ကိုဗစ်-၁၉ ကာကွယ်နိုင်တဲ့ နှာခေါင်းဖြန်းဆေး သုတေသီတွေ စမ်းသပ်နေ

ဆစ်ဒနီ၊ ဒီဇင်ဘာ-၂၃-၂၀၂၁
မျိုးဆက်(VOM)
 
သြစတြေးလျနိုင်ငံမှ သုတေသီတွေဟာ နှာခေါင်းအတွင်းကို သွေးကြဲဆေးဖျန်းခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ခြင်းရှိမရှိ လက်တွေ့စမ်းသပ်မှုတွေလုပ်ဆောင်နေပါတယ်။
 
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်နိုင်သောပရိုတင်းကို ပျက်ပြယ်စေဖို့ကြိုးပမ်းရာမှာ သုတေသီတွေဟာ စျေးချိုတဲ့ သွေးကြဲဆေးအမျိုးအစားတစ်ခုကို အသုံးပြုလေ့လာနေကြပါတယ်။
 
ကိုဗစ်-၁၉ ကူးစက်ခံရသူရဲ့ နှာခေါင်းထဲကို အဲဒီဆေးကိုဖြန်းလိုက်တဲ့အခါ ဗိုင်းရပ်စ်ဟာ ကူးစက်မှုမရှိနိုင်ဖွယ်ရှိကြောင်း သုတေသီတွေကပြောပါတယ်။ ဒါပေမယ့် အဲဒီစမ်းသပ်မှုဟာ ၂၀၂၂ ခုနှစ် နှစ်လယ်ထိ အပြီးသတ်ဖွယ်မရှိသေးဘူးလို့ဆိုပါတယ်။
 
တကယ်လို့ ထိရောက်မှုရှိခဲ့မယ်ဆိုရင် ကာကွယ်ဆေးတွေ အခြားအစီအမံတွေနဲ့အတူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီဖြန်ဆေးကို အစောပိုင်းကုသမှုအဖြစ်နဲ့ ဗိုင်းရပ်စ်ကူးစက်မှုကိုတားဆီးရေးအတွက်အသုံးပြုဖို့ သုတေသီတွေကမျှော်လင့်ထားပါတယ်။
 
နှာခေါင်းဖြန်းဆေးကို လူစည်ကားရာနေရတွေနဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ ဗိုင်းရပ်စ်တားဆီးရေး အစီအမံတစ်ရပ်အနေနဲ့ အသုံးပြုဖို့ရည်ရွယ်ထားကြောင်း သုတေသနကို ဦးဆောင်နေတဲ့ ပါမောက္ခဒွန်ကမ်းဘဲလ်က ပြောပါတယ်။
 
Ref: BBC
#voiceofmyanmar #VOM #ဆစ်ဒနီ

Related posts

Leave a Comment

VOM News

FREE
VIEW