ဆူဒန်မှာ မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွား

ခါတွမ်၊ စက်တင်ဘာ-၂၁-၂၀၂၁
မျိုးဆက် (VOM)
 
ဆူဒန်နိုင်ငံမှာ အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းဖို့အားထုတ်မှု မအောင်မြင်ကြောင်း ဆူဒန်နိုင်ငံပိုင် ရုပ်မြင်သံကြားက စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
မြို့တော်ခါတွမ်နဲ့ အနီးရှိ အွမ်ဒါမန်တို့မှာတော့ စစ်ရေးလှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး နိုင်းမြစ်ကူးတံတားတွေကိုလည်း ပိတ်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
 
အာဏာသိမ်းရန်ကြံစည်သူတွေဟာ နိုင်ငံပိုင်သတင်းဌာနအဆောက်အဦးကို သိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်လို့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။
 
ဒါပေမယ့် အာဏာသိမ်းဖို့ကြံတဲ့ အဖွဲ့ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။
 
မြို့တော်ရဲ့လမ်းမတွေမှာတော့ သံချပ်ကာယာဉ်တွေနဲ့ လှည့်လည်မှုတွေပြုလုပ်နေပါတယ်။ အခြေအနေကို ထိန်းချုပ်ဖို့ အစီအမံတွေလုပ်ဆောင်နေကြောင်း ဆူဒန်အစိုးရကပြောပါတယ်။
 
ရိုက်တာသတင်းဌာနရဲ့ အဆိုအရတော့ သံသယရှိသူတွေကို စုံစမ်းစစ်ဆေးမှုတွေ စတင်တော့မယ်လို့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားကြောင်း ဖော်ပြထားပါတယ်။
 
ဆူဒန်ကို ကာလရှည်အုပ်ချုပ်ခဲ့တဲ့ အိုမာအယ်လ်ဘာရှာကို လွန်ခဲ့တဲ့နှစ်နှစ်က ဖြုတ်ချပြီးနောက် စစ်ဘက်၊ အရပ်ဘက်နဲ့ အတိုက်အခံအုပ်စုတွေပါ၀င်တဲ့ အစိုးရတစ်ရပ်ကို ထူထောင်ခဲ့ပြီး အာဏာခွဲဝေရေး သဘောတူခဲ့ကြပါတယ်။
 
Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ခါတွမ်

Related posts

Leave a Comment

VOM News

FREE
VIEW