အီရန်ရဲ့ သံသယဖြစ်ဖွယ် နျူကလီးယားစက်ရုံတွေကို အိုင်အေအီးအေက စစ်ဆေးတော့မယ်

အီရန်ရဲ့ သံသယဖြစ်ဖွယ် နျူကလီးယားစက်ရုံတွေကို အိုင်အေအီးအေက စစ်ဆေးတော့မယ်

တီဟီရန်၊ သြဂုတ်-၂၇-၂၀၂၀
မျိုးဆက် (VOM)

အီရန်နိုင်ငံဟာ နိုင်ငံအတွင်းက သံသယဖြစ်ဖွယ် ယခင်နျူကလီးယားစမ်းသပ်ရာနေရာနှစ်ခုကို နိုင်ငံတကာ အနုမြူအေဂျင်စီ(အိုင်အေအီးအေ)ရဲ့ စုံစမ်းစစ်ဆေးသူတွေကို ဝင်ခွင့်စစ်ဆေးခွင့်ပြုဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။

အိုင်အေအီးအေရဲ့ ညွှန်ကြားရေးမှူးချုပ် တီဟီရန်ကို သွားရောက်စဉ်အတွင်း ဒီလိုသဘောတူညီချက် ရရှိခဲ့တာဖြစ်ပါတယ်။

အီရန်ဟာ နျူကလီးယားကင်းစင်ရေးနဲ့ ဆက်နွယ်နေတဲ့ ပြသနာတွေကိုဖြေရှင်းဖို့အတွက် ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ဒီလိုခွင့်ပြုလိုက်တာလို့ ပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။

အီရန်ဟာ နိုင်ငံအတွင်းက တည်နေရာနှစ်ခုမှာ နျူကလီးယားလက်နက်တွေနဲ့ နျူကလီးယားနဲ့ ဆက်နွယ်တဲ့လှုပ်ရှားမှုတွေကို တိတ်တဆိတ်ပြုနိုင်ဖွယ်ရှိတယ်ဆိုတဲ့ မေးခွန်းတွေကို မဖြေရှင်းတဲ့အပြင် အဲဒီနေရာတွေကို လာရောက်စစ်ဆေးဖို့ကိုလည်း ခွင့်မပြုတာကြောင့် အိုင်အေအီးအေက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေကို ကန့်သတ်ဖို့အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ သဘောတူညီမှုစာချုပ်တစ်ရပ်ချုပ်ဆိုလိုက်တဲ့ ၂၀၁၅ခုနှစ်မတိုင်မီ ကာလများစွာကတည်းက အဲဒီနေရာတွေမှာ နျူကလီးယားဆိုင်ရာ လှုပ်ရှားမှုပြုနေခဲ့တာဖြစ်ပါတယ်။

နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးလို့ အီရန်ဘက်က အခိုင်အမာပြောဆိုထားပေမယ့် အိုင်အေအီးအေက စုဆောင်းထားတဲ့ယခင်အချက်အလက်တွေအရ အီရန်ဟာ နျူကလီးယားလက်နက်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ၂၀၀၃ ခုနှစ်အထိ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Ref : BBC
Photo: AP
#voiceofmyanmar #VOM #တီဟီရန်

Zawgyi

အီရန္ရဲ႕ သံသယျဖစ္ဖြယ္ န်ဴကလီးယားစက္ရံုေတြကို အိုင္ေအအီးေအက စစ္ေဆးေတာ႔မယ္

တီဟီရန္၊ ၾသဂုတ္-၂၇-၂၀၂၀
မ်ိဳးဆက္ (VOM)

အီရန္ႏုိင္ငံဟာ နိုင္ငံအတြင္းက သံသယျဖစ္ဖြယ္ ယခင္ႏ်ဴကလီးယားစမ္းသပ္ရာေနရာႏွစ္ခုကို ႏုိင္ငံတကာ အနုျမဴေအဂ်င္စီ(အိုင္ေအအီးေအ)ရဲ႕ စံုစမ္းစစ္ေဆးသူေတြကို ဝင္ခြင့္စစ္ေဆးခြင္႔ျပဳဖို႔ သေဘာတူလိုက္ျပီျဖစ္ပါတယ္။

အုိင္ေအအီးေအရဲ႕ ညႊန္ၾကားေရးမွူးခ်ဳပ္ တီဟီရန္ကို သြားေရာက္စဥ္အတြင္း ဒီလိုသေဘာတူညီခ်က္ ရရိွခဲ႔တာျဖစ္ပါတယ္။

အီရန္ဟာ ႏ်ဴကလီးယားကင္းစင္ေရးနဲ႔ ဆက္ႏြယ္ေနတဲ႔ ျပသနာေတြကိုေျဖရွင္းဖို႔အတြက္ ေကာင္းမြန္တဲ႔ရည္ရြယ္ခ်က္နဲ႔ ဒီလိုခြင္႔ျပဳလိုက္တာလို႔ ပူးတဲြေၾကညာခ်က္မွာ ထုတ္ျပန္ထားပါတယ္။

အီရန္ဟာ နိုင္ငံအတြင္းက တည္ေနရာႏွစ္ခုမွာ ႏ်ဴကလီးယားလက္နက္ေတြနဲ႔ ႏ်ဴကလီးယားန႔ဲ ဆက္ႏြယ္တဲ႔လႈပ္ရွားမႈေတြကုိ တိတ္တဆိတ္ျပဳႏုိင္ဖြယ္ရွိတယ္ဆိုတဲ႔ ေမးခြန္းေတြကုိ မေျဖရွင္းတဲ႔အျပင္ အဲဒီေနရာေတြကို လာေရာက္စစ္ေဆးဖို႔ကိုလည္း ခြင္႔မျပဳတာေၾကာင္႔ အိုင္ေအအီးေအက ျပစ္တင္ေ၀ဖန္ခဲ႔ပါတယ္။

အီရန္ရဲ႕ ႏ်ဴကလီးယားအစီအစဥ္ေတြကို ကန္႔သတ္ဖို႔အတြက္ ကမၻာ့အင္အားၾကီးႏုိင္ငံေတြနဲ႔ သေဘာတူညီမႈစာခ်ဳပ္တစ္ရပ္ခ်ဳပ္ဆိုလိုက္တဲ႔ ၂၀၁၅ခုႏွစ္မတုိင္မီ ကာလမ်ားစြာကတည္းက အဲဒီေနရာေတြမွာ န်ဴကလီးယားဆိုင္ရာ လႈပ္ရွားမႈျပဳေနခဲ႔တာျဖစ္ပါတယ္။

န်ဴကလီးယားလက္နက္ထုတ္လုပ္ဖို႔ ဘယ္တုန္းကမွ မလုပ္ခဲ႔ဖူးလို႔ အီရန္ဘက္က အခိုင္အမာေျပာဆိုထားေပမယ္႔ အိုင္ေအအီးေအက စုေဆာင္းထားတဲ႔ယခင္အခ်က္အလက္ေတြအရ အီရန္ဟာ န်ဴကလီးယားလက္နက္ထုတ္လုပ္ေရးနဲ႔ပတ္သက္ျပီး ၂၀၀၃ ခုနွစ္အထိ လုပ္ေဆာင္ခဲ႔တယ္လို႔ ေဖာ္ျပထားပါတယ္။

Ref : BBC
Photo: AP
#voiceofmyanmar #VOM #တီဟီရန္

Related posts

Leave a Comment

VOM News

FREE
VIEW