ဘင်္ဂလားဒေ့ရှ်ကို တရားမဝင်ကုန်သွယ်နေတဲ့ ငါးမှောင်ခို ရေယာဉ် ၁ စီး နဲ့ လူ ၂၀ ကျော်ကို ဖမ်းဆီး

သြဂုတ် ၊ ၂၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)

မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေကို ကိုဗစ်ရောဂါ ကူးစက်မှုဖြတ်တောက်အနေနဲ့ ယာယီ ပိတ်ထားတဲ့ကာလမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်နေပြီး ငါးတွေသယ်ဆောင်လာတဲ့ ရေယာဉ် ၁ စီးနဲ့ လူ ၂၀ ကျော်ကို မနေ့ သြဂုတ် ၂၀ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်တယ်လို့ မောင်တောကုန်သည်ကြီးတွေက ပြောပါတယ်။

” ဘင်္ဂလားပို့မယ့် ငါးမှောင်ခို စက်လှေ ၁ စီး နဲ့ မြန်မာလုပ်သား ၂၀ ကျော် ၊ မနေ့က နွားမြန်ဒေါက်ချောင်းဝအနီး ရေပိုင်နက်မှာ ဖမ်းခံရတာ ဖြစ်တယ် ” လို့ မောင်တောမြို့ခံ ကုန်သည်တစ်ယောက်က ပြောပါတယ်။

မောင်းတောနယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတစ်ယောက်က ” ငါးမှောင်ခို စက်လှေဖမ်းမိတာရှိတယ် ၊ နယ်စပ်ကုန်သွယ်က ဖမ်းတာမဟုတ်ဘူး ၊ တပ်မတော် (ရေ) ပင်လယ်ပြင် လုံခြုံရေးအဖွဲ့က ဖမ်းတာပါ ၊ ဖမ်းမိတဲ့ ငါးမှောင်ခို ရေယာဉ်က ရွှေမြိုင်စိုး ၅ ဖြစ်ပြီး ငါးမြစ်ချင်း ၃၅ တန်ကို ဂျူတီမဲ့ သယ်ဆောင်လာတာဖြစ်တယ် ၊ အဲ့ဒီ ရေယာဉ်ပေါ်မှာ မြန်မာလူမျိုး ၂၁ ယောက် လိုက်ပါလာတဲ့အတွက် ဖမ်းဆီးစစ်ဆေးနေတယ် ” လို့ ပြောပါတယ် ။

အကောက်ခွန်မဲ့ ငါးမြစ်ချင်းငါးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တင်ပို့လာတဲ့ မှောင်ခိုရေယာဉ်ဟာ ရန်ကုန် ကြည့်မြင်တိုင် စံပြငါးဈေးကနေ တိုးမြစ် ၊ ဟိုင်းကြီးကျွန်း ၊ မေယုကျွန်း နဲ့ အုန်းကျွန်းတို့ကို ဖြတ်ကျော်မောင်းနှင်ပြီး ပင်လယ်ပြင်ကနေ တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မောင်တော

Related posts

Leave a Comment

VOM News

FREE
VIEW