ကူးစက်မြန်သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး အင်ဒိုနီရှားမှာတွေ့

ကူးစက်မြန်သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး အင်ဒိုနီရှားမှာတွေ့

ဂျကာတာ၊ သြဂုတ်-၃၁-၂၀၂၀
မျိုးဆက် (VOM)

အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေချိန် လက်ရှိအခြေအနေထက် ကူးစက်မြန်တဲ့ ဗိုင်းရပ်စ်သစ်တစ်မျိုးကို တွေ့ရှိထားတယ်လို့ ဂျကာတာအခြေစိုက် Eijkman Institute for Molecular Biology က သြဂုတ် ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံအတွင်းမှာ သြဂုတ် ၃၀ ရက်နေ့တစ်နေ့တည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၈၅၈ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်ဟာ ယမန်နေ့က စံချိန်တင်ကူးစက်ခံရတဲ့ ၃၃၀၈ ဦးထက်နည်းပါးပေမယ့်လည်း လွန်ခဲ့တဲ့လက နေ့စဉ်ပျမ်းမျှကူးစက်မှုထက် မြင့်မားနေဆဲဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၂၀၅၃ ဦးရှိပြီး သေဆုံးသူမှာ ၇၃၄၃ ဦးထိရှိနေပါတယ်။ Eijkman Institute for Molecular Biology ကနေ စုဆောင်းထားတဲ့ ဗိုင်းရပ်စ်နမူနာတွေမှာ ကူးစက်မှုမြန်ဆန်ပြီး ပိုမိုအားနည်းတဲ့ D614G လို့အမည်ရတဲ့ သန္ဓေပြောင်းဗိုင်းရပ်စ်တစ်မျိုးကို တွေ့ရှိခဲ့တယ်လို့ အင်စတီကျုရဲ့ လက်ထောက်ညွှန်ကြားရေးမှူး Herawati Sudoyo က ရိုက်တာသတင်းဌာနကိုပြောပါတယ်။

ဒါပေမယ့် မကြာသေးမီအချိန်အတွင်း ကူးစက်မှုမြင့်မားလာတာဟာ အဲဒီသန္ဓေပြောင်း ဗိုင်းရပ်စ်ကြောင့် ဟုတ်မဟုတ်ဆိုတာကိုတော့ လေ့လာမှုတွေ ပိုမိုပြုလုပ်ရမယ်လို့ သူကဆိုပါတယ်။

ဥရောပနဲ့ အမေရိကန်ကားတို့မှာ ပျံ့နှံ့လျှက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီလအတွင်းက ဖော်ထုတ်နိုင်ခဲ့တဲ့ သန္ဓေပြောင်းဗိုင်းရပ်စ်ဟာ အင်ဒိုနီးရှားနိုင်ငံအပြင် အိမ်နီးချင်း စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့မှာလည်း တွေ့ရှိနေရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အခုနှစ်မကုန်မီ ဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးသိန်းအထိမြင့်တက်လာနိုင်တာကြောင့် နိုးနိုးကြားကြားရှိကြဖို့ အင်ဒိုနီးရှားတက္ကသိုလ်မှ ကူးစက်ရောဂါပညာရှင် Syahrizal Syarif က သတိပေးပြောဆိုထားပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဂျကာတာ

Zawgyi

ကူးစက္ျမန္သေႏၶေျပာင္း ကိုရိုနာဗိုင္းရပ္စ္အသစ္တစ္မ်ိဳး အင္ဒိုနီရွားမွာေတြ႕

ဂ်ကာတာ၊ ၾသဂုတ္-၃၁-၂၀၂၀
မ်ိဳးဆက္ (VOM)

အင္ဒိုနီးရွားနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ ျမင္႔တက္ေနခ်ိန္ လက္ရိွအေျခအေနထက္ ကူးစက္ျမန္တဲ႔ ဗိုင္းရပ္စ္သစ္တစ္မ်ိဳးကို ေတြ႔ရိွထားတယ္လို႔ ဂ်ကာတာအေျခစိုက္ Eijkman Institute for Molecular Biology က ၾသဂုတ္ ၃၀ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

နိုင္ငံအတြင္းမွာ ၾသဂုတ္ ၃၀ ရက္ေန႔တစ္ေန႔တည္း ဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၈၅၈ ဦးရိွတယ္လို႔ က်န္းမာေရး၀န္ၾကီးဌာနက ထုတ္ျပန္ထားပါတယ္။ ဒီအေရအတြက္ဟာ ယမန္ေန႔က စံခ်ိန္တင္ကူးစက္ခံရတဲ႔ ၃၃၀၈ ဦးထက္နည္းပါးေပမယ္႔လည္း လြန္ခဲ႔တဲ႔လက ေန႔စဥ္ပ်မ္းမွ်ကူးစက္မႈထက္ ျမင္႔မားေနဆဲျဖစ္ပါတယ္။

လက္ရိွအခ်ိန္ထိ ဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၇၂၀၅၃ ဦးရိွျပီး ေသဆံုးသူမွာ ၇၃၄၃ ဦးထိရိွေနပါတယ္။ Eijkman Institute for Molecular Biology ကေန စုေဆာင္းထားတဲ႔ ဗိုင္းရပ္စ္နမူနာေတြမွာ ကူးစက္မႈျမန္ဆန္ျပီး ပိုမိုအားနည္းတဲ႔ D614G လို႔အမည္ရတဲ႔ သေႏၶေျပာင္းဗိုင္းရပ္စ္တစ္မ်ိဳးကို ေတြ႔ရိွခဲ႔တယ္လို႔ အင္စတီက်ဳရဲ႕ လက္ေထာက္ညႊန္ၾကားေရးမွဴး Herawati Sudoyo က ရိုက္တာသတင္းဌာနကိုေျပာပါတယ္။

ဒါေပမယ္႔ မၾကာေသးမီအခ်ိန္အတြင္း ကူးစက္မႈျမင္႔မားလာတာဟာ အဲဒီသေႏၶေျပာင္း ဗိုင္းရပ္စ္ေၾကာင္႔ ဟုတ္မဟုတ္ဆိုတာကိုေတာ႔ ေလ႔လာမႈေတြ ပိုမိုျပဳလုပ္ရမယ္လို႔ သူကဆိုပါတယ္။

ဥေရာပနဲ႔ အေမရိကန္ကားတို႔မွာ ပ်ံ႕နွံ႕လွ်က္ရိွျပီး ကမၻာ႔က်န္းမာေရးအဖြဲ႔က ေဖေဖာ္၀ါရီလအတြင္းက ေဖာ္ထုတ္နုိင္ခဲ႔တဲ႔ သေႏၶေျပာင္းဗိုင္းရပ္စ္ဟာ အင္ဒိုနီးရွားနုိင္ငံအျပင္ အိမ္နီးခ်င္း စင္ကာပူနဲ႔ မေလးရွားနိုင္ငံတို႔မွာလည္း ေတြ႔ရိွေနရပါတယ္။

အင္ဒိုနီးရွားနုိင္ငံမွာ အခုနွစ္မကုန္မီ ဗိုင္းရပ္စ္ကူးစက္ခံရသူ ငါးသိန္းအထိျမင္႔တက္လာနုိင္တာေၾကာင္႔ နိုးနိုးၾကားၾကားရိွၾကဖို႔ အင္ဒိုနီးရွားတကၠသိုလ္မွ ကူးစက္ေရာဂါပညာရွင္ Syahrizal Syarif က သတိေပးေျပာဆိုထားပါတယ္။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဂ်ကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW