ရွှေပြည်သာ ကင်းသမားများ ဖမ်းခံရ၊ သပိတ် လူမစုနိူင်ရန် အသံဗုံးခွဲ၊ ပစ်ခတ်ဖမ်းဆီးမှုရှိ

ရန်ကုန်၊မတ် ၆၊၂၀၂၀
အေးချမ်းသူ(VOM)

ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်တဝိုက်က ဒေသခံ ညကင်းသမား ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

“လက်ရှိတော့ ဒေတာတွေလိုက်စုနေတယ် နာမည်တွေ မရသေးဘူး၊ ညတစ်နာရီလောက်မှာ ဝင်ဖမ်းတယ်လို့သိရတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းမှာလည်း ထန်းခြောက်ပင် လမ်းဆုံက သပိတ်စစ်ကြောင်းမှာ ကာရံထားတဲ့ ပစွည်းတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်က ဖယ်ရှားခဲ့ပြီး ဆန္ဒပြသူတွေ လူမစုနိုင်အောင်ရန် အသံဗုံးတစ်လုံးဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြရာတွင်ပါဝင်သူတစ်ဦးက “မနက်ကတည်းက ကာရံထားတဲ့ သဲအိတ်တွေကိုဖယ်တယ်။ ၉နာရီလောက်မှာ ဆန္ဒပြတဲ့သူတွေ လူမစုနိုင်အောင် အသံဗုံးတစ်လုံး ခွဲ၍ လူစုခွဲတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် လိုက်လံပစ်ခတ် ဖမ်းဆီးမှုတွေရှိလို့ ရာဘာကျည် ထိမှန် ဒဏ်ရာရသူ ၃ ဦးထက်မနည်းရှိပြီး တဦးဖမ်းဆီးခံရတယ်လို့လည်း ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့မှာ တပ်မတော်က အာဏာရယူခဲ့ပြီးနောက် ရွှေပြည်သာမြို့နယ်က ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူတွေဟာ ဖေဖော်ဝါရီလ ၇ရက်နေ့ကစတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် စီတန်းလှည့်လည်ဆန္ဒပြခဲ့ရာကနေ ၁၁ရက်‌နေ့မှာတော့ ထန်းခြောက်ပင်မှတ်တိုင်အနီးမှာ ထိုင်သပိတ် စုပေါင်းပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

#voiceofmyanmar #vom #ရွှေပြည်သာ

Related posts

Leave a Comment

VOM News

FREE
VIEW