ကြိုလှည့်ပါ့၊ ဆံကေသွယ်…

ဆူးငှက် “လက်ရေတစ်ပြင်တည်း… နှီးဒေါင်းလန်းကြီးတွေနဲ့ ဝိုင်းဖွဲ့ကာစားကြသည်။ မြမဒီခင်… ခပ်ငယ်ငယ် တေးဆိုကြ၊ မြူးပျော်ကြ…” နန်းတော်ရှေ့ဆရာတင်ရဲ့ ‘လက်ရေတပြင်တည်း’သီချင်းက အခုထိမရိုးနိုင်တဲ့ ခေတ်မီနေဆဲဖြစ်တယ်။ သီချင်းပါအကြောင်းအရာထက် “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်၊ ခင်ခင်မင်မင်… လက်ရေတစ်ပြင်တည်း၊ ရှေးကတော့ ပိုချစ်ကြတယ်…”ဆိုတဲ့ စာသားလေးဟာ ကျစ်လျစ်သိပ်သည်းမှုနဲ့အတူ ဒီကနေ့ ဒီတိုင်းပြည် ဒီလူမျိုးအနေနဲ့ အလိုအပ်ဆုံးအရာဖြစ်နေလို့ပါပဲ။ ဟုတ်ပါတယ်။ ညီညွတ်ရေး… အရေးတကြီးလိုတယ်။ အသက်ရှည်ရှည်နေထိုင်လုပ်ကိုင်ကြရမယ့် ကျန်းမာရေးတွေလည်း လိုအပ်တယ်။ အသက်ရှည်သည်နှင့်အမျှ တိုင်းရင်းသားပြည်သူအားလုံး(ဝါ)မြန်မာပြည်သားအားလုံး ချစ်ချစ်ကြည်ကြည် ခင်ခင်မင်မင်ရှိကြဖို့လည်း အများကြီးလိုအပ်တယ်။ တစ်ရေတည်းနေ တစ်မြေတည်းသောက်တွေချင်းမှာ အခွင့်အရေးတန်းတူရှိကြရမယ်။ ဘယ်သူကသာရမယ်၊ ဘယ်သူပိုနာရမယ် မရှိရဘူး။ ဒီ ဒေါင်းလန်းထဲက ထမင်းနဲ့ဟင်းဟာ အားလုံးနဲ့သက်ဆိုင်တယ်။ ဒီလို လူမှုစရိုက်မျိုးဟာ မြန်မာမှာ ဟိုရှေးအတီအတေကတည်းက သန္ဓေတည်ရှိခဲ့တယ်။ ပယောဂတွေ၊လက်နက်တွေ၊ အာဏာတွေကြောင့်သာ စိတ်ဝမ်းကွဲခဲ့ကြတာ…။ ဒါကြောင့် “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရေတစ်ပြင်တည်း၊ ရှေးကတော့…

Read More

မောင်တောမြို့မှာ အသက်၅နှစ်နဲ့ ၈နှစ်အရွယ်ကျောင်းသား၂ဦး ကားတိုက်ခံရပြီးသေဆုံး

ဒီဇင်ဘာ ၂၃-၂၀၂၁ GH(VOM)   ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွေဗဟို မူလတန်းကျောင်းက ကျောင်းသား ၂ ဦး ကားတိုက်ခံရပြီးသေဆုံးမှု ဒီကနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။   ကားတိုက်ခံရတဲ့ကလေးငယ်တွေကတော့ ရွှေဗဟိုရွာ မူလတန်းကျောင်းမှာ ကျောင်းတက်နေတဲ့ အသက် ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူ မချမ်းနုကလေးနဲ့ အသက် ၅ နှစ်အရွယ် KGကျောင်းသား မောင်ထွန်းထွန်းလင်းတို့ဖြစ်တယ်လို့ သိရပါတယ်။   ” ၁၂ နာရီ ၄၀ လောက်ကဖြစ်တာ ၊ကျနော်တို့ဆီဖုန်းဆက်တာတော့ ၁ နာရီလောက်ပေါ့ ၊ ကလေးတွေက ကျောင်းဆင်းချိန် အိမ်ပြန်ထမင်းစားတယ်၊စားပြီးကျောင်းကိုအပြန် လမ်းမှာပဲအတိုက်ခံရတာ။ နေရာမှာပဲ ပွဲချင်းပြီးသေသွားတာ။ ကားသမား အခုထိမမိဘူး၊ သိတော့သိနေပြီလို့ပြောတယ် “လို့ မောင်တောမြို့ ဂရုဏာကွန်ရက်မှ ကိုချစ်ထူးခိုင်က ပြောပါတယ် ။   ကလေးငယ်…

Read More

ကိုဗစ်-၁၉ ကာကွယ်နိုင်တဲ့ နှာခေါင်းဖြန်းဆေး သုတေသီတွေ စမ်းသပ်နေ

ဆစ်ဒနီ၊ ဒီဇင်ဘာ-၂၃-၂၀၂၁ မျိုးဆက်(VOM)   သြစတြေးလျနိုင်ငံမှ သုတေသီတွေဟာ နှာခေါင်းအတွင်းကို သွေးကြဲဆေးဖျန်းခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ခြင်းရှိမရှိ လက်တွေ့စမ်းသပ်မှုတွေလုပ်ဆောင်နေပါတယ်။   ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်နိုင်သောပရိုတင်းကို ပျက်ပြယ်စေဖို့ကြိုးပမ်းရာမှာ သုတေသီတွေဟာ စျေးချိုတဲ့ သွေးကြဲဆေးအမျိုးအစားတစ်ခုကို အသုံးပြုလေ့လာနေကြပါတယ်။   ကိုဗစ်-၁၉ ကူးစက်ခံရသူရဲ့ နှာခေါင်းထဲကို အဲဒီဆေးကိုဖြန်းလိုက်တဲ့အခါ ဗိုင်းရပ်စ်ဟာ ကူးစက်မှုမရှိနိုင်ဖွယ်ရှိကြောင်း သုတေသီတွေကပြောပါတယ်။ ဒါပေမယ့် အဲဒီစမ်းသပ်မှုဟာ ၂၀၂၂ ခုနှစ် နှစ်လယ်ထိ အပြီးသတ်ဖွယ်မရှိသေးဘူးလို့ဆိုပါတယ်။   တကယ်လို့ ထိရောက်မှုရှိခဲ့မယ်ဆိုရင် ကာကွယ်ဆေးတွေ အခြားအစီအမံတွေနဲ့အတူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီဖြန်ဆေးကို အစောပိုင်းကုသမှုအဖြစ်နဲ့ ဗိုင်းရပ်စ်ကူးစက်မှုကိုတားဆီးရေးအတွက်အသုံးပြုဖို့ သုတေသီတွေကမျှော်လင့်ထားပါတယ်။   နှာခေါင်းဖြန်းဆေးကို လူစည်ကားရာနေရတွေနဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ ဗိုင်းရပ်စ်တားဆီးရေး အစီအမံတစ်ရပ်အနေနဲ့ အသုံးပြုဖို့ရည်ရွယ်ထားကြောင်း သုတေသနကို ဦးဆောင်နေတဲ့ ပါမောက္ခဒွန်ကမ်းဘဲလ်က ပြောပါတယ်။   Ref: BBC #voiceofmyanmar #VOM…

Read More

ကိုဗစ်ကူးစက်မှု မြင့်တက်နေလို့ လူ ၁၃ သန်းနေထိုင်တဲ့ တရုတ်နိုင်ငံ ရှီအန်မြို့ကို လော့ခ်ဒေါင်းချ

ပေကျင်း၊ ဒီဇင်ဘာ-၂၃-၂၀၂၁ မျိုးဆက်(VOM)   တရုတ်နိုင်ငံရှိ လူဦးရေ ၁၃ သန်းကျော်နေထိုင်တဲ့ ရှီအန်မြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားနေတာကို ကိုင်တွယ်ထိန်းချုပ်ဖို့အတွက် အာဏာပိုင်တွေက လော့ခ်ဒေါင်းချလိုက်ပါတယ်။   နိုင်ငံမြောက်ပိုင်းရှိ အဲဒီမြို့မှာ ဒီဇင်ဘာ ၉ ရက်နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၃ ဦးထိရှိနေပါတယ်။   လက်ရှိထုတ်ပြန်လိုက်တဲ့အမိန့်အရ မရှိမဖြစ်ကုန်ပစ္စည်းတွေ၀ယ်ယူဖို့ တစ်အိမ်တစ်ယောက် နှစ်ရက်တစ်ကြိမ်သာ ပြင်ပသို့သွားလာခွင့်ရရှိမှာဖြစ်ပါတယ်။   ထုတ်ပြန်ထားတဲ့အမိန့်တွေဟာ ဒီဇင်ဘာ ၂၃ ရက်ညပိုင်းမှာ စတင်သက်၀င်မှာဖြစ်ပြီး ဒေသခံတွေအနေနဲ့ အာဏာပိုင်တွေရဲ့ခွင့်ပြုချက်မရရင် မြို့ကနေထွက်ခွင့်မရဘဲ အမိန့်ကတော့ ဘယ်လောက်ကြာမယ်ဆိုတာ မသိရသေးပါဘူး။   တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရာမှာ အစုလိုက်အပြုံလိုက် စစ်ဆေးခြင်းနဲ့ လော့ခ်ဒေါင်းချတဲ့နည်းဗျူဟာကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေပါတယ်။   ဖေဖော်ဝါရီလမှာ ၂၀၂၂ ခုနှစ်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပဖို့အတွက် အရှိန်မြှင့်လုပ်ဆောင်နေတဲ့အတွက် တရုတ်နိုင်ငံဟာကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး အမြင့်ဆုံးတပ်လှန်ထားပါတယ်။…

Read More

မောင်တောမှာ ထွေ/အုပ်ဝန်ထမ်းတဦး လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံး

ဒီဇင်ဘာ ၊ ၂၃-၂၀၂၁ နှင်းဖြူဝေ (VOM)   ရခိုင်ပြည်နယ် ၊မောင်တောမြို့၊မောင်တော ဘုတ်ဆိပ်ကမ်းတံတားအနီးမှာ ဒီကနေ့မနက်ပိုင်းက ထွေ/အုပ်ဝန်ထမ်း လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဒေသခံတွေက တွေ့ရတဲ့အတွက် ရဲဌာနကို အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ဒီမနက် အစောပိုင်းက တွေ့ရတာပါ ၊ သေဆုံးသူက. မောင်းတော၊ မြင်းလွှတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတဦးဖြစ်တယ် ၊ ကိုဆန်းဌေး အသက် ၂၆ နှစ်ဆိုတဲ့သူ “လို့ နယ်ခံ လူမှုကူညီရေး ပရဟိတသမားတယောက်က ပြောပါတယ်။   မောင်တောမြို့မရဲစခန်းကတော့ ” သူဘာကြောင့်သေဆုံးရတယ်ဆိုတာ သိနိုင်ဖို့ ရုပ်အလောင်းကို ဆေးရုံပို့ဆောင် စစ်ဆေးနေတာတွေ စတင်လုပ်နေပြီ “လို့ ပြောပါတယ်။   မောင်တောဒေသမှာ အခုနှစ်အတွင်း လူသတ်မှုအကြိမ်ရေ ဆယ်ဂဏန်းနီးပါးရှိခဲ့ပေမယ့် အခုလို ထွေ/အုပ် ဝန်ထမ်း အသတ်ခံရတာဟာ…

Read More

နေပြည်တော် NLD ဥက္ကဋ္ဌ ဦးမင်းသူကို ထောင်နှစ်နှစ် အမိန့်ချပြီး ရမည်းသင်းထောင်ပို့

ဒီဇင်ဘာ ၂၃၊၂၀၂၁ KK(VOM)   နေပြည်တော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD ဥက္ကဋ္ဌ ဦးမင်းသူကို မနေ့က နေပြည်တော်အချုပ်ထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၂နှစ်ချမှတ်ပြီး ဒီကနေ့မနက်ပိုင်း ရမည်သင်းအကျဥ်းထောင်ကိုပို့လိုက်တယ်လို့ NLD ပါတီဝင်တွေဆီက သိရပါတယ်။   ဦးမင်းသူဟာ နေပြည်တော်ကောင်စီနယ်မြေအတွင်းက အစိုးရဝန်ထမ်းတွေကို CDM မှာ ပါဝင်လာဖို့ လှုံ့ဆော်ခဲ့လို့ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ NLDပါတီဝင်တဦးက ပြောပါတယ်။   “ပုဒ်မ ၅၀၅(က)အတွက်ကထောင်ဒဏ်၂နှစ်အမိန့်ချတယ် နောက်ထပ် ကိုဗစ်ဥပဒေနဲ့လည်း အမှုဖွင့်ထားလို့ မနေ့ကစစ်သေးတယ်”လို့ သူကပြောပါတယ်။   လက်တလောမှာ ဦးမင်းသူကို သဘာဝဘေးအန္တရယ်စီမံခန်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ဒုရဲမှုးကြီးသန်းအေးက တရားစွဲဆိုထားတဲ့အတွက် ထပ်မံစစ်ဆးနေဆဲပဲလို့ NLD ပါတီဝင်တွေဆီက သိရပါတယ်။   ဦးမင်းသူကို စစ်တပ်ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဥတ္တရသီရိမြို့နယ်က…

