ရန်ကုန်က ၆ မြို့နယ်မှာ ဆိုင်ကယ်စီးနင်းခွင့်ပြုဖို့ အဆိုတင်သွင်းခဲ့ပေမယ့် ကန့်ကွက်သူများလို့ အဆိုရှုံး

ရန်ကုန် ဖေဖော်ဝါရီ ၄- ၂၀၁၉ TGH (VOM) ရန်ကုန်တိုင်းမှာရှိတဲ့  ဒဂုံမြို့သစ်မြို့နယ်နဲ့  လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့ ၆ မြို့နယ်က ပြည်သူတွေဟာ ဆိုင်ကယ်ကို အဓိကအသုံးပြုနေရတာဖြစ်တဲ့အတွက် တိကျတဲ့နယ်နမိတ်တွေ ၊ စည်းကမ်းတွေသတ်မှတ်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုပေးဖို့ ဒဂုံမြို့သစ်တောင်ပိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က ယနေ့ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစီအစဉ်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ ဆိုင်ကယ်ရဲ့အသုံးဝင်မှုက မဖြစ်မနေလိုအပ်နေတယ်လို့ ပြည်သူ့လွှတ်တော်မှာအဆိုတင်သွင်းခဲ့ပေမယ့် သဘောမတူသူရှိခဲ့သဖြင့် ဆန္ဒမဲ ခလုပ်နှိပ်စနစ်နဲ့ မဲခွဲဆုံးဖြတ်ရာ  ကန့်ကွက်ကိုယ်စားလှယ်ဦးရေများပြားခဲ့တဲ့အတွက် အဆိုကိုလက်ခံဆွေးနွေးဖို့မရှိဟု ပြည်သူ့လွှတ်တော်ဥက္ကဌက ဆုံးဖြတ်ကြေငြာခဲ့ပါတယ်။ အဆိုတင်တဲ့  ဦးအေးနိုင်က “ဥပဒေဘောင်အတွင်း ဥပဒေနဲ့အညီနေထိုင်ချင်ပါလျက်နဲ့ဥပဒေပြင်ပကိုရောက်နေပါတယ်။ အနှစ် ၂၀ လုံးလုံး ဥပဒေပြင်ပမှာ ကျွန်တော်တို့ပြည်သူတွေ နားလည်မှုနဲ့ ဘ၀ကို မော်တော်ဆိုင်ကယ်တွေနဲ့ အသက်ဝင်လှုပ်ရှားနေရတဲ့အခါ  အရေးကြီးဆုံးဖြစ်တဲ့ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ၊တရားဥပဒေစိုးမိုး…

Read More

အစိုးရအ​နေနဲ့ ပညာ​ရေးနယ်​ပယ်​မှာဖြစ်​​နေတဲ့ ကိစ္စ​တွေကို ထိပ်​တိုက်​ရင်​ဆိုင်​ဖြေရှင်းဖို့လို

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၄-၂၀၁၉ ဟိန်းကို(VOM) ပုဒ်​မ ၅၀၅\ခ (နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှု) အပါအဝင် အခြား​ပုဒ်​မ​တွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရတနာပုံတက္ကသိုလ်​​က ဗကသ​ကျောင်းသား ၇ ဦးကို ဒီက​နေ့ နံနက်​ပိုင်းက အမရပူရမြို့နယ်​ တရားရုံးမှာ (၄)ကြိမ်​​မြောက်​ရုံးထုတ်​စစ်​​ဆေးခဲ့ပါတယ်​။ ရုံးထုတ်​စစ်​​ဆေးမှုမှာ ဖမ်းဆီးခံထားရတဲ့ ရတနာပုံတက္ကသိုလ်​ ဗကသ​ကျောင်းသား ကိုရဲမင်းထွန်းက ” အစိုးရအ​နေနဲ့ ပညာ​ရေးနယ်​ပယ်​မှာ ဖြစ်​တဲ့ ပြသာနာ​တွေကို ထိပ်​တိုက်​ရင်​ဆိုင်​ ​ဖြေရှင်းဖို့လိုတယ်​၊ အဲ့လိုထိပ်​တိုက်​ရင်​ဆိုင်​​ဖြေရှင်းဖို့ မကြိုးစားပဲနဲ့ ဖိနှိပ်တဲ့ပုံစံလုပ်လာတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ ” ​ပြောခဲ့ပါတယ်​။

Read More

ကော့ဘဇားရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းသို့ ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီ သွားရောက်

ဒါကာ၊ ဖေဖော်ဝါရီ-၄-၂၀၁၉ မျိုးဆက် (VOM) ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးသံတမန်ဖြစ်သူ ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီဟာ မြန်မာနိုင်ငံကထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှနေထိုင်တဲ့ ဘင်္ဂါလီတွေနဲ့ တွေ့ဖို့ ဖေဖော်ဝါရီ ၄ ရက်က ဘင်္ဂါလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပါတယ်။ ၎င်းအနေဖြင့် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအခြေအနေတွေကို အကဲဖြတ်ဖို့ ဘင်္ဂလီဒုက္ခသည်စခန်းက တာဝန်ရှိသူတွေ၊ ဘင်္ဂါလီတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်မှာတော့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ စီစဉ်ထားတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမင်တို့နဲ့ ဖေဖော်ဝါရီ ၆ ရက်မှာတွေ့ဆုံသွားမှာဖြစ်ပြီး အဲဒီနေ့မှာဘဲ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာမှာဖြစ်ပါတယ်။ ဟောလိဝုဒ်အကျော်အမော် အင်ဂျလီနာဂျိုလီဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးသံတမန်အဖြစ် ၂၀၁၂ ခုနှစ် ဧပြီလမှ ခန့်အပ်ခြင်းခံရတာဖြစ်ပြီး အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းအခြေချနေထိုင်တာတွေရဲ့     …

Read More

အချစ်နဲ့ ပတ်သက်ရင် တည်ငြိမ်သူမမ ဖြစ်သွားတဲ့ နန်းခင်ဇေယျာ

ရန်ကုန် ဖေဖော်ဝါရီ ၄-၂၀၁၉ သင်းသဒ္ဒါ(VOM) အလှမယ်လောကတဆင့် သရုပ်ဆောင်ပိုင်းကိုပါလုပ်ဆောင်လာတဲ့ နန်းခင်ဇေယျာကတော့ အချစ်နဲ့ ပတ်သက်ရင် တည်ငြိမ်သူမမ  ဖြစ်သွားပြီလို့ ဆိုပါတယ်။ “နန်းခင်က အရင်ကတည်းကလည်း တစ်ယောက်တည်းပဲ ခုလည်း တစ်ယောက်တည်းပါ။ တစ်ယောက်တည်း နေရတာ အသားလည်း ကျနေပါပြီ။ ဘယ်လိုကြောင့်လဲဆိုတော့ အချစ်ကိုကြောက်သွားလို့လည်း မဟုတ်ပါဘူး။ နန်းခင်က ရင့်ကျက်သွားတာကြောင့်ပါ။ အသက်အရွယ်တစ်ခု ရလာပြီးဖြစ်တာမို့ပါ။ ငယ်ငယ်တုန်းကတော့ သစ်ရွက် လှုပ်တာနဲ့ ချစ်ချင်တယ်။ ကြိုက်ချင်တယ်။ ခုကတော့ တည်ငြိမ်သူမမဖြစ်သွားတာပေါ့နော်”လို့ ဆိုပါတယ်။ သူမကတော့ ဖေဖော်ဝါရီလထဲမှာ ရုံတင်ပြသမယ့် ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးထားတဲ့ “၀က်ဝက်ကွဲ အောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ရန်အောင်၊ ၀တ်မှုန်ရွှေရည်၊ပြေတီဦး၊ စိုးမြတ်သူဇာ၊ မိုးပြည့်ပြည့် မောင်၊ စန္ဒီမြင့်လွင် ၊ ယွန်းရွှေရည်၊ ထွန်းလွင် အောင်၊ ဥက္ကာမင်းမောင် ၊ ဝေလျံ တို့နဲ့အတူ ပါဝင်…

Read More

ရွှေ့ပြောင်းနေထိုင်သူများအရေးကြောင့် မက္ကဆီကိုနယ်စပ်သို့ အမေရိကန် တပ်ဖွဲ့ဝင် ၃၇၀၀ ကျော် ထပ်မံစေလွှတ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၁၉ မျိုးဆက် (VOM) ဗဟိုအာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေ နိုင်ငံအတွင်း ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ မက္ကဆီကို နဲ့ထိစပ်နေတဲ့ အမေရိကန်နိုင်ငံ အနောက်တောင်ဘက်နယ်စပ်ကို အမေရိကန်တပ်ဖွဲ့ဝင် ၃၇၅၀ ကိုထပ်မံ စေလွှတ်သွားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဖေဖော်ဝါရီ ၃ ရက်က ကြေညာပါတယ်။ အဆိုပါနယ်စပ်မှာရှိနေပြီးဖြစ်တဲ့ အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးဝန်ထမ်းတွေကို ထောက်ပံ့ကူညီမှုတွေ လုပ်ဖို့အတွက် ဒီလိုတပ်ဖွဲ့ဝင်အရေအတွက် တိုးမြင့်လိုက်တာဖြစ်ပြီး တပ်ဖွဲ့ဝင် ၄၃၅၀ အထိရှိလာလိမ့်မယ်လို့ ပင်တဂွန်က ဆိုပါတယ်။ နိုဝင်ဘာလကကျင်းပခဲ့တဲ အမေရိကန်ကွန်ဂရက်ရွေးကောက်ပွဲမတိုင်မီ  အောက်တိုဘာလကလည်း မက္ကဆီကိုနယ်စပ်မှာ ဖြန့်ကြက်ဖို့အတွက်အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပထမဆုံးအကြိမ်အဖြစ် ပင်တဂွန်က ခွင့်ပြုခဲ့ပါတယ်။ နယ်စပ်အခြေအနေကို ပြသနာတစ်ရပ်အဖြစ် ပုံဖော်ခဲ့တဲ့ သမ္မတဒေါ်နယ်ထရန့်ကတော့ ဖေဖော်ဝါရီ ၅ ရက်မှာပြောကြားမယ့် နိုင်ငံတော်အခြေပြုမိန့်ခွန်းမှာ လူဝင်မှုကြီးကြပ်ရေးပြသနာနဲ့ မက္ကဆီကိုနဲ့ နယ်စပ်တစ်လျှာက်မှာ တံတိုင်းကာရံဖို့အတွက် အဆိုပြုထားတဲ့ ကိစ္စတွေကို ထည့်သွင်းပြောကြား ဖွယ်ရှိနေပါတယ်။ နယ်စပ်တံတိုင်းကာရံရေးအတွက်…

Read More

စစ်ကိုင်းတိုင်းလွှတ်တော်ကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့အဖွဲ့ လာရောက်လေ့လာ။

မုံရွာ ဖေဖေါ်ဝါရီ ၄-၂၀၁၉ ဗျဂ္ဃ (VOM) ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့အဖွဲ့က လာရောက်လေ့လာခဲ့ကြပါတယ်။ လွှတ်တော်ကို လာရောက်လေ့လာကြတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့အဖွဲ့ကို စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဌ ဦးသန်း၊ ဒုတိယဥက္ကဌ ဦးဘိုးသန်းညွန့်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လွှတ်တော်အကြီးအမှုးတို့က ကြိုဆိုခဲ့ကြပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို အခုလို တခြားနိုင်ငံက လွှတ်တော်ဥက္ကဌ လာရောက်လည်ပတ်တာက ပထမဆုံးအကြိမ်လို့လည်း သိရပါတယ်။ လေ့လာရေး အလည်အပတ်ရောက်ရှိလာတဲ့ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဌ Mr. Yumnam Khemchan က အမှာစကား ပြောကြားခဲ့ပါသေးတယ်။ “ပါလီမန်ဒီမိုကရေစီဆိုတာ ပြည်သူ့ရဲ့၊ ပြည်သူက၊ ပြည်သူ့အတွက်ဆိုတာပဲဖြစ်တယ်။ အားလုံးသိတဲ့အတိုင်း ပါလီမန်ဒီမိုကရေစီမှာ ရွေးကောက်ပွဲကနေ မဲအများဆုံးရတဲ့ပါတီက အစိုးရဖြစ်လာပြီးတော့ မဲဒုတိယအများဆုံးရတဲ့ပါတီက အတိုက်အခံပါတီဖြစ်လာတယ်။ ပြီးတော့…

Read More

ကျောက်ဆည်က နာမည်ကြီး လက်ပန်ရွာမှာ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်းဆေးဝါးများ ထမ်မံ ဖမ်းဆီးရမိ

ကျောက်ဆည် ဖေဖော်ဝါရီ ၄-၂၀၁၉ မောင်တာရာ(VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ၊ လက်ပန်ရွာမှာ ကျပ်သိန်း ၃၀၀ ကျော် တန်ဖိုးရှိ  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ သိရပါတယ်။ မန္တလေး မူးယစ်တပ်ဖွဲ့စု (၁၇)မှ ရဲအုပ်ရွှေထန်း ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်များပါဝင်က  ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က သက်သေများနဲ့ အတူ ကျောက်ဆည်မြို့နယ် လက်ပန်ကျေးရွာနေ ငရွှင်(ခ)ဇော်ခန့်နေအိမ်ကို မူးယစ်ဆေးဝါးနေအိမ်ရှာဖွေခွင့် ဝရမ်းအမှတ် (၇/၂၀၁၉) နဲ့ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။   အဲလို ဝင်ရောက်ရှာဖွေရာ ငရွှင်(ခ)ဇော်ခန့်ကို နေအိမ်မှာ အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းဝင်ပေါက် မြေကြီးပေါ်ရှိ နွားစာကောက်ရိုးများထည့်ထားတဲ့ ဆာလာအိတ်အတွင်းက 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား တစ်ထုပ်လျှင် ၂၀၀ ပြားစီပါ(၅၄)ထုပ် ၊(၁၀၀) ပြားပါ တစ်ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား…

Read More

မှုခင်းဂျာနယ် သတင်း​ထောက်​မောင်းလာတဲ့ ကားပေါ်က ဘင်္ဂလီ၁၀ဦး မင်းတုန်းမြို့နယ်မှာဖမ်းဆီးရမိ

မင်းတုန်း ဖေဖေါ်ဝါရီ ၄-၂၀၁၉ ဂျန်​ကိုးလ်(VOM) မ​ကွေးတိုင်း၊ သရက်​ခရိုင်​ မင်းတုန်းမြို့နယ် ​ပုသိမ်​မုံရွာ လမ်းမကြီးအ​ထောက်​အထားမဲ့ ဘင်္ဂလီ၁၀ဦးကို ​ဖေ​ဖေါ်ဝါရီ ၄ရက် မနက်​ ၄နာရီခွဲခန့်​က မင်းတုန်းမြို့နယ်​ရဲတပ်​ဖွဲ့ကနေ ဖမ်းဆီးလိုက်​ပါတယ်​။   ဒီက​နေ့ ဖေဖေါ်ဝါရီ ၄ ရက် မနက်​၁း၄၅မိနစ်​ခန့်​မှာ မှုခင်းဂျာနယ် သတင်း​ထောက်​ ​ခင်​​မောင်​ထွန်း​မောင်းနှင်​လာတဲ့ ပရို​ဘောက်​ယာဉ်​အမှတ်​ DD1584ကို ရပ်​တန်​စစ်​​ဆေး​နေစဉ်​ ယာဉ်​​မောင်း​ ​မောင်​ညို​ (ခေါ် )ရဲထွန်းလွင်​​မောင်းနှင်​​သောအဖြူ​ရောင်​မှန်​လုံHijet 1Q 8551က စစ်​​ဆေး​ရေးဂိတ်​ကို အတင်း​ကျော်​တက်​​ မောင်းနှင်ထွက်​​ပြေးခဲ့ပါတယ်။  ​ ထွက်ပြေးလို့ ရဲတပ်ဖွဲ့က လိုက်​လံဖမ်းဆီးတဲ့အခါ မိုင်​တိုင်​အမှတ်​၂၀၆/၅နှင့်​၂၀၆/၆ကြားမှာ ကား​ပေါ်ပါလာသူများကိုချထားခဲ့ပြီး အလွတ်​ထွက်​​ပြေးစဉ် ​မဲဇလီရဲကင်းစခန်းမှ ပူး​ပေါင်းလိုက်​လံဖမ်းဆီးရမိခဲ့ခြင်းဖြစ်​တယ်​လို့  ရဲမှတ်​တမ်းများအရသိရပါတယ်​   “မင်းလှနယ်​ဘက်​ကတဆင့်​ အ​ထောက်​အထားမဲ့ဘင်္ဂလီ​တွေ ဝင်​​ရောက်​နိုင်​လို့ပိတ်​ဆို့​နေစဉ်​မှာ အစစ်​​ဆေးမခံဘဲ​မောင်း​ပြေးတာက​နေ လိုက်​လံဖမ်းဆီး​တော့ ကျီးကန်​​ကျေးရွာနဲ့မဲဇလီ​ကျေးရွာကြား​တောထဲမှာ ၁၀ဦးကိုဖမ်းမိပါတယ်​ ။ ယာဉ်​၂စီးနဲ့ ယာဉ်​​မောင်း၂ဦးအပါ စုစု​ပေါင်း၁၂ဦးဖြစ်​တယ် ​ခရိုင်​ရဲမှူး…

Read More
VOM News

FREE
VIEW