ရန်ကုန်မြို့က လူနာအမှတ်- ၅၀၆ဟာ သင်္ဘောပြန်တက်ဖို့ ပြင်ပဆေးခန်းမှာ ဆေးစစ်ရာကနေ ကိုဗစ်ရောဂါပိုးတွေ့ခဲ့

ရန်ကုန်မြို့က လူနာအမှတ်- ၅၀၆ဟာ သင်္ဘောပြန်တက်ဖို့ ပြင်ပဆေးခန်းမှာ ဆေးစစ်ရာကနေ ကိုဗစ်ရောဂါပိုးတွေ့ခဲ့

ရန်ကုန် ၊သြဂုတ် ၂၆-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်မြို့မှာတွေ့ရှိတဲ့ ကိုဗစ် အတည်ပြုလူနာအမှတ်- ၅၀၆ဟာ သင်္ဘောပြန်တက်ဖို့ ပြင်ပဆေးခန်းတစ်ခုမှာ ဆေးစစ်ရာကနေ ကိုဗစ်၁၉ရောဂါပိုးရှိကြောင်း တွေရှိခဲ့ရတာဖြစ်တဲ့အတွက် ဘယ်သူတွေဆီကနေ ကူးစက်ခံရသလဲဆိုတာ မသိရသေးဘူးလို့ သိရပါတယ်။

လူနာအမှတ်- ၅၀၆ နဲ့ ဆက်စပ်ခဲ့သူတွေထဲမှာ ကျောင်းသားတစ်ဦးလည်း ပါဝင်နေကြောင်း၊ မိသားစုကိုတော့ လောလောဆယ်မှာ home Quarantine ထားရှိထားပြီး ဆေးစစ်ခဲ့တဲ့ ဆေးခန်းနဲ့ တခြား ဆက်စပ်ခဲ့သူတွေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

” သူက သင်္ဘောသား ပြန်ရောက်တာ ၂ နှစ်လောက်ရှိပြီ၊ ခုမှ သင်္ဘောပြန်တက်ဖို့ ဆေးစစ်တော့ positive တွေ့တယ်ဆိုပြီး သိရတော့ ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပြီး သွားခေါ်တယ်။ ခုဝေဘာဂီဆေးရုံကိုပို့ထားတယ်။ ကွန်တက် ဘယ်လောက်ရှိမလဲဆိုတာတော့ မပြောနိုင်သေးဘူး၊ ခုတော့အုပ်ချုပ်ရေးပိုင်းရော စုံစမ်းစစ်ဆေးနေပြီ၊ မေးမြန်းနေပြီ။ ပိုးရှိကြောင်းကိုလည်း ဆေးခန်းကနေ တိုင်းကျန်းမာကို တိုက်ရိုက်ဆက်တာဖြစ်တယ်”လို့ တောင်ဥက္ကလာပမြို့နယ် ၊ ကိုဗစ် ၁၉ အရေးပေါ် ကာကွယ်ထိန်းချုပ်ရေးနဲ့ကုသရေးကော်မတီမှ နာယကဖြစ်သူ ဦးမိုးမြင့်ကပြောပါတယ်။

လူနာအမှတ်- ၅၀၆ဟာ တောင်ဥက္ကလာမြို့နယ်၊ (၁၂)ရပ်ကွက်၊ မာဃ- ၆လမ်းမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ရောဂါပိုးရှိကြောင်း သိရှိပြီးတဲ့နောက် ဒီကနေ့မနက်မှာပဲ ကျန်းမာရေးဌာနကနေ လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လူနာအမှတ်- ၅၀၆ နေထိုင်ရာ ရပ်ကွက် နဲ့ လမ်းတွေကိုတော့ မနက်ကထဲက lock down ပြုလုပ်ပြီး အသွားအလာကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။

Photo- Shwe Hmone
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္ၿမိဳ႔က လူနာအမွတ္- ၅၀၆ဟာ သေဘၤာျပန္တက္ဖို႔ ျပင္ပေဆးခန္းမွာ ေဆးစစ္ရာကေန ကိုဗစ္ေရာဂါပိုးေတြ႕ခဲ့

ရန္ကုန္ ၊ျသဂုတ္ ၂၆-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္ၿမိဳ႔မွာေတြ႔႐ွိတဲ့ ကိုဗစ္ အတည္ျပဳလူနာအမွတ္- ၅၀၆ဟာ သေဘၤာျပန္တက္ဖို႔ ျပင္ပေဆးခန္းတစ္ခုမွာ ေဆးစစ္ရာကေန ကိုဗစ္၁၉ေရာဂါပိုး႐ွိေၾကာင္း ေတြ႐ွိခဲ့ရတာျဖစ္တဲ့အတြက္ ဘယ္သူေတြဆီကေန ကူးစက္ခံရသလဲဆိုတာ မသိရေသးဘူးလို႔ သိရပါတယ္။

လူနာအမွတ္- ၅၀၆ နဲ႔ ဆက္စပ္ခဲ့သူေတြထဲမွာ ေက်ာင္းသားတစ္ဦးလည္း ပါဝင္ေနေၾကာင္း၊ မိသားစုကိုေတာ့ ေလာေလာဆယ္မွာ home Quarantine ထားရွိထားၿပီး ေဆးစစ္ခဲ့တဲ့ ေဆးခန္းနဲ႔ တျခား ဆက္စပ္ခဲ့သူေတြကို စုံစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

” သူက သေဘၤာသား ျပန္ေရာက္တာ ၂ ႏွစ္ေလာက္႐ွိၿပီ၊ ခုမွ သေဘၤာျပန္တက္ဖို႔ ေဆးစစ္ေတာ့ positive ေတြ႔တယ္ဆိုၿပီး သိရေတာ့ က်န္းမာေရးဌာနနဲ႔ ခ်ိတ္ဆက္ၿပီး သြားေခၚတယ္။ ခုေဝဘာဂီေဆး႐ုံကိုပို႔ထားတယ္။ ကြန္တက္ ဘယ္ေလာက္႐ွိမလဲဆိုတာေတာ့ မေျပာႏိုင္ေသးဘူး၊ ခုေတာ့အုပ္ခ်ဳပ္ေရးပိုင္းေရာ စုံစမ္းစစ္ေဆးေနၿပီ၊ ေမးျမန္းေနၿပီ။ ပိုး႐ွိေၾကာင္းကိုလည္း ေဆးခန္းကေန တိုင္းက်န္းမာကို တိုက္႐ိုက္ဆက္တာျဖစ္တယ္”လို႔ ေတာင္ဥကၠလာပၿမိဳ႕နယ္ ၊ ကိုဗစ္ ၁၉ အေရးေပၚ ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ကုသေရးေကာ္မတီမွ နာယကျဖစ္သူ ဦးမိုးျမင့္ကေျပာပါတယ္။

လူနာအမွတ္- ၅၀၆ဟာ ေတာင္ဥကၠလာၿမိဳ႕နယ္၊ (၁၂)ရပ္ကြက္၊ မာဃ- ၆လမ္းမွာ ေနထိုင္သူတစ္ဦးျဖစ္ၿပီး ေရာဂါပိုး႐ွိေၾကာင္း သိ႐ွိၿပီးတဲ့ေနာက္ ဒီကေန႔မနက္မွာပဲ က်န္းမာေရးဌာနကေန လာေရာက္ေခၚေဆာင္သြားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ လူနာအမွတ္- ၅၀၆ ေနထိုင္ရာ ရပ္ကြက္ နဲ႔ လမ္းေတြကိုေတာ့ မနက္ကထဲက lock down ျပဳလုပ္ၿပီး အသြားအလာကန္႔သတ္လိုက္ၿပီ ျဖစ္ပါတယ္။

Photo- Shwe Hmone
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW