မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းအားလုံး မနက်ဖြန်ကစပြီး ပြန်ပိတ်မယ်

မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းအားလုံး မနက်ဖြန်ကစပြီး ပြန်ပိတ်မယ်

ရန်ကုန် ၊သြဂုတ် ၂၆-၂၀၂၀
သိင်္ဂီ (VOM)

မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းအားလုံးကို မနက်ဖြန် သြဂုတ်လ ၂၇ ရက်နေ့ကစပြီး ပြန်လည်ပိတ်သွားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုအဖြစ် ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၀၀ နီးပါး အထိရှိလာပြီး အခြား ပြည်နယ်နှင့်တိုင်းဒေသကြီးတချို့မှာလည်း ပြည်တွင်းကူးစက်မှုတွေ့ရှိလာရတဲ့အတွက် လက်ရှိဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်းပေါင်း ၆၀၀၀ ကျော်ကို မနက်ဖန်ကစပြီး ပိတ်ဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“ဖုန်းနဲ့ ညွှန်ကြားတာတော့ရပြီးပြီ။ တရားဝင်ညွှန်ကြားစာကတော့ မရသေးဘူး။ ဒါပေမယ့် ကျောင်းအားလုံးကို မနက်ဖြန်ကစပြီး အကုန်ပိတ်ပါမယ်။ ဒီနေ့ တက်နေတာကတော့တက်ပါစေတော့။ မနက်ဖြန်ကစပြီးတော့ တနိုင်ငံလုံးက ကျောင်းတွေကို အကုန်ပိတ်မှာပါ။ စာကတော့ ညနေလောက်မှထွက်ပါလိမ့်မယ်။ အားလုံးဆို အထက်တန်းပေါင်း ၆၀၀၀ ကျော်ရှိနယ်။ ဘုန်းတော်ကြီးသင်ရော၊ ကိုယ်ပိုင်ကျောင်းရော အကုန်ပိတ်ရမှာပါ။ အားလုံးကို ညွှန်ကြားထားပြီးဖြစ်တယ်”လို့ ဦးကိုလေးဝင်းကပြောပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၇၄ ယောက်အထိ ကူးစက်မှုရှိလာနေပြီး အဲ့ဒီရောဂါပိုးကူးစက်ခံထားရသူတွေထဲမှာ ရခိုင်က Grade- 11 တက်နေတဲ့ ကျောင်းသားတစ်ဦးပါဝင်နေကြောင်းနဲ့ အဲ့ဒီကျောင်းသားဟာ ကျောင်းကကူးစက်ခံရခြင်းမဟုတ်ဘဲ နေအိမ်ကတဆင့် ရောဂါကူးစက်ခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။

အထက်တန်းကျောင်းတွေကို ကိုဗစ် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်တဲ့အချိန်ရောက်မှသာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး၊ အခုအချိန်ဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတာဖြစ်တဲ့အတွက် ကိုဗစ် ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ကာ လိုက်နာဆောင်ရွက်ရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ျမန္မာတစ္ႏိုင္ငံလံုးက အထက္တန္းေက်ာင္းအားလုံး မနက္ျဖန္ကစၿပီး ျပန္ပိတ္မယ္

ရန္ကုန္ ၊ၾသဂုတ္ ၂၆-၂၀၂၀
သိဂႌ (VOM)

ျမန္မာတစ္နိုင္ငံလုံးက အထက္တန္းေက်ာင္းအားလုံးကို မနက္ျဖန္ ျသဂုတ္လ ၂၇ ရက္ေန႔ကစၿပီး ျပန္လည္ပိတ္သြားမွာျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာနက ၫႊန္ၾကားေရးမႉး ဦးကိုေလးဝင္းကေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ျပည္တြင္းကူးစက္မွုအျဖစ္ ကိုဗစ္ ၁၉ အတည္ျပဳလူနာ ၂၀၀ နီးပါး အထိ႐ွိလာၿပီး အျခား ျပည္နယ္ႏွင့္တိုင္းေဒသႀကီးတခ်ိဳ႕မွာလည္း ျပည္တြင္းကူးစက္မႈေတြ႔႐ွိလာရတဲ့အတြက္ လက္႐ွိဖြင့္လွစ္ထားတဲ့ အထက္တန္းေက်ာင္းေပါင္း ၆၀၀၀ ေက်ာ္ကို မနက္ဖန္ကစၿပီး ပိတ္ဖို႔ စီစဥ္လိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

“ဖုန္းနဲ႔ ၫႊန္ၾကားတာေတာ့ရၿပီးၿပီ။ တရားဝင္ၫႊန္ၾကားစာကေတာ့ မရေသးဘူး။ ဒါေပမယ့္ ေက်ာင္းအားလုံးကို မနက္ျဖန္ကစၿပီး အကုန္ပိတ္ပါမယ္။ ဒီေန႔ တက္ေနတာကေတာ့တက္ပါေစေတာ့။ မနက္ျဖန္ကစၿပီးေတာ့ တႏိုင္ငံလုံးက ​ေက်ာင္းေတြကို အကုန္ပိတ္မွာပါ။ စာကေတာ့ ညေနေလာက္မွထြက္ပါလိမ့္မယ္။ အားလုံးဆို အထက္တန္းေပါင္း ၆၀၀၀ ေက်ာ္႐ွိနယ္။ ဘုန္းေတာ္ႀကီးသင္ေရာ၊ ကိုယ္ပိုင္​ေက်ာင္းေရာ အကုန္ပိတ္ရမွာပါ။ အားလုံးကို ၫႊန္ၾကားထားၿပီးျဖစ္တယ္”လို႔ ဦးကိုေလးဝင္းကေျပာပါတယ္။

အခုလက္႐ွိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၅၇၄ ေယာက္အထိ ကူးစက္မႈ႐ွိလာေနၿပီး အဲ့ဒီေရာဂါပိုးကူးစက္ခံထားရသူေတြထဲမွာ ရခိုင္က Grade- 11 တက္ေနတဲ့ ေက်ာင္းသားတစ္ဦးပါဝင္ေနေၾကာင္းနဲ႔ အဲ့ဒီေက်ာင္းသားဟာ ေက်ာင္းကကူးစက္ခံရျခင္းမဟုတ္ဘဲ ေနအိမ္ကတဆင့္ ေရာဂါကူးစက္ခံရတာျဖစ္တယ္လို႔လည္း သိရပါတယ္။

အထက္တန္းေက်ာင္းေတြကို ကိုဗစ္ ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္တဲ့အခ်ိန္ေရာက္မွသာ ျပန္လည္ဖြင့္လွစ္သြားမွာျဖစ္ၿပီး၊ အခုအခ်ိန္ဟာ ကိုဗစ္ကပ္ေရာဂါျဖစ္ပြားေနတာျဖစ္တဲ႔အတြက္ ကိုဗစ္ ဗဟိုေကာ္မတီရဲ့ ၫႊန္ၾကားခ်က္အတိုင္းလုပ္ေဆာင္ကာ လိုက္နာ​ေဆာင္ရြက္ရတာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW