တရုတ်စစ်ဘက် စစ်ရေးလေ့ကျင့်ရာဒေသမှာ အမေရိကန်ကင်းထောက်လေယာဉ် ဝင်ရောက်ပျံသန်း

တရုတ်စစ်ဘက် စစ်ရေးလေ့ကျင့်ရာဒေသမှာ အမေရိကန်ကင်းထောက်လေယာဉ် ဝင်ရောက်ပျံသန်း

ပေကျင်း၊ သြဂုတ်-၂၆-၂၀၂၀
မျိုးဆက် (VOM)

တရုတ်စစ်ဘက် စစ်ရေးလေ့ကျင့်နေတဲ့ မပျံသန်းရတဲ့ ဇုန်အတွင်းကို အမေရိကန်ကင်းထောက်လေယာဉ်တစ်စင်း ဝင်ရောက်ပျံသန်းမှုအတွက် အမေရိကန်ကို တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အမေရိကန်ရဲ့ ယူ-၂ ကင်းထောက်လေယာဉ်ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မြောက်ပိုင်းစစ်ဌာနချုပ်က သတ်မှတ်ထားတဲ့ မပျံသန်းရဇုန်အတွင်းကို သြဂုတ် ၂၅ ရက်မှာ ဝင်ရောက်ပျံသန်းခဲ့ပြီး တရုတ်စစ်ဘက်ရဲ့ပုံမှန်စစ်ရေးလေ့ကျင့်ခန်းတွေ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်ကပြောပါတယ်။

အမေရိကန်ရဲ့လုပ်ရပ်ဟာ မတော်တဆမှုနဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို အလွယ်တကူချမှတ်လိုက်နိုင်တဲ့ အခြေအနေဖြစ်ပြီး ဒါဟာ သိသာထင်ရှားတဲ့ ကျူးကျော်ရန်စမှုတစ်ရပ်ဖြစ်တယ်လို့ ဝူချန်ကပြောပါတယ်။

တရုတ်စစ်ဘက်ဟာ ဘိုဟိုင်ပင်လယ်၊ ပင်လယ်ဝါနဲ့ တောင်တရုတ်ပင်လယ်ပြင်တို့မှာ သြဂုတ်နှောင်းပိုင်းကစပြီး စစ်ရေးလေ့ကျင့်မယ်လို့ အာဏာပိုင်တွေက ကြေညာထားပြီး အဲဒီဒေသတွေကို ဝင်ရောက်ခြင်းမပြုဖို့ သတိပေးထားပါတယ်။

တရုတ်စစ်ဘက်ဟာ စစ်ရေးလေ့ကျင့်ခန်းတွေကို ကြိမ်ဖန်များစွာပြုလုပ်နေပြီး ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ဝန်းကျင်မှာ အမေရိကန်ရဲ့ စစ်ရေးအင်အားချထားမှုကို အကဲခတ်နေဖွယ်ရှိပါတယ်။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ပေကျင်း

Zawgyi

တရုတ္စစ္ဘက္ စစ္ေရးေလ႔က်င္႔ရာေဒသမွာ အေမရိကန္ကင္းေထာက္ေလယာဥ္ ၀င္ေရာက္ပ်ံသန္း

ေပက်င္း၊ ၾသဂုတ္-၂၆-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္စစ္ဘက္ စစ္ေရးေလ႔က်င္႔ေနတဲ႔ မပ်ံသန္းရတဲ့ ဇုန္အတြင္းကို အေမရိကန္ကင္းေထာက္ေလယာဥ္တစ္စင္း ၀င္ေရာက္ပ်ံသန္းမႈအတြက္ အေမရိကန္ကို တရုတ္နိုင္ငံက ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

အေမရိကန္ရဲ႕ ယူ-၂ ကင္းေထာက္ေလယာဥ္ဟာ တရုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ ေျမာက္ပိုင္းစစ္ဌာနခ်ဳပ္က သတ္မွတ္ထားတဲ႔ မပ်ံသန္းရဇုန္အတြင္းကို ၾသဂုတ္ ၂၅ ရက္မွာ ၀င္ေရာက္ပ်ံသန္းခဲ႔ျပီး တရုတ္စစ္ဘက္ရဲ႕ပံုမွန္စစ္ေရးေလ႔က်င္႔ခန္းေတြ ဆိုးဆိုးရြားရြား ထိခိုက္ခဲ႔ရတယ္လို႔ တရုတ္ကာကြယ္ေရး၀န္ၾကီးဌာန ေျပာေရးဆိုခြင္႔ရိွသူ ၀ူခ်န္ကေျပာပါတယ္။

အေမရိကန္ရဲ႕လုပ္ရပ္ဟာ မေတာ္တဆမႈနဲ႔ မွားယြင္းတဲ႔ဆံုးျဖတ္ခ်က္ကို အလြယ္တကူခ်မွတ္လိုက္နိုင္တဲ႔ အေျခအေနျဖစ္ျပီး ဒါဟာ သိသာထင္ရွားတဲ႔ က်ဴးေက်ာ္ရန္စမႈတစ္ရပ္ျဖစ္တယ္လို႔ ၀ူခ်န္ကေျပာပါတယ္။

တရုတ္စစ္ဘက္ဟာ ဘိုဟိုင္ပင္လယ္၊ ပင္လယ္၀ါနဲ႔ ေတာင္တရုတ္ပင္လယ္ျပင္တို႔မွာ ၾသဂုတ္ေနွာင္းပိုင္းကစျပီး စစ္ေရးေလ႔က်င္႔မယ္လို႔ အာဏာပိုင္ေတြက ေၾကညာထားျပီး အဲဒီေဒသေတြကို ၀င္ေရာက္ျခင္းမျပဳဖို႔ သတိေပးထားပါတယ္။

တရုတ္စစ္ဘက္ဟာ စစ္ေရးေလ႔က်င္႔ခန္းေတြကို ၾကိမ္ဖန္မ်ားစြာျပဳလုပ္ေနျပီး ထိုင္၀မ္နဲ႔ ေတာင္တရုတ္ပင္လယ္၀န္းက်င္မွာ အေမရိကန္ရဲ႕ စစ္ေရးအင္အားခ်ထားမႈကို အကဲခတ္ေနဖြယ္ရွိပါတယ္။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW