ဝါရှင်တန် ၊ဒီဇင်ဘာ-၂၄-၂၀၂၂
မျိုးဆက်(VOM)
အမေရိကန်မှာ အားလပ်ရက် ပိတ်ရက်မတိုင်မီ ပြင်းထန်တဲ့ဆောင်းမုန်တိုင်းဒဏ်ကို အမေရိကန် ပြည်သူသန်း ၂၀၀ ပျော်ခံစားနေကြရပါတယ်။
နှင်းမုန်တိုင်း လူ၁၂ ဦးထက်မနည်း သေးဆုံးပြီးလူပေါင်း ၁.၅ သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေကာ လေကြောင်းခရီးစဉ် ထောင်ပေါင်းများစွာကို သောကြာနေ့ကဖျက်သိမ်းခဲ့ရပါတယ်။
ကြီးမားတဲ့မုန်တိုင်းသည် Texas မှ Quebec အထိ မိုင် 2,000 (3,200 ကီလိုမီတာ) ကျော် ရှည်လျားတယ်လို့ သိရပါတယ်။
လေထုဖိအား ကျဆင်းခြင်းအပါအဝင် နှင်းမုန်တိုင်းကြောင့် အမေရိကန်-ကနေဒါနယ်စပ်မှာလည်း ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။
အမေရိကန် မွန်တားနားနဲ့ အယ်ခ်ပါ့ခ်တို့မှာ အပူချိန် အနှုတ် ၄၅ ဒီဂရီစင်တီဂရိတ်ထိကျဆင်းနေပြီး တောင်ဒါကိုတာမှာလည်း ဆီးနှင်းထူထပ်စွာကျနေပြီး အနွေးဓာတ်အတွက် လောင်စာကုန်သွားတဲ့ လူမျိုးစုတွေဟာ အဝတ်အစားတွေကိုပါ မီးရှို့ပြီး မီးလှုံနေကြရတယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။
ပန်ဆယ်ဗေးနီးယားနဲ့ မီချီဂန်တို့မှလည်း ဆီးနှင်းတွေ ထူထပ်စွာကျဆင်းမယ်လို့ ခန့်မှန်းထားပြီး နယူးယောက်၊ ဘတ်ဖ်လိုတို့မှာ အနည်းဆုံး ၈၉ စင်တီမီတာ ထိကျဆင်းနေပြီး လူရှစ်သန်းကျော် နှင်းမုန်တိုင်းသတိပေးချက်အောက်မှာ ဆက်လက်ရှိနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Ref: BBC
#VOM #voiceofmyanmar #ဝါရှင်တန်