Read More

အမြဲစည်ကားတဲ့ မုံရွာဝန်းကျင်က စိတ်ဝင်စားစရာနေရာတွေ ခရီးသွားအတော်ကျဲ

ဒီဇင်ဘာ ၊ ၂၃ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်းမှာ ကားလမ်းဘေး မိုင်းပေါက်ကွဲတာနဲ့ ကျေးရွာတချို့ ပစ်ခတ်တာတွေ ရှိလာတဲ့အတွက် အခုနှစ် ခရီးသွားရာသီမှာ ဘုရားဖူးဧည့်တွေ လာရောက်တာ မရှိဘူးလို့ ခရီးသွား လုပ်ငန်းရှင်တွေဆီက သိရပါတယ်။   ” နှစ်တိုင်းက ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်ရှည်မှာ စစ်ကိုင်းတိုင်းမှာ ဘုရားဖူးခရီးစဥ်နဲ့ ဘုရားဖူးဧည့်တွေ အများအပြားရှိတယ် ၊ ဒီနှစ်က လမ်းဘေးမိုင်း ပေါက်ကွဲတာနဲ့ ကျေးတချို့မှာ ပစ်ခတ်တာတွေ ရှိနေတဲ့အတွက် ဘုရားဖူးဧည့်တွေ မရှိသလို ၊ ခရီးစဥ်တွေလည်း အကုန်နားထားရတယ် ” လို့ မုံရွာအခြေစိုက် မြန်မာပြည်အနှံ့ ဘုရားဖူးခရီးစဥ် ဝန်ဆောင်မှု လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။   ” စစ်ကိုင်းတိုင်းမှာ ၁ နှစ်မှ ၄ လပဲ သွားရောက်ဖူးမျှော်ခွင့်ရတဲ့…

Read More

ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်ကို ထောင်ဒဏ် လေးနှစ်ချမှတ်

ဒီဇင်ဘာ ၂၃၊၂၀၂၁ KK(VOM)   ပြည်သူ့လွှတ်တော်ဒုဥက္ကဌဦးထွန်းထွန်းဟိန်ကို မနေ့ ဒီဇင်ဘာ ၂၂ရက်က နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)(ခ)တွေနဲ့ ထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။   ဦးထွန်းထွန်းဟိန်ကို လားရှိုးအကျဥ်းထောင်အတွင်းက အထူးတရားရုံးကနေ မနေ့မနက်ပိုင်းက အလုပ်နဲ့ထောင်ဒဏ်အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ NLD ပါတီဝင်တဦးက ပြောပါတယ်။   “ဖေဖော်ဝါရီလက ထုတ်ပြန်ချက်နှစ်စောင်နဲ့ပါတ်သတ်ပြီး လူထုအုံကြွအောင်လှုံ့ဆော်တာ၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လုပ်တာဆိုပြီး စွပ်စွဲချက်နဲ့ တရားစွဲတာပါ”လို့ပြောပါတယ်။   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၁၃ ရက်ကထုတ်ပြန်ခဲတဲ့ ကြေညာချက်နှစ်စောင်နဲ့ ပါတ်သတ်ပြီး စစ်တပ်မှ ပုဒ်မ ၅၀၅(က)(ခ)တို့နဲ့ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။   ဦးထွန်းထွန်ဟိန်ကို ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ကဖမ်းဆီးခဲ့ပြီး နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်နဲ့ ထားခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၇ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပြီး ဖေဖော်ဝါရီ…

Read More
VOM News

FREE
VIEW