စစ်ရှောင်နေရလို့ စိုက်ပျိုးသီးနှံတွေ ပျက်ဆီးဆုံးရှုံးရတဲ့ မြောင်နယ်ကတောင်သူတွေ

နိုဝင်ဘာ ၂၉-၂၀၂၂ Voice Of Myannar(VOM) စိုက်ပျိုးရေးလုပ်ငန်းဆိုတာ ရာသီနဲ့အချိန်အခါလိုက်စိုက်ပျိုးကြရတာဖြစ်ပြီး စိုက်ပျိုးတဲ့သီးနှံတွေကို ပြုစုပျိုးထောင်ရာမှာလည်း အရေးပါလှပါတယ်။ မြောင်မြို့နယ်မှာ ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ မြေပဲ၊ ပဲလွန်း၊ ပဲတီစိမ်း၊ နှမ်း စတဲ့သီးနှံတွေကို အဓိကစိုက်ပျိုးကြပါတယ်၊ လက်ရှိအချိန်ဟာ တချို့သီးနှံတွေက အောင်မြင်ဖို့အတွက် ရေသွင်း၊ ပေါင်းလိုက်၊ ဆေးဖြန်း၊ မြေဩဇာကျွေး စတာတွေကို ပြုလုပ်ရသလို တချို့သီးနှံတွေက ရိတ်သိမ်းရမယ့်အချိန်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြောင်နယ်ကတောင်သူတွေဟာ နေ့စဉ်ဆိုသလို စစ်ဘေးရှောင်နေရတာကြောင့် စိုက်ပျိုးထားတဲ့သီးနှံတွေကို လှည့်မကြည့်နိုင်ဘဲ ပျက်ဆီးဆုံးရှုံးရမယ့် အခြေအနေတွေနဲ့ကြုံတွေ့နေကြပါတယ်။ တချို့တောင်သူတွေက နေအိမ်၊စည်းစိမ်တွေပါ မီးရှို့ခံထားကြရတာကြောင့် သီးနှံတွေပါ ပျက်ဆီးဆုံးရှုံးရင် စားဝတ်နေရေးနဲ့ ဘဝရပ်တည်ရေးအတွက် အခက်အခဲဖြစ်နေရတယ်လို့ တောင်သူတွေကပြောကြပါတယ်။ #voiceofmyanmar #VOM #မြောင် Youtube Link – https://youtu.be/5Lh5syLsi_0

Read More

လှည်းကူးမှာ ရခိုင်ကနေလာတဲ့ အထောက်အထားမဲ့သူ ၆၈ ဦးဖမ်းမိ

နိုဝင်ဘာ၊၂၈-၂၀၂၂ မင်းမြတ်(VOM) ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ဇုန် (၁) အနီးမှာ ရခိုင်ပြည်နယ်ကနေ ၁၂ ဘီးကားနဲ့ လာတဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေ အပါအဝင် အထောက်အထားမဲ့သူ ၆၈ ယောက်ကို ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက ဖမ်းမိခဲ့တယ်လို့ သက်ရာနဲ့နီးစပ်သူဆီကနေ သိရပါတယ်။ ”ကျန်းမာရေး သိပ်မကောင်းသူတွေလည်းပါတယ် ၊ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းကဖမ်းမိတာ ၊ ရခိုင်ပြည်နယ်ကနေလာတာ ၊ ၁၂ ဘီးယာဉ်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးတဲ့အခါ ဖမ်းမိခဲ့တာ ၊ အားလုံး ၆၈ ယောက်ပါ ၊ အသက် ၁၈ နှစ်အောက် အယောက် ၃၀ လောက်ပါတယ်၊ ရန်ကုန်ကနေ မလေးရှားကို သွားဖို့ လာတာတဲ့ ။”လို့ သက်ဆိုင်ရာနဲ့ နီးစပ်သူက…

Read More

မြောင်းမြ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် အလုပ်နဲ့ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံရ

နိုဝင်ဘာ၊၂၈-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ မြောင်းမြမြို့က NLD ပါတီရဲ့ယခင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်က အလုပ်နဲ့ ထောင်ဒဏ် ၂၆ နှစ် အမိန့်ချမှတ်ခံလိုက်ရတယ်လို့ သူ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဦးဝေလင်းအောင်မှာ တိမ်းရှောင်နေရင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်က ကရင်ပြည်နယ် ၊လေးကေ့ ကော်မြို့သစ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး သူ့ကို ၁၁ လအကြာစစ်ဆေးပြီး ဒီကနေ့ မြဝတီခရိုင် တရားရုံးကနေ ထောင်ဒဏ် ၂၆ နှစ် အမိန့်ချမှတ်လိုက်တာလို့ ပြောပါတယ်။ “ဦးဝေလင်းအောင်ကို ဒီကနေ့ အမိန့်ချလိုက်တာပါ ၊ သူ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)နဲ့က ထောင်ဒဏ် ၄ နှစ်၊ ၅၀ (က) နဲ့ကထောင်ဒဏ် ၁၁ နှစ်…

Read More

ကင်မရွန်းမှာ စျာပနပြုလုပ်ချိန် မြေပြိုမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

ယောင်ဒေး၊ နို၀င်ဘာ -၂၈-၂၀၂၂ မျိုးဆက်(VOM) ကင်မရွန်းနိုင်ငံ မြို့တော်ယောင်ဒေးမှာ နို၀င်ဘာ ၂၇ ရက်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ စျာပနအခမ်းအနားတက်ရောက်လာသူများဖြစ်ပြီး နို၀င်ဘာ ၂၇ ရက်ညပိုင်းထိ အခင်းဖြစ်ရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ သေဆုံးသူ မိသားစု၀င်အများအပြားနဲ့ စျာပနပို့ဆောင်သူတွေဟာ တောင်ကုန်းပေါ်ရှိ စွန့်ပစ်မြေစာပုံပေါ်မှ တဲတွေအောက်မှာရှိနေချိန် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ယောင်ဒေးဟာ ကင်မရွန်းမှာ မိုးရွာသွန်းမှုအများဆုံးမြို့တွေထဲက တခုဖြစ်ပြီး မြို့တော်မှာ မတ်ဆောက်တဲ့ တောင်ကုန်းတောင်တန်းများစွာရှိပြီး တောင်ကုန်းတွေအပေါ်မှာ အဆောက်အဦများစွာ ရှိနေကြာ ယခုဖြစ်ရပ်ဟာ ရာသီဥတုကြောင့် ဖြစ်ပွားခဲ့တဲ့ နောက်ဆုံးမတော်တဆမှုလည်းဖြစ်ပါတယ်။ ယခုနှစ်အတွင်း ကင်မရွန်းနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ကာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ Ref: BBC #voiceofmyanmar…

Read More

အမေရိကန်ထိ ပစ်နိုင်တဲ့ ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှု အပြည့်အဝအောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

ပြုံးယမ်း၊ နို၀င်ဘာ-၂၈-၂၀၂၂ မျိုးဆက်(VOM) နို၀င်ဘာ ၁၈ ရက်မှာ စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဟွာဆောင်-၁၇ တိုက်ချင်းပစ် ဒုံးကျည်နောက်ဆုံးစမ်းသပ်မှု အပြည့်အဝအောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက နို၀င်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်နည်းပညာ တီထွင်မှု ပြီးပြည့်စုံပြီဖြစ်ကြောင်း ယခုနှစ်ကုန်တွင်ကြေညာဖို့ ကင်ဂျုံအန်က မြောက်ကိုရီးယားသိပ္ပံပညာရှင်တွေကို ညွှန်ကြားထားကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်ကို ထောက်လှမ်းဖို့နဲ့ ကြားဖြတ်ဟန့်တားမှု ခက်ခဲစေဖို့ ကင်ဂျုံအန်က ညွှန်ကြားခဲ့ပြီး အဲဒီဒုံးကျည်ဟာ အမေရိကန်ပြည်မကြီးထိ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို ယခုနှစ်အတွင်းမှာ အရှိန်မြှင့်လုပ်ဆောင်နေပြီး ကမ္ဘာ့စွမ်းအားအပြင်းဆုံး တိုက်ချင်းပစ်ဒုံးကျည်ပိုင်ဆိုင်လိုကြောင်း ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုထားပါတယ်။ ကင်ဂျုံအန်ဟာ ကာကွယ်ရေးသိပ္ပံအကယ်ဒမီ ဥက္ကဌ ဂျန်ချန်ဟာ အပါအ၀င် ဒုံးကျည်တည်ဆောက်မှုမှာ ပါ၀င်သူ ၁၀၀ ကျော်ကို ရာထူးတိုးပေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်…

Read More

ကျောက်တော်မှာ မူးဝေ၊အော့အန်ပြီး ဆေးကုသမှု ခံယူနေတဲ့ မိသားစု ၆ ယောက် သေဆုံး

နိုဝင်ဘာ ၊ ၂၈ -၂၀၂၂ SP (VOM) ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ ဝဲကြီးထောင့် တိုက်နယ်ဆေးရုံမှာ မူးဝေ၊အော့အန်ပြီး ဆေးကုသမှုခံယူနေတဲ့ ပီချောင်းဒေသ ၊ သက်ထင်ကျေးရွာက မိသားစုဟာ ဒီကနေ့မနက်မှာပဲ မိသားစုလိုက် သေဆုံးသွားတယ်လို့ ကျောက်တော်နယ်ခံတွေဆီက သိရပါတယ်။ ” အဲ့ဒီ မိသားစုက မူးဝေ ၊ အော့အန်ရောဂါလက္ခဏာကြောင့် နိုဝင်ဘာ ၂၆ ရက်က ဆေးရုံတက် ဆေးကုသခံတယ် ၊ အဲ့ဒီညမှာပဲ ဒေါ်ခိုင်သန်းနု၊ မစန္ဒာဝင်း၊ မောင်ကျော် ငြိမ်းထွန်း ၊ ၃ ဦးဆက်တိုက် သေဆုံးတယ် ၊ မနေ့က လူနာ ဦးသောကြာအောင်နဲ့ သူ့ရဲ့ ယောက္ခမဖြစ်သူကို ကျောက်တော်ဆေးရုံဆီ လွဲပြောင်း ကုသတယ် ၊ ဒီမနက်ပိုင်းမှာ သူတို့လည်း ထပ်မံဆုံးသွားတယ်”လို့ သေဆုံးသူ မိသားစု အသိုင်းအဝိုင်းနဲ့…

Read More

ဇလွန်မှာ ရာအိမ်မှူး သတ်ခံရတဲ့ကိစ္စနဲ့ ဖမ်းဆီးခံထားရသူ ၇ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

နိုဝင်ဘာ၊၂၇-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မဟာသာကျေးရွာအုပ်စုက ဒေသခံ ၇ ယောက်ကို ရာအိမ်မှူး လုပ်ကြံ သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာပါဝင်ပတ် သက်တယ်ဆိုပြီး နှစ်ရှည်ထောင်တွေချမှတ်ခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ”မဟာသာကျေးရွာအုပ်စုထဲက ရာအိမ်မှူးတဦး အသတ်ခံရမှုနဲ့ ပတ်သတ်တယ်ဆိုပြီး ဒေသခံ ၇ ယောက်က ဖမ်းဆီးခံခဲ့ရတာ၊ တစ်နှစ်လောက် စစ်ဆေးပြီး အခုတော့ ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ အနှစ် ၂၀အထိ နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်ခံခဲ့ရတာ ၊ ဟင်္သာတမြို့ ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်တွေ ချမှတ်လိုက်တာ။”လို့ ပြောပါတယ်။ ရာအိမ်မှူး ဦးအေးထွန်းဆိုသူဟာ ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီလက သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ပြီး ရာအိမ်မှူးကိုသတ်ဖို့အတွက် သတင်းပေးတာ၊ ပူးပေါင်းပါဝင်တာတွေ လုပ်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၇ ယောက်ကို အခုလို ထောင်ဒဏ်တွေ…

Read More

ကြက်သွန်နီကို အလုံးအရေအတွက်နဲ့ ဝယ်စားရတော့မှာလား

နိုဝင်ဘာ ၂၈ – ၂၀၂၂ SN (VOM) လက်ရှိ မြန်မာနိုင်ငံတွင်းမှာ စိုက်ပျိုးထုတ်လုပ်တဲ့ ကြက်သွန်နီ လက်လီ၊ လက်ကားဈေးနှုန်းတွေဟာ အရင်နှစ်တွေထက် များစွာ မြင့်တက်လာနေတာကို တွေ့ရပါတယ်။ ပြည်တွင်းက ကြက်သွန်နီတွေဟာ အသစ်ပေါ်ချိန်မှာ ဈေးနှုန်း ကျဆင်းလေ့ရှိပေမယ့် ကြက်သွန်ဒိုင်တွေနဲ့ ကုန်စည်ဒိုင်တွေကို ကြက်သွန်ဝင်ရောက်မှု နည်းပါးနေတာကြောင့် ဈေးနှုန်းအမြင့်ပိုင်းမှာသာ ဆက်လက် တည်ရှိနေတာဖြစ်တယ်လို့ ကြက်သွန်ကုန်သည်တွေနဲ့ ပွဲရုံတွေဆီက သိရပါတယ်။ “ကြက်သွန်က လက်ရှိမှာ ပွဲရုံတွေကိုလည်း ကားအဝင်နည်းတယ်။ လိုအပ်တာထက်ကို ပိုပြီးတော့ ကားအဝင်နည်းတယ်။ အဲ့ဒီတော့ ရောင်းလိုအားလည်း နည်းတယ်။ ပြီးတော့ တောင်သူတွေ လက်ထဲမှာလည်း နည်းတယ်။ ကုန်သည်တွေ လက်ထဲမှာလည်း ထိုက်သင့်သလောက်ပဲ ရှိကြတယ်ဆိုတဲ့အတွက် ဈေးနှုန်း မကိုက်ညီတော့ မတင်ဘူးပေါ့။ မတင်တဲ့အတွက် ကြက်သွန်က ကုန်ဝင်နည်းတော့ ဈေးမကျဘူးပေါ့” လို့ ကုန်သည်တဦးက ပြောပါတယ်။ လက်ရှိ…

Read More

အတွေးသစ်လွင် ခေတ်ရှေ့မြင် စာရေးဆရာ ၊ အများအကျိုးအတွက် လူထုရဲ့သတင်းစာဆရာ

ဆူးငှက် ၂ဝ၂၂ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ဟာ စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာ ၁ဝ၅နှစ်ပြည့်မြောက်တဲ့ မင်္ဂလာအခါသမယ ဖြစ်ပါတယ်။ “ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်ဟာ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ အထင်ရှားဆုံး စာအုပ်တစ်အုပ်ဖြစ်တယ်။ ဒီစာအုပ်မှာ မန္တလေးရတနာပုံခေတ်က မွေးဖွားပေးလိုက်တဲ့ အငြိမ့်မင်းသမီးကြီး မထွေးလေးအကြောင်း၊ ရတနာပုံခေတ်မှသည် ကိုလိုနီခေတ်ဦးတိုင် ထင်ရှားကျော်ကြားခဲ့တဲ့ ရုပ်သေးမင်းသမီးကြီး ဆရာပုအကြောင်း အလားတူ မခြေကျင်၊ မငွေမြိုင်၊ ကောလိပ်စိန်၊ ရွာစားကြီးစိန်ဗေဒါ၊ နန်းတော်ရှေ့ဆရာတင်၊ လေဘာတီမမြရင်နှင့် မြို့မငြိမ်းတို့အကြောင်းကို “သုတ၊ ရသ”ပါအောင် ထဲထဲဝင်ဝင် ရေးသားပြုစုထားပါတယ်။ ဒီစာအုပ်ထဲမှာပါရှိတဲ့ အနုပညာသည်များရဲ့အကြောင်းကို ဆရာမကြီး လူထုဒေါ်အမာက မန်းရာပြည့်စာစောင်မှာလည်း ရေးသားခဲ့တယ်။ လူထုဂျာနယ်မှာလည်း ရေးသားခဲ့ပြီးသားပါ။ နောက်တော့ လိုအပ်တာတွေ ထပ်မံဖြည့်စွက်ပြင်ဆင်ပြီး ၁၉၆၄ ခုနှစ် မေလ ၂၁ ရက်နေ့မှာပဲ ပထမအကြိမ် ပုံနှိပ်ခြင်းအဖြစ် အုပ်ရေ ၃၅၀၀…

Read More
VOM News

FREE
VIEW