မောင်တောမှာ ထွေ/အုပ်ဝန်ထမ်းတဦး လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံး

ဒီဇင်ဘာ ၊ ၂၃-၂၀၂၁
နှင်းဖြူဝေ (VOM)
 
ရခိုင်ပြည်နယ် ၊မောင်တောမြို့၊မောင်တော ဘုတ်ဆိပ်ကမ်းတံတားအနီးမှာ ဒီကနေ့မနက်ပိုင်းက ထွေ/အုပ်ဝန်ထမ်း လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဒေသခံတွေက တွေ့ရတဲ့အတွက် ရဲဌာနကို အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ဒီမနက် အစောပိုင်းက တွေ့ရတာပါ ၊ သေဆုံးသူက. မောင်းတော၊ မြင်းလွှတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတဦးဖြစ်တယ် ၊ ကိုဆန်းဌေး အသက် ၂၆ နှစ်ဆိုတဲ့သူ “လို့ နယ်ခံ လူမှုကူညီရေး ပရဟိတသမားတယောက်က ပြောပါတယ်။
 
မောင်တောမြို့မရဲစခန်းကတော့ ” သူဘာကြောင့်သေဆုံးရတယ်ဆိုတာ သိနိုင်ဖို့ ရုပ်အလောင်းကို ဆေးရုံပို့ဆောင် စစ်ဆေးနေတာတွေ စတင်လုပ်နေပြီ “လို့ ပြောပါတယ်။
 
မောင်တောဒေသမှာ အခုနှစ်အတွင်း လူသတ်မှုအကြိမ်ရေ ဆယ်ဂဏန်းနီးပါးရှိခဲ့ပေမယ့် အခုလို ထွေ/အုပ် ဝန်ထမ်း အသတ်ခံရတာဟာ ပထမဦးဆုံးဖြစ်တယ်လို့ နယ်ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #မောင်တော #ထွေအုက်ဝန်ထမ်း #ပြတ်ရှဒဏ်ရာနဲ့သေဆုံးနေ

Related posts

Leave a Comment

VOM News

FREE
VIEW