ကျောက်ဆည်က နာမည်ကြီး လက်ပန်ရွာမှာ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်းဆေးဝါးများ ထမ်မံ ဖမ်းဆီးရမိ

ကျောက်ဆည် ဖေဖော်ဝါရီ ၄-၂၀၁၉

မောင်တာရာ(VOM)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ၊ လက်ပန်ရွာမှာ ကျပ်သိန်း ၃၀၀ ကျော် တန်ဖိုးရှိ  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ သိရပါတယ်။

မန္တလေး မူးယစ်တပ်ဖွဲ့စု (၁၇)မှ ရဲအုပ်ရွှေထန်း ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်များပါဝင်က  ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က သက်သေများနဲ့ အတူ ကျောက်ဆည်မြို့နယ် လက်ပန်ကျေးရွာနေ ငရွှင်(ခ)ဇော်ခန့်နေအိမ်ကို မူးယစ်ဆေးဝါးနေအိမ်ရှာဖွေခွင့် ဝရမ်းအမှတ် (၇/၂၀၁၉) နဲ့ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

 

အဲလို ဝင်ရောက်ရှာဖွေရာ ငရွှင်(ခ)ဇော်ခန့်ကို နေအိမ်မှာ အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းဝင်ပေါက် မြေကြီးပေါ်ရှိ နွားစာကောက်ရိုးများထည့်ထားတဲ့ ဆာလာအိတ်အတွင်းက 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား တစ်ထုပ်လျှင် ၂၀၀ ပြားစီပါ(၅၄)ထုပ် ၊(၁၀၀) ပြားပါ တစ်ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား ၁၀၉၀၀ ပြား အလေးချိန် ၁ ဒသမ ၀၉ ကီလိုဂရမ်ခန့်၊စုစုပေါင်း တန်ဖိုးငွေကျပ် ၃၂၇၀၀၀၀၀ ဖမ်းဆီးရမိခဲ့ပါတယ်။

 

အဲဒီ အမှုနဲ့ပတ်သက်ပြီး ငရွှင်(ခ)ဇော်ခန့်ကို  ကျောက်ဆည်မြို့မရဲစခန်းက မယ(ပ)၄/၂၀၁၉ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားပါတယ်။

 

ကျောက်ဆည်မြို့နယ်၊လက်ပံကျေးရွာမှာ ပြီးခဲ့တဲ့နှစ်  သြဂုတ်လ (၂၇) ရက်နေ့က မူးယစ်ဆေးဝါး နှင့်  ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင် အင်းအားအလုံးအရင်းနဲ့ ဝင်ရောက် ဖမ်းဆီးရာ မူးယစ်ဆေးဝါး နဲ့ ပတ်သက်တဲ့ မသင်္ကာသူ (၇၆) ဦး နဲ့ အတူ  TOYOTA Van CE -96 အမျိုးအစား အဖြူရောင် လိုင်စင်မဲ့ ကား (၁) စီး ၊မော်တော်ဆိုင်ကယ်မျိုးစုံ  (၄၃)စီးတို့ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW