ရေစကြိုမြို့နယ် လျှပ်စစ်ရုံးနဲ့ ပခန်းကြီးနယ်မြေရဲစခန်း ဗုံးပေါက်

ဩဂုတ် ၂၁-၂၀၂၁
KK(VOM)

ရေစကြိုမြို့နယ်က လျှပ်စစ်ရုံးနဲ့ ပခန်းကြီးနယ်မြေရဲစခန်းတို့မှာ ဒီကနေ့ နေ့လယ်မှာ ဗုံးပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနဲ့ ပခန်းကြီးနယ်မြေရဲစခန်းတွေ ဗုံးပေါက်ခဲ့ပေမယ့် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ EPCရုံးအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

” ထိခိုက်မှုက ရုံးနှစ်ခုဆိုတော့ ပြောမရဘူး၊ ဒီဘက်မှာတော့ ဘာမှမဖြစ်ဘူး၊ စစ်တပ်နဲ့ရဲတွေကတော့ စစ်နေပြီ “လို့ ပြောပါတယ်။

မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအနေနဲ့ ဒုတိယအကြိမ်မြောက်ဖြစ်ကာ သြဂုတ် ၉ရက်က ဗုံးပေါက်ခဲ့ပြီး ပခန်းကြီးရဲစခန်းအနေနဲ့ ဒီနေ့ဗုံးပေါက်မှုမတိုင်မီ သြဂုတ် ၁၆နဲ့၁၉ရက်နေ့မှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့
ပါသေးတယ်။

သြဂုတ်လ ၁၉ရက်နေ့ မနက်ပိုင်းက ရေစကြိုမြို့နယ်၊ မအူကျေးရွာအနီးရှိ နေရာတစ်ခုမှာ လက်နက်တွေမိတဲ့ ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့ပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာ PDF(PDF-YSO)အဖွဲ့ဟာရေစကြိုမြို့နယ်မှာရှိနေတဲ့ ထွေ/အုပ်ရုံး ၊ မြန်မာ့စီးပွားဘဏ်နဲ့ ပခန်းကြီးနယ်မြေရဲစခန်းတွေကို ဗုံးခွဲခဲ့တယ်လို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

ရေစကြိုမြို့နယ်မှာ ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ ထွေ/အုပ်ရုံး ၊ မြန်မာ့စီးပွားဘဏ်နဲ့ ပခန်းကြီးနယ်မြေရဲစခန်း၊EPCရုံးတွေ ဗုံးပေါက်ကွဲခဲ့တာဟာ ဆယ်ကြိမ်ထက်မနည်းဘူးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေစကြို

Related posts

✕
VOM News

FREE
VIEW