ရေစကြိုမြို့နယ် လျှပ်စစ်ရုံးနဲ့ ပခန်းကြီးနယ်မြေရဲစခန်း ဗုံးပေါက်

ဩဂုတ် ၂၁-၂၀၂၁ KK(VOM) ရေစကြိုမြို့နယ်က လျှပ်စစ်ရုံးနဲ့ ပခန်းကြီးနယ်မြေရဲစခန်းတို့မှာ ဒီကနေ့ နေ့လယ်မှာ ဗုံးပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနဲ့ ပခန်းကြီးနယ်မြေရဲစခန်းတွေ ဗုံးပေါက်ခဲ့ပေမယ့် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ EPCရုံးအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။ ” ထိခိုက်မှုက ရုံးနှစ်ခုဆိုတော့ ပြောမရဘူး၊ ဒီဘက်မှာတော့ ဘာမှမဖြစ်ဘူး၊ စစ်တပ်နဲ့ရဲတွေကတော့ စစ်နေပြီ “လို့ ပြောပါတယ်။ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအနေနဲ့ ဒုတိယအကြိမ်မြောက်ဖြစ်ကာ သြဂုတ် ၉ရက်က ဗုံးပေါက်ခဲ့ပြီး ပခန်းကြီးရဲစခန်းအနေနဲ့ ဒီနေ့ဗုံးပေါက်မှုမတိုင်မီ သြဂုတ် ၁၆နဲ့၁၉ရက်နေ့မှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ ပါသေးတယ်။ သြဂုတ်လ ၁၉ရက်နေ့ မနက်ပိုင်းက ရေစကြိုမြို့နယ်၊ မအူကျေးရွာအနီးရှိ နေရာတစ်ခုမှာ လက်နက်တွေမိတဲ့ ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့ပါတယ်။ လူမှုကွန်ယက်စာမျက်နှာမှာ PDF(PDF-YSO)အဖွဲ့ဟာရေစကြိုမြို့နယ်မှာရှိနေတဲ့ ထွေ/အုပ်ရုံး ၊ မြန်မာ့စီးပွားဘဏ်နဲ့ ပခန်းကြီးနယ်မြေရဲစခန်းတွေကို ဗုံးခွဲခဲ့တယ်လို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ ရေစကြိုမြို့နယ်မှာ ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ ထွေ/အုပ်ရုံး ၊…

Read More

ပုလဲမြို့နယ်က PPPပါတီဝင် အမျိုးသမီး သေနတ်နဲ့ ပစ်သတ်ခံရတဲ့

သြဂုတ် ၊ ၂၁ – ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မုံရွာ-ဂန့်ဂေါ ကားလမ်းက ဒေသအခေါ် ( အောက်)လယ်ဓမ္မကျေးရွာက အမျိုးသမီး ၁ ဦး ၊ မနေ့ သြဂုတ် ၂၀ရက် ည ၁၀ နာရီကျော်ခန့်က သေနတ်နဲ့ပစ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ကန့်ဒေါင့်ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” သေနတ်သမားက အိမ်ရှေ့ကို ဆိုင်ကယ်နဲ့ ပစ်သွားတာ ၊ အပစ်ခံရတဲ့သူက မဆွေ အသက် ၄၂ နှစ်ဖြစ်တယ် ၊ မဆွေက ဒေါ်သက်သက်ခိုင်ပါတီရဲ့ ရွာမှာ စည်းရုံးရေးအလုပ်တွေ လုပ်တယ် ၊ စည်းမှူးလို့ ခေါ်တာပေါ့ ၊ သတင်းပေး ဒလန်တွေနဲ့ မှားပြီး သတ်တာဖြစ်နိုင်တယ် ၊ လယ်ဓမ္မ ၊ လဲကန် ၊…

Read More

ရွှေလီဘက်ပိတ်မိ‌နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ နန်းတော်‌ တရားဝင်ဂိတ်ကနေ ပြန်လည် ဝင်ရောက်လာ

ဩဂုတ် ၂၁ -၂၀၂၁ Shy V(VOM) တရုတ်နယ်စပ် ရွှေလီဘက် ပိတ်မိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဒီကနေ့ မနက် ၈ နာရီက ရွှေလီ-ကျယ်ဂေါင်ဘက်က‌နေ မြန်မာနိုင်ငံဘက်ခြမ်း မူဆယ်ဘက်ကို တရားဝင် နန်းတော်ဂိတ်ပေါက်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာနေပြီလို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ယက်ဆီက သိရပါတယ်။ “တရုတ် ဘက်ခြမ်းကနေ ပြန်လို့ရပါပြီ။ မနေ့က စာရင်းသွင်းထားတဲ့သူတွေပါ။ Hiကွမ်းမှာ စာရင်း၊အာခေါင် ဆေးစစ်စာရွက်တွေ စစ်ဆေးနေတယ်။ ဟိုနေ့ည ရဲစခန်းရှေ့ အိပ်ရတဲ့လူတွေ အကုန်မပါဘူး။ အားလုံး မပါဘူး။ ရက်ချိန်းမယ်ထင်တာပဲ။ PPE က ပိုက်ဆံမပေးရပါဘူး။ လူဦးရေက ခန်းမှန်လို့မရသေးဘူး။” လို့ ပြန်လာဖို့ တရုတ်ဘက်ခြမ်း တန်းစီနေသူ လူငယ်တစ်ဦးက ပြောပါတယ်။ တရုတ်အစိုးရအနေနဲ့ တစ်ပတ်တစ်ကြိမ် ခက်ခဲသူတွေအားလုံးကို ဆန်၊ ဆီ၊ ခေါက်ဆွဲတွေ ထောက်ပံ့ပေးပေမယ့် အများစုက Lockdown ကာလ ကြာရှည်လာတာနဲ့အမျှ…

Read More

ဘင်္ဂလားဒေ့ရှ်ကို တရားမဝင်ကုန်သွယ်နေတဲ့ ငါးမှောင်ခို ရေယာဉ် ၁ စီး နဲ့ လူ ၂၀ ကျော်ကို ဖမ်းဆီး

သြဂုတ် ၊ ၂၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေကို ကိုဗစ်ရောဂါ ကူးစက်မှုဖြတ်တောက်အနေနဲ့ ယာယီ ပိတ်ထားတဲ့ကာလမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်နေပြီး ငါးတွေသယ်ဆောင်လာတဲ့ ရေယာဉ် ၁ စီးနဲ့ လူ ၂၀ ကျော်ကို မနေ့ သြဂုတ် ၂၀ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်တယ်လို့ မောင်တောကုန်သည်ကြီးတွေက ပြောပါတယ်။ ” ဘင်္ဂလားပို့မယ့် ငါးမှောင်ခို စက်လှေ ၁ စီး နဲ့ မြန်မာလုပ်သား ၂၀ ကျော် ၊ မနေ့က နွားမြန်ဒေါက်ချောင်းဝအနီး ရေပိုင်နက်မှာ ဖမ်းခံရတာ ဖြစ်တယ် ” လို့ မောင်တောမြို့ခံ ကုန်သည်တစ်ယောက်က ပြောပါတယ်။ မောင်းတောနယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတစ်ယောက်က ”…

Read More

တောင်တွင်းကြီးက ရာအိမ်မှူး(၁)ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သြဂုတ် ၂၁-၂၀၂၁ KK(VOM) တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး၁ရပ်ကွက်၊ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့မနက်ပိုင်းက အမည်မသိအဖွဲ့က သေနတ်နဲ့လာပစ်ချိန် ရာအိမ်မှူးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရွှေအိုး၁ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ရာအိမ်မှူးဦးဇော်လတ် သေနတ်နဲ့ပစ်ခံရတာဖြစ်ပြီး ရုံးအတွင်းကို ဝင်ရောက်ပစ်ခတ်သွားတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။ “သေနတ်သံတွေတော့ ကြားရတာပဲ၊ ဘယ်လောက်အထိပစ်သွားလဲတော့ မသိဘူး၊ သူကစစ်တပ်ထောက်ခံသူလေ အဲ့ဒါကြောင့်အခုလိုပစ်တာဖြစ်မယ်”လို့ သူကပြောပါတယ်။ ရာအိမ်မှူး ကိုဇော်လတ်ရဲ့ နဖူးနဲ့ရင်ဘတ်တို့ သေနတ်ထိမှန် သေဆုံးခဲ့ပြီး တောင်တွင်းကြီးပြည်သူ့ဆေးရုံကိုပို့ ဆောင်လိုက်တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။ ဗီသာနိုးပြည်သူကာကွယ်ရေးတပ်ဆိုတဲ့ လူမှုကွန်ယက်စာမျက်နှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲထိဝင်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာဟာမိမိတို့အဖွဲ့ဖြစ်ပြီး တပ်မတော်ထောက်ခံပွဲတွေမှာ ဦးဆောင်ခဲ့သူဖြစ်တာကြောင့် ပစ်သတ်ခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားတာကို တွေ့ရပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ရွှေအိုး ၁ရပ်ကွက်နဲ့ အုပ်ချုပ်ရေးမှူးရုံးအနီးတစ်ဝိုက်မှာ စုံစမ်းစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါနယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၅ရက် ကလည်း မောင်းတိုင် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး…

Read More
VOM News

FREE
VIEW