စစ်ရှောင်နေရလို့ စိုက်ပျိုးသီးနှံတွေ ပျက်ဆီးဆုံးရှုံးရတဲ့ မြောင်နယ်ကတောင်သူတွေ

နိုဝင်ဘာ ၂၉-၂၀၂၂
Voice Of Myannar(VOM)

စိုက်ပျိုးရေးလုပ်ငန်းဆိုတာ ရာသီနဲ့အချိန်အခါလိုက်စိုက်ပျိုးကြရတာဖြစ်ပြီး စိုက်ပျိုးတဲ့သီးနှံတွေကို ပြုစုပျိုးထောင်ရာမှာလည်း အရေးပါလှပါတယ်။

မြောင်မြို့နယ်မှာ ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ မြေပဲ၊ ပဲလွန်း၊ ပဲတီစိမ်း၊ နှမ်း စတဲ့သီးနှံတွေကို အဓိကစိုက်ပျိုးကြပါတယ်၊ လက်ရှိအချိန်ဟာ တချို့သီးနှံတွေက အောင်မြင်ဖို့အတွက် ရေသွင်း၊ ပေါင်းလိုက်၊ ဆေးဖြန်း၊ မြေဩဇာကျွေး စတာတွေကို ပြုလုပ်ရသလို တချို့သီးနှံတွေက ရိတ်သိမ်းရမယ့်အချိန်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြောင်နယ်ကတောင်သူတွေဟာ နေ့စဉ်ဆိုသလို စစ်ဘေးရှောင်နေရတာကြောင့် စိုက်ပျိုးထားတဲ့သီးနှံတွေကို လှည့်မကြည့်နိုင်ဘဲ ပျက်ဆီးဆုံးရှုံးရမယ့် အခြေအနေတွေနဲ့ကြုံတွေ့နေကြပါတယ်။

တချို့တောင်သူတွေက နေအိမ်၊စည်းစိမ်တွေပါ မီးရှို့ခံထားကြရတာကြောင့် သီးနှံတွေပါ ပျက်ဆီးဆုံးရှုံးရင် စားဝတ်နေရေးနဲ့ ဘဝရပ်တည်ရေးအတွက် အခက်အခဲဖြစ်နေရတယ်လို့ တောင်သူတွေကပြောကြပါတယ်။

#voiceofmyanmar #VOM #မြောင်

Youtube Link – https://youtu.be/5Lh5syLsi_0

Related posts

VOM News

FREE
VIEW