မောင်တောမြို့မှာ အသက်၅နှစ်နဲ့ ၈နှစ်အရွယ်ကျောင်းသား၂ဦး ကားတိုက်ခံရပြီးသေဆုံး

ဒီဇင်ဘာ ၂၃-၂၀၂၁
GH(VOM)
 
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွေဗဟို မူလတန်းကျောင်းက ကျောင်းသား ၂ ဦး ကားတိုက်ခံရပြီးသေဆုံးမှု ဒီကနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
 
ကားတိုက်ခံရတဲ့ကလေးငယ်တွေကတော့ ရွှေဗဟိုရွာ မူလတန်းကျောင်းမှာ ကျောင်းတက်နေတဲ့ အသက် ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူ မချမ်းနုကလေးနဲ့ အသက် ၅ နှစ်အရွယ် KGကျောင်းသား မောင်ထွန်းထွန်းလင်းတို့ဖြစ်တယ်လို့ သိရပါတယ်။
 
” ၁၂ နာရီ ၄၀ လောက်ကဖြစ်တာ ၊ကျနော်တို့ဆီဖုန်းဆက်တာတော့ ၁ နာရီလောက်ပေါ့ ၊ ကလေးတွေက ကျောင်းဆင်းချိန် အိမ်ပြန်ထမင်းစားတယ်၊စားပြီးကျောင်းကိုအပြန် လမ်းမှာပဲအတိုက်ခံရတာ။ နေရာမှာပဲ ပွဲချင်းပြီးသေသွားတာ။ ကားသမား အခုထိမမိဘူး၊ သိတော့သိနေပြီလို့ပြောတယ် “လို့ မောင်တောမြို့ ဂရုဏာကွန်ရက်မှ ကိုချစ်ထူးခိုင်က ပြောပါတယ် ။
 
ကလေးငယ် ၂ ဦးလုံးရဲ့ ရုပ်အလောင်းကို အခင်းဖြစ်ပွားပြီးနောက်မှာ မောင်တောဆေးရုံကိုပို့ဆောင်ပေးထားခဲ့ပြီး လက်ရှိမှာတော့ သူတို့နေအိမ်ကိုပြန်လည်သယ်ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
 
ကလေးငယ်တွေကို တိုက်ပြီးမောင်းပြေးသွားတဲ့ကားသမားကိုတော့ ဖမ်းဆီရမိခြင်းမရှိသေးကြောင်းနဲ့ လိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #မောင်တော #ကျောင်းသားနှစ်ဦး #ကားတိုက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW