ကျောက်ပန်းတောင်း ဆန္ဒပြသပိတ်စစ်ကြောင်း ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွဲခံရ

မတ် ၆-၂၀၂၁
VOM(TG)

ဒီနေ့ မတ်လ ၆ရက်နေ့ မနက် ကျောက်ပန်းတောင်းက ဆန္ဒပြလူထုစစ်ကြောင်းသပိတ်ကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည် သုံးကာ ပစ်ခတ်ပြီး ဖြိုခွဲခဲ့တယ်လို့သိရပါတယ်။

စစ်တပ်နဲ့ရဲတပ်ဖွဲ့ဟာ ဆန္ဒပြလူထုကို လူစုခွဲဖို့ အသိပေးတာ မရှိဘဲ မျက်ရည်ယိုဗုံးသုံးပြီးစတင်ဖြိုခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။

“လမ်းကြားတွေထဲမှာ ဆန္ဒပြတာကို လမ်းထိပ်ကနေ စစ်တပ်နဲ့ရဲက ပိတ်ပြီးမျက်ရည်ယိုဗုံးပစ်ပြီး လူစုခွဲတာ။ နေ့တိုင်း လမ်းကြောင်းပြောင်းလုပ်တာကို ဒီနေ့တော့ ထိတိုက်တွေ့သွားတာပေါ့။ သတင်းပေးရှိတယ်ထင်ပါတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဆန္ဒပြလူထုကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံး၊ ရာဘာကျည် ပစ်ဖောက်ပြီးဖြိုခွဲလိုက်ပေမယ့် လူထုက အချိန်မီလူစုခွဲလိုက်နိုင်တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိသလို ဖမ်းဆီးခံလိုက်ရသူလည်း မရှိဘူးလို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ကျောက်ပန်းတောင်းဆန္ဒပြ #ဖြိုခွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW