မှုခင်းဂျာနယ် သတင်း​ထောက်​မောင်းလာတဲ့ ကားပေါ်က ဘင်္ဂလီ၁၀ဦး မင်းတုန်းမြို့နယ်မှာဖမ်းဆီးရမိ

မင်းတုန်း ဖေဖေါ်ဝါရီ ၄-၂၀၁၉

ဂျန်​ကိုးလ်(VOM)

မ​ကွေးတိုင်း၊ သရက်​ခရိုင်​ မင်းတုန်းမြို့နယ် ​ပုသိမ်​မုံရွာ လမ်းမကြီးအ​ထောက်​အထားမဲ့ ဘင်္ဂလီ၁၀ဦးကို ​ဖေ​ဖေါ်ဝါရီ ၄ရက် မနက်​ ၄နာရီခွဲခန့်​က မင်းတုန်းမြို့နယ်​ရဲတပ်​ဖွဲ့ကနေ ဖမ်းဆီးလိုက်​ပါတယ်​။

 

ဒီက​နေ့ ဖေဖေါ်ဝါရီ ၄ ရက် မနက်​၁း၄၅မိနစ်​ခန့်​မှာ မှုခင်းဂျာနယ် သတင်း​ထောက်​ ​ခင်​​မောင်​ထွန်း​မောင်းနှင်​လာတဲ့ ပရို​ဘောက်​ယာဉ်​အမှတ်​ DD1584ကို ရပ်​တန်​စစ်​​ဆေး​နေစဉ်​ ယာဉ်​​မောင်း​ ​မောင်​ညို​ (ခေါ် )ရဲထွန်းလွင်​​မောင်းနှင်​​သောအဖြူ​ရောင်​မှန်​လုံHijet 1Q 8551က စစ်​​ဆေး​ရေးဂိတ်​ကို အတင်း​ကျော်​တက်​​ မောင်းနှင်ထွက်​​ပြေးခဲ့ပါတယ်။  ​ ထွက်ပြေးလို့ ရဲတပ်ဖွဲ့က လိုက်​လံဖမ်းဆီးတဲ့အခါ မိုင်​တိုင်​အမှတ်​၂၀၆/၅နှင့်​၂၀၆/၆ကြားမှာ ကား​ပေါ်ပါလာသူများကိုချထားခဲ့ပြီး အလွတ်​ထွက်​​ပြေးစဉ် ​မဲဇလီရဲကင်းစခန်းမှ ပူး​ပေါင်းလိုက်​လံဖမ်းဆီးရမိခဲ့ခြင်းဖြစ်​တယ်​လို့  ရဲမှတ်​တမ်းများအရသိရပါတယ်

 

“မင်းလှနယ်​ဘက်​ကတဆင့်​ အ​ထောက်​အထားမဲ့ဘင်္ဂလီ​တွေ ဝင်​​ရောက်​နိုင်​လို့ပိတ်​ဆို့​နေစဉ်​မှာ အစစ်​​ဆေးမခံဘဲ​မောင်း​ပြေးတာက​နေ လိုက်​လံဖမ်းဆီး​တော့ ကျီးကန်​​ကျေးရွာနဲ့မဲဇလီ​ကျေးရွာကြား​တောထဲမှာ ၁၀ဦးကိုဖမ်းမိပါတယ်​ ။ ယာဉ်​၂စီးနဲ့ ယာဉ်​​မောင်း၂ဦးအပါ စုစု​ပေါင်း၁၂ဦးဖြစ်​တယ် ​ခရိုင်​ရဲမှူး ကိုယ်​တိုင်​​ရောက်​ရှိစစ်​​ဆေး​နေဆဲဖြစ်​ပါတယ်​​။”လို့မင်းတုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးစိန်​​သောင်းက ​ပြောပါတယ်​။

ထွက်ဆိုချက်တွေအရ လူတဦးကို ၃၅သိန်းပေးဆောင်ခဲ့ရတယ်လို့ စစ်ဆေးပေါ်ပေါက်ကာ ကျောက်တော်မှာစုဖွဲ့ပြီး ရန်ကုန် သာကေတကိုသွားမှာလို့ ထွက်ဆိုတယ်လို့ ဒုရဲမှူးစိန်သောင်း ပြောစကားအရသိရပါတယ်။

“မူဝါဒတခုချမှတ်​လုပ်​ဘို့လို​နေပီ ဖမ်းလိုက်​ ​ထောင်​ချလိုက်​နဲ့​ရေရှည်​မဟုတ်​နိုင်​ဘူး မင်းလှ၊မင်းတုန်း​ပေါင်းရင်​၃လ​လောက်​အတွင်း၁၀၀​ကျော်​မိတယ်​ စစ်​​ဆေးချက်​အရ လွတ်​တာ​တွေအများကြီးရှိတယ်​ ​ထောင်​ထဲမှာဗမာစကားတတ်​​သွားပြီး​နောက်​တခါဆို မလွယ်​​တော့ဘူး”လို့မင်းတုန်းမြို့ခံ​ကျောင်းဆရာအငြိမ်းစားဦး​မောင်​​မောင်​က​ပြောပါတယ်

 

အမှုကို(ပ) ၂၅/၂၀၁၉နှင့်​မင်းတုန်းမြို့မရဲစခန်းကအမှု့ဖွင့်​စစ်​​ဆေး​နေပြီး ယာဉ်​​မောင်း၂ဦးကို ပုဒ်​မ၃၆၇(တဦးတ​ယောက်​​သောလူအားခိုးယူလျှင်​သို့မဟုတ်​​သွေး​ဆောင်​ဆွဲ​ခေါ်လျှင်​ထိုသူကို၁၀နှစ်​အထိ​ထောင်​ဒဏ်​တမျိုးမျိးချမှတ်​ရမည့်​အပြင်​​ငွေဒဏ်​လည်းချမှတ်​နိုင်​သည်​ဟုဆိုသည်​)နဲ့ အ​ရေးယူမှာဖြစ်​ပြီး အ​ထောက်​အထားမဲ့၁၀ဦးကို လဝကအက်​ ၆၂/၆၃နဲ့ လူဝင်​မှု့ကြီးကြပ်​​ရေးက တရားလိုပြုလုပ်​တရားစွဲဆိုသွားမှာဖြစ်​ပြီး မင်းတုန်းမြို့နယ်​အတွင်းမှာ ပြီးခဲ့တဲ့ဇန်​နဝါရီလကလည်း ၁၅ဦးဖမ်းဆီးရမိခဲ့​သေးတယ်​လို့ သိရပါတယ်

 

ဓါတ်ပုံ ရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW