CDM အောင်မြင်ရေး ဘားအံမှာ ဌာနဆိုင်ရာရုံးတွေရှေ့ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၁၆-၂၀၂၁
ခွန်ခမ့်သူ(VOM)

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဝန်ထမ်းတွေ CDM မှာ ပူးပေါင်းပါဝင်ဖို့ အင်အားသိန်းချီတဲ့ သပိတ်စစ်ကြောင်းဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၉ နာရီက ဌာနဆိုင်ရာ ရုံးရှေ့တွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲ့ဒီ သပိတ်စစ်ကြောင်းဟာ နာရီစင်စုရပ်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ စာတိုက်ရုံး၊ မြို့နယ်စုပေါင်းရုံး၊ မြို့နယ်စည်ပင်သာယာရုံးရှေ့တွေမှာ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

လုံခြုံရေးယာဉ်တွေနဲ့အတူ ရဲတပ်ဖွဲ့၊ တပ်မတော်သား အင်အား ၁၀၀ နီးပါးလိုက်ပါလာတဲ့ ယာဉ်တန်းနဲ့ ဆန္ဒထုတ်ဖော်ရာလမ်းတလျှောက် လိုက်လံသတိပေးခဲ့တာတွေရှိပေမယ့် ဆန္ဒထုတ်ဖော်မှုကိုတော့ ရပ်နားခြင်းမရှိဘဲ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

#VoiceOfMyanmar #VOM #ဘားအံ #ဆန္ဒပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW