အချစ်နဲ့ ပတ်သက်ရင် တည်ငြိမ်သူမမ ဖြစ်သွားတဲ့ နန်းခင်ဇေယျာ

ရန်ကုန် ဖေဖော်ဝါရီ ၄-၂၀၁၉

သင်းသဒ္ဒါ(VOM)

အလှမယ်လောကတဆင့် သရုပ်ဆောင်ပိုင်းကိုပါလုပ်ဆောင်လာတဲ့ နန်းခင်ဇေယျာကတော့ အချစ်နဲ့ ပတ်သက်ရင် တည်ငြိမ်သူမမ  ဖြစ်သွားပြီလို့ ဆိုပါတယ်။

“နန်းခင်က အရင်ကတည်းကလည်း တစ်ယောက်တည်းပဲ ခုလည်း တစ်ယောက်တည်းပါ။ တစ်ယောက်တည်း နေရတာ အသားလည်း ကျနေပါပြီ။ ဘယ်လိုကြောင့်လဲဆိုတော့ အချစ်ကိုကြောက်သွားလို့လည်း မဟုတ်ပါဘူး။ နန်းခင်က ရင့်ကျက်သွားတာကြောင့်ပါ။ အသက်အရွယ်တစ်ခု ရလာပြီးဖြစ်တာမို့ပါ။ ငယ်ငယ်တုန်းကတော့ သစ်ရွက် လှုပ်တာနဲ့ ချစ်ချင်တယ်။ ကြိုက်ချင်တယ်။ ခုကတော့ တည်ငြိမ်သူမမဖြစ်သွားတာပေါ့နော်”လို့ ဆိုပါတယ်။

သူမကတော့ ဖေဖော်ဝါရီလထဲမှာ ရုံတင်ပြသမယ့် ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးထားတဲ့ “၀က်ဝက်ကွဲ အောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ရန်အောင်၊ ၀တ်မှုန်ရွှေရည်၊ပြေတီဦး၊ စိုးမြတ်သူဇာ၊ မိုးပြည့်ပြည့် မောင်၊ စန္ဒီမြင့်လွင် ၊ ယွန်းရွှေရည်၊ ထွန်းလွင် အောင်၊ ဥက္ကာမင်းမောင် ၊ ဝေလျံ တို့နဲ့အတူ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

မိမိစိတ်ကူးယဉ်ထားတဲ့ ချစ်သူပုံစံပတ်သက်ပြီးတော့” နန်းခင်ကို နားလည်ပေးရမယ်။ အနုပညာရှင်သမားကို နားလည်ပေးမယ့် သူကတော့ ခဲယဉ်းပါတယ်။ နန်းခင် သရုပ်ဆောင်ရတယ်။ မင်းသားတွေနဲ့လည်း တောက် လျှောက် တွဲရတယ်။တခါတလေ အပြင်ထွက်ရတာ တွေ လည်း ရှိတယ်။နားလည်မှုတွေ လွဲတတ်တာ မျိုးရှိ တာကြောင့်ပါ။နားလည်ရမယ်။ ချစ်ရမယ်။  အလိုလိုက်ရမယ် သူပေါ့”လို့ ဆိုပါတယ်။

ဓာတ်ပုံ-နန်းခင်ဇေယျာ ဖေ့ဘွတ်

#voiceofmyanmar#နန်းခင်ဇေယျာ

Related posts

Leave a Comment

VOM News

FREE
VIEW