မန္တလေးမြို့ အမှတ်(၈)မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၄ ဦး CDMပြုလုပ်

မတ် ၆ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မရဲစခန်းမှ ရဲ ဒုတပ်ကြပ်၁ဦးနဲ့ ရဲတပ်သား ၃ ဦးဟာ ဒီကနေ့မနက်ပိုင်းကစပြီး CDMပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး

Read More

မြစ်ကြီးနား အာဏာသိမ်းမှုကန့်ကွက်သပိတ် ဖြိုခွဲခံရ

မတ် ၆-၂၀၂၁ YAT ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဈေးကြီးလမ်းမှာ အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒဖော်ထုတ်သူတွေကို ဒီနေ့ မတ်လ ၆ ရက် မနက်က စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အသံဗုံး၊ မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ဒီကနေ့ ပြောက်ကျားသပိတ် ၄ ခုလောက် ခွဲပြီး အာဏာသိမ်းမှုကန့်ကွက် ဆန္ဒဖော်ထုတ်တာ တွေ့ရပါတယ်။ မြစ်ကြီးနားမြို့မှာ လူငယ်တွေ ဆိုင်ကယ်သပိတ်၊ စတစ်ကာကမ်ပိန်းပြုလုပ်တာနဲ့ ပြောက်ကြားသပိတ်ဆင်နွှဲတာတွေ လုပ်နေကြတာဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #မြစ်ကြီးနား #ဖြိုခွဲခံရ

Read More

ကြည့်မြင်တိုင်မြို့နယ်၊ ဗားဂရာ လမ်းမပေါ်က ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲက ဒီနေ့ နေလယ် ၁ နာရီဝန်းကျင်မှာ ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။

မတ် ၆-၂၀၂၁ Photo – K. H #VoiceOfMyanmar #VOM #ဗားဂရာလမ်းမ #ဖြိုခွဲ

Read More

ဒီနေ့ မနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းက အထွေထွေသပိတ် ဖြိုခွင်းခံရပြီး ဆန္ဒပြသူ ၆ ဦး ဖမ်းခံခဲ့ရပါတယ်။

မတ် ၆-၂၀၂၁ HA #VoiceOfMyanmar #VOM #မင်္ဂလာတောင်ညွန့်မြို့နယ် #ဖြိုခွင်းခံရ

Read More

ဒီနေ့မနက်ပိုင်းက သာကေတမြို့နယ် မြင်တော်သာလမ်းသပိတ် ဖြိုခွဲခံရပြီး ၆ဦးအဖမ်းခံရကာ တစ်ဦးဗိုက်မှာ ရာဘာကျည်ထိမှန်ခဲ့ပါတယ်။

မတ် ၆-၂၀၂၁ MHS #VoiceOfMyanmar #VOM #သာကေတမြို့နယ် #သပိတ် #ဖြိုခွဲခံရ

Read More

တောင်ငူမြို့သပိတ်စစ်ကြောင်း လုံခြုံရေးနဲ့ထိပ်‌တိုက်တွေ့ပေမယ့် ဒေသခံတွေအကူညီနဲ့ သပိတ်စစ်ကြောင်း ဆက်ထွက်ခဲ့

‌မတ် ၆-၂၀၂၁ ကောင်းလက်ျာ(VOM) အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် တစ်လနီးပါးကြာ တိုက်ပွဲဝင်နေခဲ့တဲ့ တောင်ငူမြို့လူထုသပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၆ ရက်နေ့ မနက် ၁၀ နာရီခွဲလောက် မှာ ရဲနဲ့စစ်သားတွေက ရေကားကြီးတွေနဲ့ ပိတ်ဆို့လူခွဲဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒေသခံတွေက ပိတ်ဆို့ကူညီ‌ပေးခဲ့တာ‌ကြောင့် သပိတ်စစ်ကြောင်းတွေ ဆက်လက်ထွက်ခွာနိုင်ခဲ့ပါတယ်။ “ဘုရားလမ်းဗလီနားမှာ ရဲနဲ့တပ်က ပိတ်ဆို့တယ်။ ကနဦး ဒိုင်းကိုင်လူငယ်တွေနဲ့ပိတ်ဆို့ပြီး ကန်လမ်းဘက်ကတက်လာတဲ့ စစ်ကြောင်းကို ဆန့်ကျင်ဘက်လမ်းချိုး‌‌ကွေ့ပြီး ၅ လမ်းကနေ မူလစုရပ်ပြန်ဖောက်ထွက်ခဲ့ရတယ်။ သပိတ်စစ်ကြောင်းနောက်က ဖိဖို့ကြိုးစားတဲ့ တပ်နဲ့ရဲကိုဒေသခံတွေက ဆိုင်ကယ်တွေနဲ့ ပိတ်ဆို့ပေးခဲ့တယ်” လို့ ဆန္ဒပြ ကျောင်း သားတစ်ဦးက ပြောပါတယ်။ တောင်ငူမြို့ခံ သပိတ်စစ်ကြောင်းတွေဟာ အရင်ရက်တွေက နေ့စဉ် လူဦးရေသိန်းနဲ့ချီ စုဝေးချီတက်ဆန္ဒပြခဲ့ကြပေမယ့် မတ်လ ၂ ရက်နေ့က စတင်ပြီး တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ လူစုခွဲ ဖို့ကြိုးပမ်းလာ‌တာကြောင့် ယခုရက်ပိုင်းမှာ ဆန္ဒပြလူဦးရေ…

Read More

ကျောက်ပန်းတောင်း ဆန္ဒပြသပိတ်စစ်ကြောင်း ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွဲခံရ

မတ် ၆-၂၀၂၁ VOM(TG) ဒီနေ့ မတ်လ ၆ရက်နေ့ မနက် ကျောက်ပန်းတောင်းက ဆန္ဒပြလူထုစစ်ကြောင်းသပိတ်ကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည် သုံးကာ ပစ်ခတ်ပြီး ဖြိုခွဲခဲ့တယ်လို့သိရပါတယ်။ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဟာ ဆန္ဒပြလူထုကို လူစုခွဲဖို့ အသိပေးတာ မရှိဘဲ မျက်ရည်ယိုဗုံးသုံးပြီးစတင်ဖြိုခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။ “လမ်းကြားတွေထဲမှာ ဆန္ဒပြတာကို လမ်းထိပ်ကနေ စစ်တပ်နဲ့ရဲက ပိတ်ပြီးမျက်ရည်ယိုဗုံးပစ်ပြီး လူစုခွဲတာ။ နေ့တိုင်း လမ်းကြောင်းပြောင်းလုပ်တာကို ဒီနေ့တော့ ထိတိုက်တွေ့သွားတာပေါ့။ သတင်းပေးရှိတယ်ထင်ပါတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဆန္ဒပြလူထုကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံး၊ ရာဘာကျည် ပစ်ဖောက်ပြီးဖြိုခွဲလိုက်ပေမယ့် လူထုက အချိန်မီလူစုခွဲလိုက်နိုင်တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိသလို ဖမ်းဆီးခံလိုက်ရသူလည်း မရှိဘူးလို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ကျောက်ပန်းတောင်းဆန္ဒပြ #ဖြိုခွဲခံရ

Read More

ပုသိမ်ဆန္ဒပြလူအုပ်အတွင်း စစ်သားတစ်ဦးဖမ်းမိပြီး အရပ်သားနှစ်ဦးဆီကလည်း လက်နက်တွေမိ

မတ် ၆-၂၀၂၁ KA ဒီနေ့ မတ်လ ၆ရက်နေ့ ပုသိမ်မြို့ စကားဝါလမ်းမှာဆန္ဒပြနေတဲ့ ဧရာဝတီကရင်လူငယ် အထွေထွေသပိတ်စစ်ကြောင်းအတွင်းကို လိုက်ပါသတင်းယူနေတဲ့ သူတဦးကို ဆန္ဒပြလူငယ်ခေါင်းဆောင်တွေ စစ်ဆေးခဲ့ရာမှာ စစ်သားတစ်ဦးဖြစ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီ စစ်သားရဲ့ဖုန်းထဲမှာ ဆန္ဒပြသူတွေရဲ့ ဓါတ်ပုံမှတ်တမ်းတွေနဲ့ လမ်းကြောင်းတွေသတင်းပေးပို့ထားတာ တွေ့တာကြောင့် ပုံတွေကိုဖျက်ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဆန္ဒပြစစ်ကြောင်းရပ်တန့်နေတဲ့အချိန်မှာ တောရကျောင်းလမ်းပတ်ဝန်းကျင်က လူနှစ်ဦးရဲ့ လွယ်အိတ်ထဲမှာသံချွန်၊ လေးဂွ၊ ဓါးမြှောင်နဲ့ ဘောစိတွေကို ပြည်သူတွေကစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီသူတွေကိုလည်း ဆန္ဒပြသူတွေက လက်နက်ကိုင်ဆောင်တဲ့ သူတွေ ပတ်ဝန်းကျင်မှာ မပါရှိဖို့နဲ့ ရောနှောပြီး မလိုက်ပါဖို့ သတိပေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဆန္ဒပြသူတွေက အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒပြရာမှာ ဘယ်လက်နက်မှကိုင်ဆောင်ခြင်းမပြုဘဲ ရဲတပ်ဖွဲ့ရဲ့လိုက်လံဖြိုခွဲတာကို ရှောင်ကွင်းကာကွယ်ပြီး ဆန္ဒပြဖို့အစည်းဝေးဆုံးဖြတ်ချက်ရယူကာ ဆန္ဒပြနေတာဖြစ်တယ်လို့ ဦးဆောင်သူတွေကပြောပါတယ်။ ဒီနေ့ ပုသိမ်မြို့မှာ မြစ်ဝကျွန်းပေါ်တော်လှန်တပ်ဦး၊ နွေဦးတော်လှန်ရေး၊ ဧရာဝတီကရင်လူငယ်အထွေထွေသပိတ်စစ်ကြောင်း ၃ခုနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က…

Read More

ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက CDM ပါဝင်တဲ့ရဲတပ်ဖွဲဝင်နှစ်ဦး ဖမ်းဝရမ်းထုတ်ခံရ

ပခုက္ကူ၊ မတ် ၆၊ ၂၀၂၁ NLP (VOM) မကွေးတိုင်း ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သားနှစ်ယောက်ကို CDMမှာ ပါဝင်ခဲ့လို့ တိုင်းရဲမှူးရုံးက ဖမ်းဝရမ်း ထုတ်ထားတယ်လို့ သိရပါတယ်။ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲမှူးရုံးက ရဲတပ်သား ဝင့်ဝါဦးနဲ့ ရဲတပ်သား အောင်ဇော်မိုး တို့ဟာ မတ်လ ၁ ရက်နေ့မှာ CDM ပါဝင်ကြောင်းဟသူတို့ရဲ့ လူမှုကွန်ယကမစာမျက်နှာပေါ်မှာ ရေးသားခဲ့ကြတာပါ။ “ကျွန်တော်တို့နှစ်ယောက်က မြို့နယ်ရုံးရဲ့ ဘယ်လက်ရုံးနဲ့ ညာလက်ရုံးပါ။ CDMမှာပါဝင်တဲ့အတွက် တိုင်းရဲတပ်ဖွဲ့မှူးရုံးကဖမ်းဝရမ်းထုတ်ခံရ လို့တိမ်းရှောင်နေရကြောင်း ရဲတပ်သားအောင်ဇော်မိုးက ပြောပါတယ်။ ရဲမေ ဝင့်ဝါဦးကတော့ “ဒီစနစ်အောက်မှာ နေရတာ ခံစားချက်တွေများလွန်းလို့ ပြောမထွက်နိုင်လောက်တဲ့အထိပါဘဲ။ ညီမအသက် ၂၃ နှစ်ပါ။ ဒုတိယနှစ် e major တက်နေရင်း ရဲတပ်ဖွဲ့ကို ချစ်မြတ်နိုးလို့ ဝင်လာတာပါ။အသက်၂၃ နဲ့ ရဲပြေးတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ တွေးတောင်မတွေးခဲ့ဖူးဘူး။ အဲဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ချမှတ်ထားတဲ့…

Read More

ရွှေပြည်သာ ကင်းသမားများ ဖမ်းခံရ၊ သပိတ် လူမစုနိူင်ရန် အသံဗုံးခွဲ၊ ပစ်ခတ်ဖမ်းဆီးမှုရှိ

ရန်ကုန်၊မတ် ၆၊၂၀၂၀ အေးချမ်းသူ(VOM) ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်တဝိုက်က ဒေသခံ ညကင်းသမား ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ “လက်ရှိတော့ ဒေတာတွေလိုက်စုနေတယ် နာမည်တွေ မရသေးဘူး၊ ညတစ်နာရီလောက်မှာ ဝင်ဖမ်းတယ်လို့သိရတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း ထန်းခြောက်ပင် လမ်းဆုံက သပိတ်စစ်ကြောင်းမှာ ကာရံထားတဲ့ ပစွည်းတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်က ဖယ်ရှားခဲ့ပြီး ဆန္ဒပြသူတွေ လူမစုနိုင်အောင်ရန် အသံဗုံးတစ်လုံးဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြရာတွင်ပါဝင်သူတစ်ဦးက “မနက်ကတည်းက ကာရံထားတဲ့ သဲအိတ်တွေကိုဖယ်တယ်။ ၉နာရီလောက်မှာ ဆန္ဒပြတဲ့သူတွေ လူမစုနိုင်အောင် အသံဗုံးတစ်လုံး ခွဲ၍ လူစုခွဲတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် လိုက်လံပစ်ခတ် ဖမ်းဆီးမှုတွေရှိလို့ ရာဘာကျည် ထိမှန် ဒဏ်ရာရသူ ၃ ဦးထက်မနည်းရှိပြီး တဦးဖမ်းဆီးခံရတယ်လို့လည်း ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့မှာ တပ်မတော်က အာဏာရယူခဲ့ပြီးနောက် ရွှေပြည်သာမြို့နယ်က…

Read More
VOM News

FREE
VIEW