လှိုင်သာယာစက်မှုဇုန်က Jin Shwe Li ဖော့စက်ရုံ မီးလောင်ပြီး သိန်း၆၀၀ကျော်ဆုံးရှုံးမှုရှိခဲ့

ရန်ကုန်၊စက်တင်ဘာ ၂၁၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ လှိုင်သာယာအရှေ့ပိုင်းမြို့ နယ် စက်မှုဇုန်(၁)၊ဆိပ်ကမ်းသာလမ်း၊ အမှတ် ၁၈၉က ကျင်းရွှေလီဖော့စက်ရုံမှာ ဒီကနေ့မနက်အစောပိုင်းက မီးလောင်ခဲ့လို့ သိန်း ၆၀၀ ကျော်ဆုံးရှုံးခဲ့တယ်လို့ အုပ်ချုပ်ရေးပိုင်းကနေ သိရပါတယ်။   ” ဖော့ဖြတ်စက်ကို ဆက်သွယ်ထားတဲ့ ဘရေကာချို့ယွင်းအပူလွန်ကဲရာကနေ မီးပွားထွက်ပြီး ဖော့ဖြတ်စက်နားက ဖော့လိပ်တွေကို မီးကူးစက်တာကနေ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်”လို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   မနက်၃နာရီကနေ မီးစတင်လောင်တာကြောင့် မီးလောင်မှုအဆင့် Level-2သက်မှတ်ကာ မီးသတ်ယာဉ် (၁၀)စီး၊ အထောက်အကူပြုယာဉ် (၂)စီး အုပ်ချုပ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၅)စီးတို့နဲ့ မီးငြိမ်းသတ်ခဲ့ရာ မနက် ၄နာရီမှာ မီးငြိမ်းခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေထုတ်ပြန်ထားပါတယ်။   မီးလောင်မှုကြောင့် အလျား(၂၀၀)ပေ အနံ(၈၀)ပေ Street Structure သွပ်မိုး/သွပ်ကာ ကွန်ကရစ်ခင်း(၁)ထပ်ဂိုဒေါင်(၂)လုံး၊ ဖော့ဖြတ်စက်(၂)လုံး၊ အပူခံဖော့ပြားစက်၊ မှိုရိုက်စက်၊ ဖော့ပြားလိပ်များ မီးလောင်းကျွမ်းခဲ့သဖြင့် ကျပ်…

Read More

ရခိုင်လူငယ်တွေပြုလုပ်တဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနေ့အခမ်းအနား

စစ်တွေ၊ စက်တင်ဘာ ၂၁- ၂၀၂၁ ထက်အောင်စိုင်း (VOM)   ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အခမ်းနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ လူငယ်တွေစုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။   ” အခုလိုမျိုးအခမ်းအနားပြုလုပ်ရတာဟာ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့နှစ်တွေက ​စစ်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူတွေ ထိခိုက်နစ်နာတာတွေရှိခဲ့တာကြောင့် အဲဒီလို အဖြစ်အပျက်တွေကို နောက်နောင်မဖြစ်စေဖို့နဲ့ ရခိုင်ဒေသငြိမ်းချမ်းသာယာစေလိုတဲ့ အတွက် ပြုလုပ်တာဖြစ်တယ်”လို့ အခမ်းအနားပြုလုပ်နဲ့ လူငယ်တစ်ဦးကပြောပါတယ်။   အခမ်းအနားမှာ လူငယ်တွေအချင်းချင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆွေးနွေး ဖလှယ်မှုတွေ၊ ကဗျာရွက်ဖတ်တာတွေ၊ ငြိမ်းချမ်းရေးသီချင်း သီဆိုမှုတွေအပြင် လူငယ်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေကို ပုံဖော်ရေးဆွဲမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။   နိုင်ငံတကာငြိမ်းချမ်းရေးနေ့အဖြစ် (၂၀၀၁) နှစ် စက်တင်ဘာလ ၂၁ ရက်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကနေပြီး တရားဝင်သတ်မှတ်ခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။   #voiceofmyanmar #VOM…

Read More

လက်နက်မှောင်ခိုတင်သွင်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ လုံခြုံရေးတပ်လှန့်ထား

ဘန်ကောက်၊ စက်တင်ဘာ-၂၁-၂၀၂၁ မျိုးဆက် (VOM)   လက်ရှိအချိန်မှာ လက်နက်မှောင်ခိုတင်သွင်းမှုတွေကို ကာကွယ်ဖို့အတွက် မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်တွေမှာ ပိုမိုတင်းကြပ်တဲ့ လုံခြုံရေးအစီအမံတွေချထားဖို့ ထိုင်းလုံခြုံရေးအေဂျင်စီတွေက သတိပေးတပ်လှန့်ထားပါတယ်။   ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အဆင့်လက်နက်တွေကို မှောင်ခိုရောင်းချနေကြောင်း မကြာသေးမီက သတင်းတွေရရှိပြီးနောက် ထိုင်းဒုတိယ၀န်ကြီးချုပ် Prawit Wongsuwon ကအခုလိုက်ညွှန်ကြားလိုက်တာလို့ ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Kongcheep Tantrawanich ကပြောပါတယ်။   ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမှ မထောက်ခံကြောင်း ၊ မှောင်ခိုသမားတွေအသုံးပြုတဲ့ လက်နက်၀ယ်ယူတဲ့အရင်းအမြစ်တွေ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း၊ ငွေကြေးလမ်းကြောင်းတွေရဲ့ အချက်အလက်တွေကိုစုဆောင်းရယူဖို့ လုံခြုံရေးအေဂျင်စီတွေကို ညွှန်ကြားခဲ့တယ်လို့သူကပြောပါတယ်။   မကြာသေးမီက ချွန်ဘူရီရှိ ဆတ်သာဟစ်ခရိုင်မှာ လက်နက်မှောင်ခိုသမားတွေကို ဖမ်းဆီးခဲ့တဲ့အမှုမှာ ပြည်နယ်တာ၀န်ရှိသူတွေအပြင် အသိုင်းအဝိုင်းများစွာ ဆက်စပ်နေတယ်လို့ဆိုပါတယ်။   စုံစမ်းစစ်ဆေးမှုတွေကို တိုးချဲ့လုပ်ဆောင်နေပြီး အသေးစိတ်အချက်အလက်တွေကိုတော့ သူကထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။   Ref: Bangkok…

Read More

မြန်မာနိုင်ငံက မြေရှားသတ္တုတွေ တရုတ်နိုင်ငံဘက်ကိုတင်သွင်းမှု ၉၀ ရာခိုင်နှုန်းကျော် ကျဆင်း

ပေကျင်း၊ စက်တင်ဘာ-၂၁-၂၀၂၁ မျိုးဆက်(VOM)   ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေကြောင့် တရုတ်-မြန်မာနယ်စပ်အဓိကဂိတ်တစ်ခုကို ပိတ်ထားတာကြောင့် မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို တရုတ်နိုင်ငံက တင်သွင်းမှုဟာ သြဂုတ်လအတွင်း အလွန်နည်းပါးခဲ့တယ်လို့ စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်တဲ့ တရုတ်ကုန်သွယ်ရေး အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။   တရုတ်နိုင်ငံဟာ အီလက်ထရောနစ်ပစ္စည်းတွေ၊ စစ်သုံးပစ္စည်းတွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့ မြေရှားသတ္တုကို ကမ္ဘာပေါ်မှာ အကြီးအကျယ်ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပေမယ့် ကုန်ကြမ်း ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံအပေါ် မှီခိုနေရပါတယ်။   ဒီလိုတင်သွင်းမှုလျော့နည်းသွားတာကြောင့် လျှပ်စစ်ကားတွေ၊ လေစွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရေး တာဘိုင်တွေမှာအသုံးပြုတဲ့ မြေရှားသတ္တုသံလိုက်ထုတ်လုပ်မှုအပေါ် ထိခိုက်ခဲ့ပြီး တာဘီယမ်နဲ့ ဒိုင်စပေါ်စီယမ် လိုမျိုး အဓိကသံလိုက်သတ္တုတွေ စျေးနှုန်းကြီးမြင့်နေပါတယ်။   ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူတွေအသုံးပြုနိုင်မယ့် ပစ္စည်းအဖြစ် မြန်မာနိုင်ငံကနေ တရုတ်ဘက်ကို မြေရှားသတ္တုတင်ပို့မှုဟာ ပြီးခဲ့တဲ့လအတွင်းမှာ ၂၃ တန်သာရှိခဲ့တယ်လို့ တရုတ်အကောက်ခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   ဒါဟာ…

Read More

ဆူဒန်မှာ မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွား

ခါတွမ်၊ စက်တင်ဘာ-၂၁-၂၀၂၁ မျိုးဆက် (VOM)   ဆူဒန်နိုင်ငံမှာ အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းဖို့အားထုတ်မှု မအောင်မြင်ကြောင်း ဆူဒန်နိုင်ငံပိုင် ရုပ်မြင်သံကြားက စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   မြို့တော်ခါတွမ်နဲ့ အနီးရှိ အွမ်ဒါမန်တို့မှာတော့ စစ်ရေးလှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး နိုင်းမြစ်ကူးတံတားတွေကိုလည်း ပိတ်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။   အာဏာသိမ်းရန်ကြံစည်သူတွေဟာ နိုင်ငံပိုင်သတင်းဌာနအဆောက်အဦးကို သိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်လို့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။   ဒါပေမယ့် အာဏာသိမ်းဖို့ကြံတဲ့ အဖွဲ့ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။   မြို့တော်ရဲ့လမ်းမတွေမှာတော့ သံချပ်ကာယာဉ်တွေနဲ့ လှည့်လည်မှုတွေပြုလုပ်နေပါတယ်။ အခြေအနေကို ထိန်းချုပ်ဖို့ အစီအမံတွေလုပ်ဆောင်နေကြောင်း ဆူဒန်အစိုးရကပြောပါတယ်။   ရိုက်တာသတင်းဌာနရဲ့ အဆိုအရတော့ သံသယရှိသူတွေကို စုံစမ်းစစ်ဆေးမှုတွေ စတင်တော့မယ်လို့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားကြောင်း ဖော်ပြထားပါတယ်။   ဆူဒန်ကို ကာလရှည်အုပ်ချုပ်ခဲ့တဲ့ အိုမာအယ်လ်ဘာရှာကို လွန်ခဲ့တဲ့နှစ်နှစ်က…

Read More

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ၅၀၅-ခ အမှု စွဲချက်တင်အမိန့်ချ

နေပြည်တော်၊ စက်တင်ဘာ ၂၁-၂၀၂၁ KT(VOM)   ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ၅၀၅-ခအမှုနဲ့ပတ်သက်ပြီး ဒီကနေ့ရုံးချိန်မှာ စွဲချက်တင်အမိန့်ချလိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။   ” ဒီနေ့အမေ့ကိုစွဲထားတဲ့ ၅၀၅ – ခအမှုနဲ့ပတ်သက်ပြီးစွဲချက်တင်ကြောင်းအမိန့်ချလိုက်ပါတယ်၊ ဒီနေ့ရုံးချိန်းမှာ အမေရယ်၊သမ္မတရယ်၊ဒေါက်တာမျိုးအောင်ရယ် သုံးဦးလုံးနဲ့တပြိုင်တည်းတွေ့ရပါတယ်၊ တွေ့ပြီးတော့ ဦးစိုးစိုးရွှေစွဲထားတဲ့ ပုဒ်မ ၅၀၅-ခ အမှုကိုစွဲချက်တင်လိုက်ပါတယ်၊ စွဲချက်တင်ကြောင်းအမိန့်ချတယ်ပေါ့နော်၊ ကျမတို့ဘက်က ပြန်ခေါ်သက်သေနှစ်ဦးရှိကြောင်းလျှောက်ပါတယ်၊ တရားရုံးကခွင့်ပြုတယ်၊ နောက်အပတ်ရုံးချိန်းမှာ ပြန်ခေါ်သက်သေစစ်ပါမယ်၊နောက်သဘာဝဘေးအမှုကိုစစ်ပါတယ်၊သဘာဝဘေးအမှုမှာ တရားလိုပြသက်သေတဦး(အောင်ဇမ္ဗူရပ်ကွက်ကသက်သေပေါ့နော်)စစ်ပါတယ်၊စစ်ပြီးတော့မှ ကျန်တဲ့တရားလိုပြသက်သေ နှစ်ဦးကိုစစ်ဖို့ ၂၈.၉.၂၀၂၁ နေ့ကိုချန်းလိုက်ပါတယ်”လို့ တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။   ဒါ့အပြင် “ဒီနေ့ဘာမှမထူးပါဘူး ဘာမှထွေထွေထူးထူးမပြောဖြစ်ပါဘူး အမှုနဲ့ပတ်သက်ပြီးပြောကြပါတယ်၊စွဲချက်တင်အမိန့်ချတာက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ ကိုစွဲချက်တင်အမိန့်ချပါတယ်၊ပြန်ခေါ်ရှိလားလို့တရားသူကြီးကမေးတယ်၊ကျမတို့က နှစ်ဦးရှိတယ်ဆိုပြီးတင်ပြတော့ ပြန်ခေါ်သက်သေကို နောက်ရုံးချိန်းမှာစစ်မယ်၊ ပြန်ခေါ်သက်သေစစ်ပြီးမှ တရားခံစစ် စစ်မှာပေါ့နော်”လို့ ဒေါ်မင်းမင်းစိုးကဆက်ပြောပါတယ်။   ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အဂတိအမှုကိုတော့ အောက်တိုဘာ ၁ရက်နေ့ကို ပြန်လည်ချိန်းဆိုထားတဲ့အပြင် အဂတိအမှုကို…

Read More

လျှော်ဖြူရွာမှာ ပစ်ခတ်မှုတွေဖြစ်လို့ မိသားစုဝင် ၄ ယောက်သေဆုံး၊ ၁နှစ်ကျော်ကလေးနဲ့ လူအချို့ဒဏ်ရာရ

စက်တင်ဘာ ၂၁-၂၀၂၁ GH ( VOM )   နွားထိုးကြီးမြို့နယ်၊ လျှော်ဖြုရွာမှာ မနေ့ စက်တင်ဘာ ၂၀ ရက်နေ့ ည ၁၂နာရီကျော်ခန့်က ပစ်ခတ်မှုတွေ ၊ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့လို့ လျှော်ဖြူရွာအလယ်ပိုင်း ကျေးရွာထဲက မိသားစုဝင် ၄ ယောက်သေဆုံးခဲ့ပြီး ကလေးငယ် အပါအဝင် လူ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   “အရင်ကမဖြစ်ခဲ့ဘူးတော့ ဘယ်အသံက စစ်ဖြစ်တဲ့အသံလဲ ၊ဘယ်အသံက လက်နက်ကြီးအသံလဲမသိဘူး။ကြားနေတာတော့ ဝုန်း ဝုန်း နဲ့ပါအေ။မြေကိုတုန်နေပါရော ၊ တစ်ယောက်ကဒဏ်ရာရတယ်၊ ဒေါ်ညွန့် သူ့သမီးပေါ့။ သူကမန္တလေးဆေးရုံမှာ တင်ထားရတယ်၊ ရဲစာပါမှကုပေးမယ်ပြောလို့ အခုထိ မကုရသေးဘူးကြားတယ်။ခေါင်းမှန်တာ အခြေအနေမကောင်းဘူးလို့ကြားတယ်။ ဦးနှောက်သွေးယိုစိမ့်တယ်ကြားတယ်။တစ်နှစ်ကျော်ကလေးလေးရော လက်တွေရောခြေထောက်တွရော ဒဏ်ရာရတယ်လို့သိရတယ်၊ ဆီစက် ဆီကျိတ်တာပေါ့ သူတို့မိသားစုက အရမ်းကိုအေးဆေးတဲ့မိသားစုပါ။ ” လို့ ရွာခံတစ်ဦးကပြောပြပါတယ်။   အဲ့ဒီပစ်ခတ်မှုတွေကြောင့်…

Read More

အသက် ၁၀၇ နှစ်ကျော် ဂျပန်ညီအမနှစ်ဦး ကမ္ဘာ့အသက်အကြီးဆုံးအမွှာအဖြစ် ဂင်းနစ်စံချိန်၀င်

တိုကျို၊ စက်တင်ဘာ-၂၁-၂၀၂၁] မျိုးဆက် (VOM)   ဂျပန်နိုင်ငံမှ အသက် ၁၀၇ နှစ်နဲ့ ရက် ၃၀၀ ရှိပြီဖြစ်တဲ့ အမွှာညီအမကို ကမ္ဘာ့အသက်အကြီးဆုံး အမွှာညီအမအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းမှာ အသိအမှတ်ပြုလိုက်ပါတယ်။   ယူမီနိုဆူမီယာမာနဲ့ ကိုယူမီကိုဒါမာ အမွှာညီအမနှစ်ဦးဟာ ကမ္ဘာ့အသက်အကြီးဆုံး အမွှာညီအမအဖြစ် ယခင်ကသတ်မှတ်ခံထားရတဲ့ ကင်နာရီတာ နဲ့ ဂျင်ကာနီတို့ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။   လူမှုပေါင်းသင်းဆက်ဆံရေး လွန်စွာကောင်းလှတဲ့ အဲဒီအမွှာညီအမနှစ်ဦးကို ရှိုဒိုရှီးမားကျွန်းမှာ ၁၉၁၃ ခုနှစ် နို၀င်ဘာ ၅ ရက်က မွေးဖွားခဲ့တာဖြစ်ပါတယ်။   သူတို့နှစ်ဦးဟာ ကမ္ဘာ့အသက်အကြီးဆုံး အမွှာညီအမအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာကို စက်တင်ဘာ ၁ ရက်မှာ အသိအမှတ်ပြုခဲ့တာလို့ ဂင်းနစ်မှတ်တမ်းအဖွဲ့က စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။   ယခင်က စံချိန်တင်ခဲ့တဲ့ ကင် နှင့် ဂျင် အမွှာညီအမနှစ်ဦးဟာ…

Read More

ပြည်မြို့က ပရဟိတသမားတယောက်အပါအဝင် အမျိုးသား(၂)ယောက်အဖမ်းခံရ

စက်တင်ဘာ ၂၁-၂၀၂၁ GH ( VOM )   ပြည်မြို့က ပရဟိတသမားတယောက်နဲ့ အမျိုးသား တယောက် မနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ညပိုင်းက ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ကိုမျိုးနိုင်က ပရဟိတလုပ်တယ်။ သူ့ကိုအရင်ထဲက စစ်တပ် သတင်းပေးတဲ့ ဝကြီးကို သတ်တယ်ဆိုတဲ့ စွပ်စွဲထားတာ။ ဒါကြောင့်သူကရှောင်နေတာ။ အခုညက အောင်လံမှာ ဆိုင်ကယ်စီးနေချိန် ပစ်ပြီးဖမ်းခံလိုက်ရတယ်လို့သိရတယ်။သူနဲ့အတူနောက်တစ်ဦးလည်းပါတယ်သိရတယ်။ သေနတ်မှန်သွားတယ် ” လို့ ဒေသခံတစ်ဦးကပြောပါတယ် ။   ဖြစ်စဉ်မှာ မနေ့ည ၈ နာရီလောက်မှာ ပရဟိတလုပ်ကိုင်သူ ကိုမျိုးနိုင်နဲ့အတူ အမျိုးသားသုံးယောက် ဆိုင်ကယ်စီးနေချိန် စစ်တပ်က သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးလိုက်တာဖြစ်ကြောင်း ၊၂ ယောက်ဖမ်းခံရပြီး တယောက်ကတော့ လွတ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။   ပစ်ခတ်ဖမ်းဆီးတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုဖို့အတွက် VOm…

Read More

အိန္ဒိယရဲ့ ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့မှု အောက်တိုဘာလမှာ ပြန်လည်စတင်မယ်

ဒေလီ၊ စက်တင်ဘာ-၂၁-၂၀၂၁ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ပြည်ပတင်ပို့မှုကို အောက်တိုဘာလမှပြန်လည်စတင်မယ်လို့ အိန္ဒိယအစိုးရက စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ဖော်ပြောကြေညာလိုက်ပါတယ်။   နိုင်ငံတွင်းမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းမြင့်တက်ခဲ့တာကြောင့် ကာကွယ်ဆေးတွေပြည်ပတင်ပို့မှုတွေကို ဧပြီလမှာ ရပ်ဆိုင်းခဲ့ပါတယ်။   ကမ္ဘာ့ပေါ်မှာ ကာကွယ်ဆေးအကြီးအကျယ်ထုတ်လုပ်တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းမှာထုတ်လုပ်တဲ့ Astrazeneca ကာကွယ်ဆေးတွေကို ပြည်ပနိုင်ငံတွေကို အများအပြားတင်ပို့ခဲ့ပါတယ်။   အောက်တိုဘာ သို့မဟုတ် ဒီဇင်ဘာလအစောပိုင်းမှာ ကာကွယ်ဆေးတွေပြန်လည်တင်ပို့မယ့်အစီအစဉ်ကို အိန္ဒိယကျန်းမာရေး၀န်ကြီးက စက်တင်ဘာ ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။   အိန္ဒိယနိုင်ငံဟာ ယခုနှစ်ပထမနှစ်၀က်အတွင်း နိုင်ငံတကာပါ၀င်တဲ့ COVAX အစီအစဉ်သို့ ကာကွယ်ဆေး ၇၀ ရာခိုင်နှုန်းကျော် ထုတ်လုပ်ပေးနိုင်ခဲ့ပြီး တင်ပို့မှုရပ်ဆိုင်းလိုက်တာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးဖြန့်ဖြူးရေးအပေါ် ထိခိုက်ခဲ့ရပါတယ်။   Ref : NHK Photo:…

Read More
VOM News

FREE
VIEW