စက်သုံးဆီတွေ ဈေးထပ်တက်လာပြီး ဝယ်ယူရ ခက်ခဲနေ

ဇူလိုင် ၂၄ – ၂၀၂၆ SN (VOM) လက်ရှိ စက်သုံးဆီ ဈေးကွက်အတွင်း ဆီဈေးတွေ ထပ်တက်လာတဲ့အပြင် မြို့ကြီးတချို့က ဆီဆိုင်တွေမှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ အရောင်းဆိုင်တွေနဲ့ ယာဉ်မောင်းတွေဆီက စုံစမ်း သိရှိရပါတယ်။ လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ သထုံ၊ တောင်ကြီး၊ ထားဝယ် အစရှိတဲ့ မြို့ကြီးတွေက စက်သုံးဆီ အရောင်းဆိုင်တချို့မှာ 92, 95 ဓာတ်ဆီအမျိုးအစားတွေ ဝယ်မရတဲ့ အခက်အခဲတွေရှိနေပြီး တန်းစီ ဝယ်ယူရမှုတွေလည်း ပြန်လည် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “ဆီလျှော့တာက ဇူလိုင် လဆန်းပိုင်းကတည်းက၊ တပတ်စာ ခွဲတမ်းနဲ့ရတာဆိုတော့ ဆီဆိုင်တွေက ကြာသပတေးနေ့ မရောက်ခင် ဆီကုန်တာတွေ ဖြစ်လာတာ။ ရန်ကုန်မှာတောင် တချို့ ဆီဆိုင်တွေမှာ 92, 95 နှစ်မျိုးလုံး မရတာ၊ တချို့ဆိုင်တွေဆို တမျိုးလောက်ပဲ ဝယ်လို့ရတာမျိုး…

Read More

မိုးညှင်း-မြစ်ကြီးနား ရထားလမ်းပိုင်း သံလမ်းထိန်းကလစ်‌တွေအခိုးခံရပြီး ရထားလမ်းချော်ခဲ့လို့ ပြန်လည်ပြုပြင်​နေရ

ဇူလိုင်-၂၄-၂၀၂၆ KKA (VOM) ဇူလိုင် ၂၁ ရက်နေ့ကမှ ပြန်စဆွဲခဲ့တဲ့ မိုးညှင်း-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ သံလမ်းထိန်းကလစ်တွေ ဖြုတ်ယူအခိုးခံလိုက်ရပါတယ်။ အဲဒီလို ခိုးယူခံရတာကြောင့် ရထားစက်ခေါင်းနဲ့ တွဲဆိုင်း လမ်းချော်တာတွေ ဖြစ်ခဲ့ပြီး ရထားလမ်းကိုလည်း ယာယီပိတ်လိုက်ရတယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းမှာ ဟိုပင်မြို့နယ် နန်းခွင်ဘူတာကနေ ထွက်လာတဲ့ ရထားလမ်းလုံခြုံရေး ကင်းလှည့်ရထားဟာ နန်းခွင်နဲ့ ဟိုပင်ဘူတာကြား ရောက်တဲ့အချိန်မှာ စက်ခေါင်းနဲ့အတူ နောက်ပါတွဲ ဆိုင်း၂ တွဲ လမ်းချော်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နန်းခွင်-ဟိုပင် လမ်းပိုင်းကို ယာယီပိတ်ထားခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီလို လမ်းချော်သွားတဲ့အတွက် မီးရထားတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တဲ့အခါမှာ ပေ ၂၄၀ ခန့်ရှိတဲ့ သံလမ်းဧရိယာအတွင်းက သံလမ်းထိန်းကလစ် စုစုပေါင်း ၄၀၈ ခုကို မသမာသူတွေက ဖြုတ်ယူခိုးသွားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။…

Read More

လူနာလာပို့တဲ့ လူမှုရေးအသင်းတွေ အခက်အခဲမရှိအောင် မန္တလေးဆေးရုံကြီးက ဆောင်ရွက်ပေးမယ်

မန္တလေး၊ ဇူလိုင်- ၂၄- ၂၀၂၆ SA(VOM) လူနာစောင့် မပါရင် လူနာကိုဆေးရုံကြီးကလက်မခံလို့ လူမှုကူညီရေးအသင်းအဖွဲ့တွေ စောင့်ပေးရတဲ့ကိစ္စ ဆေးရုံဘက်က ဖြေ လျှော့ပေးဖို့လိုအပ်ဆိုတဲ့ သတင်းကို ဒီကနေ့ ဇူလိုင် ၂၄ ရက်မနက်မှာ VOM ကနေ သတင်းတင်ဆက်ခဲ့ပါတယ်။ အဲဒီနောက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရဲ့ ဆေးရုံ အုပ် ဆရာဝန်ကြီး ဒေါက်တာဆန်းလွင်ဦးကို အဆက်သွယ်ရတဲ့အတွက် လူမှုရေးအသင်းတွေရဲ့အခက်အခဲကို ဆေးရုံဘက်က ဘယ်လိုဖြေရှင်းပေးနေလဲ လူနာရှင်တွေအနေနဲ့ ဆေးရုံကြီးအရေးပေါ်ဌာနရောက်ရင် ဘယ်လိုတွေကူညီပေးမလဲဆိုတာ VOM အယ်ဒီတာချုပ် ကိုနေလင်းက မေးမြန်းခွင့်ရခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ လူနာလာပို့တဲ့ လူမှုရေးအသင်းသားတွေမှာ လူနာရှင်မပါရင် အခက်ခဲဖြစ်တယ်ဆိုတဲ့ ကိစ္စ ဆေးရုံဘက်က ဘာတွေဆောင်ရွက်ထားသလဲဆိုတာ စမေးကြည့်တော့ ဆေးရုံ အုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက ခုလိုဖြေကြားပေးပါတယ်။ #voiceofmyanmar #vom #မန္တလေးဆေးရုံကြီး #accident #ယာဥ်တိုက်မှုလူနာ #လူမှုကူညီရေးအသင်းအခက်အခ

Read More
VOM News

FREE
VIEW