပီးအဆင္ေျပၾကတယ္။ အခုေတာ့အဆင္မေျပၾကဘူး ။ ဒီမိုကေရစီအခြင့္အေရးမွာ မလုပ္ခ်င္ရင္ ထြက္ခြင့္ရမွာေပါ့၊ အခုမွထုတ္ခြင့္ရတာ အခ်ိန္မမွီေတာ့ ကိုယ္စားေလာင္းေနရာ နစ္နာသြားတဲ့လူေတြ႐ွိပါတယ္” လို ့ဦးေက်ာ္ေဇယ်ကေျပာပါတယ္။

NLDပါတီမွာ တစ္နိုင္ငံလံုးအတိုင္းအတာနဲ ့တစ္သီးပုဂၢလဝင္ေရာက္ယွန္ျပိဳင္မူ၊ အျခားပါတီေတြမွာ ဝင္ေရာက္ယွဥ္တဲ့ လူဦးေရ ၄၀နီးပါးခန္ ့႐ွိတယ္လို႔လည္း ေဒါက္တာမ်ဳိးၫြန္႔ကေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW