နေပြည်တော်ကို ရခိုင်ပြည်နယ်နဲ့ ပြည်ပကလာသူတွေ မဖြစ်မနေ Quarantine ဝင်ရမယ်

နေပြည်တော်ကို ရခိုင်ပြည်နယ်နဲ့ ပြည်ပကလာသူတွေ မဖြစ်မနေ Quarantine ဝင်ရမယ်

နေပြည်တော်၊ စက်တင်ဘာ ၁-၂၀၂၀
ကိုလတ် (VOM)

နေပြည်တော်ကို ရခိုင်ပြည်နယ်နဲ့ ပြည်ပက ပြန်လာသူတွေဆိုရင် မဖြစ်မနေ Quarantine ဝင်ရမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

“သတ်မှတ်ထားတာကတော့ ကျန်းမာရေးဝန်ကြီးဌာနက Home Stay သတ်မှတ်ထားတဲ့ မြို့နယ်တွေကလာရင် Quarantine ဝင်ရမှာဖြစ်ပါတယ်။ အခု ရခိုင်ပြည်နယ် တစ်ခုလုံးကို Stay Home သတ်မှတ်ထားတော့ ရခိုင်ပြည်နယ်ကလာရင် Quarantine ဝင်ရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ရန်ကုန်တို့ မန္တလေးတို့က Stay Homeထဲ မပါသေးပါဘူး၊ ပြည်ပက ပြန်လာရင်လည်း နေပြည်တော်မှာ Quarantine ဝင်ရမှာ ဖြစ်ပါတယ်”လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။

နေပြည်တော်လာမယ့်သူတွေဟာ ကျန်းမာရေးထောက်ခံစာ မလိုအပ်ပေမယ့် အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခရီးသွားလာခွင့်အမိန့်MOကို ပြသဖို့ နဲ့ ဝန်ကြီးဌာနတွေရဲ့ ချိန်ဆက်ဆောင်ရွက်တဲ့ နိုင်ငံခြားသား၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းတွေအနေနဲ့ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့၊ ဝန်ကြီးဌာနရဲ့ ခေါ်စာ ပြသဖို့လိုအပ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းတွေနဲ့ ပြည်သူတွေအနေနဲ့ကတော့ မိမိတို့နေထိုင်တဲ့ ရပ်ကွက်က အမှန်တကယ် နေထိုင်ကြောင်းထောက်ခံစာကို ပြသဖို့နဲ့ နိုင်ငံခြားသားတွေ ဖြစ်ပါက Passport ၊ Visa ပူးတွဲပြသဖို့ လိုအပ်မှာဖြစ်ပါတယ်။

နေပြည်တော်ကို လာမယ့်သူတွေအနေနဲ့ လိုအပ်မှုတွေကို အသေးစိတ် သိရှိလိုရင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန EOC ဖုန်း (၀၆၇ – ၅၅၀၂၉၄) ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ေနျပည္ေတာ္ကို ရခိုင္ျပည္နယ္နဲ႔ ျပည္ပကလာသူေတြ မျဖစ္မေန Quarantine ဝင္ရမယ္

ေနျပည္ေတာ္၊ စက္တင္ဘာ ၁-၂၀၂၀
ကိုလတ္ (VOM)

ေနျပည္ေတာ္ကို ရခိုင္ျပည္နယ္နဲ႔ ျပည္ပက ျပန္လာသူေတြဆိုရင္ မျဖစ္မေန Quarantine ဝင္ရမယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနကေန သိရပါတယ္။

“သတ္မွတ္ထားတာကေတာ့ က်န္းမာေရးဝန္ႀကီးဌာနက Home Stay သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြကလာရင္ Quarantine ၀င္ရမွာျဖစ္ပါတယ္။ အခု ရခိုင္ျပည္နယ္ တစ္ခုလုံးကို Stay Home သတ္မွတ္ထားေတာ့ ရခိုင္ျပည္နယ္ကလာရင္ Quarantine ဝင္ရမွာ ျဖစ္ပါတယ္။ အခုေလာေလာဆယ္ေတာ့ ရန္ကုန္တို႔ မႏၲေလးတို႔က Stay Homeထဲ မပါေသးပါဘူး၊ ျပည္ပက ျပန္လာရင္လည္း ေနျပည္ေတာ္မွာ Quarantine ဝင္ရမွာ ျဖစ္ပါတယ္”လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ျမတ္ဝဏၰစိုးက ေျပာသည္။

ေနျပည္ေတာ္လာမယ့္သူေတြဟာ က်န္းမာေရးေထာက္ခံစာ မလိုအပ္ေပမယ့္ အစိုးရဝန္ထမ္းျဖစ္ပါက သက္ဆိုင္ရာဝန္ႀကီးဌာနရဲ႕ ခရီးသြားလာခြင့္အမိန႔္MOကို ျပသဖို႔ နဲ႔ ဝန္ႀကီးဌာနေတြရဲ႕ ခ်ိန္ဆက္ေဆာင္႐ြက္တဲ့ ႏိုင္ငံျခားသား၊ လူပုဂၢိဳလ္မ်ား၊ အဖြဲ႕အစည္းေတြအေနနဲ႔ သက္ဆိုင္ရာ ျပည္ေထာင္စုအစိုးရအဖြဲ႕၊ ဝန္ႀကီးဌာနရဲ႔ ေခၚစာ ျပသဖို႔လိုအပ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ပုဂၢလိက ကုမၸဏီဝန္ထမ္းေတြနဲ႔ ျပည္သူေတြအေနနဲ႔ကေတာ့ မိမိတို႔ေနထိုင္တဲ့ ရပ္ကြက္က အမွန္တကယ္ ေနထိုင္ေၾကာင္းေထာက္ခံစာကို ျပသဖို႔နဲ႔ ႏိုင္ငံျခားသားေတြ ျဖစ္ပါက Passport ၊ Visa ပူးတြဲျပသဖို႔ လိုအပ္မွာျဖစ္ပါတယ္။

ေနျပည္ေတာ္ကို လာမယ့္သူေတြအေနနဲ႔ လိုအပ္မႈေတြကို အေသးစိတ္ သိရွိလိုရင္ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန EOC ဖုန္း (၀၆၇ – ၅၅၀၂၉၄) ကို ဆက္သြယ္ေမးျမန္းႏိုင္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW