မြဝတီမြို့မှာ ဗုံးပေါက် တယောက်သေ၊ ၂ယောက်အပြင်းထန်ဒဏ်ရာရ

စက်တင်ဘာ ၂၁-၂၀၂၁
GH ( VOM )
 
မြဝတီမြို့ ၊ အမှတ် ၄ ရပ်ကွက် အောင်မြေရွှေဘုံ ၂ လမ်းက နေအိမ်တစ်လုံးမှာ စက်တင်ဘာ ၂၀ မနေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပြီး တယောက်သေ၊ ၂ ယောက်အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
” ညက ၇ နာရီ ကျော်လောက်မှာ ပေါက်ကွဲသံကြားရတယ်။ နောက်တော့သိရတာက ၁ ဦးကပွဲချင်းပြီးသေတယ်။နောက်နှစ်ယောက်ကလည်း ဒဏ်ရာစိုးရိမ်ရလို့ ဆေးရုံခေါ်သွားကြတယ်၊ဆေးကုပေးနေတယ်သိရတယ် ” လို့ ဒေသခံတယောက်ကပြောပါတယ်။
 
ဒါ့အပြင် မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံးကိုလည်း အိမ်နောက်ဖေးမှာ တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်ဆီကသိရပါတယ်။
 
” သူတို့ကအောင်မြေရွှေဘုံ (၂) လမ်းကအိမ်မှာ ငှါးနေကြတာလို့ပြောတယ်။ လက်လုပ်ဗုံးစမ်းရင်း ပေါက်တာလို့ ပြောနေကြတာပဲ သေချာတော့မသိကြဘူး ” လို့ နောက်ထပ်ဒေသခံတယောက်ကပြောပါတယ် ။
 
အဲ့ဒီ ပေါက်ကွဲမှုမှာ အသက် ၁၉ နှစ်အရွယ် ကိုကောင်းကောင်းသေဆုံးခဲ့ပြီး ဟန်ထွန်းအောင် (၃၉) နှစ်နဲ့ ကိုခိုင်ကို (၁၉) နှစ်တို့က ထိခိုက်ဒဏ်ရာရရှိခဲ့လို့ မြဝတီဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ ဒေသခံအပြောအရသိရပါတယ်။
 
မြဝတီမြို့မှာ ည ၈နာရီမှစပြီး မနက် ၄ နာရီ
အထိကို ညမထွက်ရအမိန့်သတ်မှတ်ထားတယ်လို့သိရပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြဝတီမြို့မှာ လူမှုရေးကိစ္စတွေကို လုပ်ကိုင်ပေးနေတဲ့ ပရဟိတ သမားတစ်ဦးရဲ့ကားကို သေနတ်နဲ့ ချက်ရေများစွာ ပစ်ခတ်ခံရတဲ့ ဖြစ်စဥ် ၁ ခု ဖြစ်ခဲ့သေးပါတယ်။
 
ဒါ့အပြင် မြဝတီမြို့ပေါ်မှာ ဗုံးခွဲတိုက်ခိုက်တာနဲ့ သေနတ်နဲ့ ပစ်ခတ်တာတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဘယ်သူတွေက ဘာကြောင့် လုပ်ဆောင်နေတယ်ဆိုတာ သက်ဆိုင်ရာက အခုထိ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
 
#voiceofmyanmar #VOM #မြဝတီ
 
photos-CJ

Related posts

Leave a Comment

VOM News

FREE
VIEW