ယူနက်စကိုအဖွဲ့ထဲကို အမေရိကန် ပြန်လည်၀င်ရောက်မှု အဖွဲ့၀င်နိုင်ငံတွေအတည်ပြု

ပါရီ ၊ ဇူလိုင်-၁-၂၀၂၃
မျိုးဆက်(VOM)

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အဖွဲ့ကို ပြန်လည်၀င်ရောက်ဖို့ အမေရိကန်ရဲ့ လျှောက်ထားမှုကို ယူနက်စကိုက ဇွန် ၃၀ ရက်မှာ တရား၀င်လက်ခံလိုက်ပါတယ်။

အမေရိကန်ရဲ့ အဆိုပါလျှောက်ထားမှုနဲ့ပတ်သက်ပြီး ပါရီမှာ ဇွန် ