အသက် ၁၀၇ နှစ်ကျော် ဂျပန်ညီအမနှစ်ဦး ကမ္ဘာ့အသက်အကြီးဆုံးအမွှာအဖြစ် ဂင်းနစ်စံချိန်၀င်

တိုကျို၊ စက်တင်ဘာ-၂၁-၂၀၂၁]
မျိုးဆက် (VOM)
 
ဂျပန်နိုင်ငံမှ အသက် ၁၀၇ နှစ်နဲ့ ရက် ၃၀၀ ရှိပြီဖြစ်တဲ့ အမွှာညီအမကို ကမ္ဘာ့အသက်အကြီးဆုံး အမွှာညီအမအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းမှာ အသိအမှတ်ပြုလိုက်ပါတယ်။
 
ယူမီနိုဆူမီယာမာနဲ့ ကိုယူမီကိုဒါမာ အမွှာညီအမနှစ်ဦးဟာ ကမ္ဘာ့အသက်အကြီးဆုံး အမွှာညီအမအဖြစ် ယခင်ကသတ်မှတ်ခံထားရတဲ့ ကင်နာရီတာ နဲ့ ဂျင်ကာနီတို့ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
 
လူမှုပေါင်းသင်းဆက်ဆံရေး လွန်စွာကောင်းလှတဲ့ အဲဒီအမွှာညီအမနှစ်ဦးကို ရှိုဒိုရှီးမားကျွန်းမှာ ၁၉၁၃ ခုနှစ် နို၀င်ဘာ ၅ ရက်က မွေးဖွားခဲ့တာဖြစ်ပါတယ်။
 
သူတို့နှစ်ဦးဟာ ကမ္ဘာ့အသက်အကြီးဆုံး အမွှာညီအမအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာကို စက်တင်ဘာ ၁ ရက်မှာ အသိအမှတ်ပြုခဲ့တာလို့ ဂင်းနစ်မှတ်တမ်းအဖွဲ့က စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ယခင်က စံချိန်တင်ခဲ့တဲ့ ကင် နှင့် ဂျင် အမွှာညီအမနှစ်ဦးဟာ အသက် ၁၀၇ နှစ်နဲ့ ၁၇၅ ရက်မှာ ဂင်းနစ်စံချိန် ၀င်ခဲ့ပြီး ကင်ဟာ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလမှာ ကွယ်လွန်ခဲ့ပြီး ဂျင်ကတော့ အသက် ၁၀၈ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
 
Ref : BBC
Photo : Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW