ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက CDM ပါဝင်တဲ့ရဲတပ်ဖွဲဝင်နှစ်ဦး ဖမ်းဝရမ်းထုတ်ခံရ

ပခုက္ကူ၊ မတ် ၆၊ ၂၀၂၁
NLP (VOM)

မကွေးတိုင်း ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သားနှစ်ယောက်ကို CDMမှာ ပါဝင်ခဲ့လို့ တိုင်းရဲမှူးရုံးက ဖမ်းဝရမ်း ထုတ်ထားတယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်ရဲတပ်ဖွဲမှူးရုံးက ရဲတပ်သား ဝင့်ဝါဦးနဲ့ ရဲတပ်သား အောင်ဇော်မိုး တို့ဟာ မတ်လ ၁ ရက်နေ့မှာ CDM ပါဝင်ကြောင်းဟသူတို့ရဲ့ လူမှုကွန်ယကမစာမျက်နှာပေါ်မှာ ရေးသားခဲ့ကြတာပါ။

“ကျွန်တော်တို့နှစ်ယောက်က မြို့နယ်ရုံးရဲ့ ဘယ်လက်ရုံးနဲ့ ညာလက်ရုံးပါ။ CDMမှာပါဝင်တဲ့အတွက် တိုင်းရဲတပ်ဖွဲ့မှူးရုံးကဖမ်းဝရမ်းထုတ်ခံရ လို့တိမ်းရှောင်နေရကြောင်း ရဲတပ်သားအောင်ဇော်မိုးက ပြောပါတယ်။

ရဲမေ ဝင့်ဝါဦးကတော့ “ဒီစနစ်အောက်မှာ နေရတာ ခံစားချက်တွေများလွန်းလို့ ပြောမထွက်နိုင်လောက်တဲ့အထိပါဘဲ။ ညီမအသက် ၂၃ နှစ်ပါ။ ဒုတိယနှစ် e major တက်နေရင်း ရဲတပ်ဖွဲ့ကို ချစ်မြတ်နိုးလို့ ဝင်လာတာပါ။အသက်၂၃ နဲ့ ရဲပြေးတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ တွေးတောင်မတွေးခဲ့ဖူးဘူး။ အဲဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလေးစားပါတယ်။ လိုက်လည်းလိုက်နာခဲ့ပါတယ်။ ဒီကာလတွေကျော်လွန်သွားရင် ရဲတပ်ဖွဲ့ကပေးတဲ့ ပြစ်ဒဏ်ကိုခံယူဖို့အသင့်ပါဘဲ” လို့ ပြောပါတယ်။

CDM မှာပါဝင်တဲ့ ရဲတပ်သားနှစ်ဦးဟာ မတ်လ ၁ရက်နေ့က သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ “ရဲတပ်ဖွဲ့အား ချစ်မြတ်နိုး၍ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ နေထိုင်ကြတဲ့ ပြည်သူလူထုအား အကာအကွယ်ပေးခဲ့ကြောင်း၊ ယခုအခါ စစ်အာဏာရှင် လူတစ်စုမှ အများပြည်သူ၏ ဆန္ဒအား ဆန့်ကျင်၍ ၁၊၂၊၂၀၂၁ ရက်နေ့တွင် အာဏာသိမ်းပိုက်ကာ မတရားသော တဖက်သတ် ဥပဒေများအား ပြဌာန်းခဲ့ပါသည်။ တရားသောနည်းဖြင့် ပြဌာန်းထားသော ဥပဒေများနှင့်အညီနေထိုင်ကြသော ပြည်သူအား အကာအကွယ်ပေးရမည်ဖြစ်သော ကျွန်တော်သည် မတရားသော ဥပဒေများနှင့် ပြည်သူများအား ဒုက္ခပေးရမည်ကို လိုလားခြင်းမရှိပါ။ သို့ဖြစ်ပါ၍ ၁၊၃၊၂၀၂၁ ရက်နေ့မှစ၍ လက်ရှိ‌ ထမ်းဆောင်လျှက်ရှိသော လုပ်ငန်းတာဝန်များအား ဆောင်ရွက်ခြင်းမပြုတော့ဘဲ CDM အဖြစ် သတ်မှတ်လိုက်သည်” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #vom #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW