လှိုင်သာယာစက်မှုဇုန်က Jin Shwe Li ဖော့စက်ရုံ မီးလောင်ပြီး သိန်း၆၀၀ကျော်ဆုံးရှုံးမှုရှိခဲ့

ရန်ကုန်၊စက်တင်ဘာ ၂၁၊၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ လှိုင်သာယာအရှေ့ပိုင်းမြို့ နယ် စက်မှုဇုန်(၁)၊ဆိပ်ကမ်းသာလမ်း၊ အမှတ် ၁၈၉က ကျင်းရွှေလီဖော့စက်ရုံမှာ ဒီကနေ့မနက်အစောပိုင်းက မီးလောင်ခဲ့လို့ သိန်း ၆၀၀ ကျော်ဆုံးရှုံးခဲ့တယ်လို့ အုပ်ချုပ်ရေးပိုင်းကနေ သိရပါတယ်။
 
” ဖော့ဖြတ်စက်ကို ဆက်သွယ်ထားတဲ့ ဘရေကာချို့ယွင်းအပူလွန်ကဲရာကနေ မီးပွားထွက်ပြီး ဖော့ဖြတ်စက်နားက ဖော့လိပ်တွေကို မီးကူးစက်တာကနေ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်”လို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
မနက်၃နာရီကနေ မီးစတင်လောင်တာကြောင့် မီးလောင်မှုအဆင့် Level-2သက်မှတ်ကာ မီးသတ်ယာဉ် (၁၀)စီး၊ အထောက်အကူပြုယာဉ် (၂)စီး အုပ်ချုပ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၅)စီးတို့နဲ့ မီးငြိမ်းသတ်ခဲ့ရာ မနက် ၄နာရီမှာ မီးငြိမ်းခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေထုတ်ပြန်ထားပါတယ်။
 
မီးလောင်မှုကြောင့် အလျား(၂၀၀)ပေ အနံ(၈၀)ပေ Street Structure သွပ်မိုး/သွပ်ကာ ကွန်ကရစ်ခင်း(၁)ထပ်ဂိုဒေါင်(၂)လုံး၊ ဖော့ဖြတ်စက်(၂)လုံး၊ အပူခံဖော့ပြားစက်၊ မှိုရိုက်စက်၊ ဖော့ပြားလိပ်များ မီးလောင်းကျွမ်းခဲ့သဖြင့် ကျပ် သိန်း (၆၃၀)ခန့် ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
 
လက်တလော မီးပေါ့ဆစွာသုံးစွဲသူ စက်ပစွည်းထိန်းသိမ်းရေးတာဝန်ခံ အမျိုးသားကို လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းမှ (ပ)၄၆၈/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
 
Photo- MFSD
#voiceofmyanmar #VOM #ရန်ကုန် #ဖော့စက်ရုံမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW