မူဆယ်မြို့က ဆန္ဒထုတ်ဖော်ပွဲ လူဦးရေပိုများလာ

မူဆယ်-ဖေဖော်ဝါရီ၊ ၁၆၊ ၂၀၂၁
Violin Shayi(VOM)

တရုတ်-မြန်မာ အဓိက နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဒေသခံ တိုင်းရင်းသားတွေနဲ့ ဌာနဆိုင်ရာ ပူးပေါင်းပါဝင်ပြီး လူဦးရေ တစ်သောင်းကျော် ဝန်းကျင် လမ်းလျှောက် ဆန္ဒထုတ်ဖော် ကြတယ်လို့ ဒေသခံ လူငယ်တွေက VOM ကို ပြောပါတယ်။

မူဆယ်မြို့နယ် မှ ကချင်၊ ကရင်၊ ရှမ်း၊ ဗမာ၊ တအာင်း တိုင်းရင်းသားများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ စစ်ရှောင်ပြည်သူများနှင့် အခြား ဒေသခံ ပြည်သူများပူးပေါင်းပါဝင်ပြီးမူဆယ်ဆေးရုံကြီးမှ မန့်ဝိန်း မြန်မာ – တရုတ်နယ်စပ် ဂိတ်ပေါက်ထိ၊ မန့်ဝိန်းဂိတ်ပေါက်မှ မူဆယ်ခရိုင်တရားရုံးအထိ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ပါဝင်ဦးဆောင်သူများက VOM ကိုပြောပါတယ်။

အရင်ရက်တွေကလည်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မြန်မာ – တရုတ် နယ်စပ်ဆိုင်ရာ ရုံးများသို့ တရုတ်ဘာသာဖြင့် စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း စာသားအပါအဝင် တောင်းဆိုချက် ၆ ခုကို ပေးပို့ အသိပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ခေါင်းဆောင်သူတွေက ပြောပါတယ်။

#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW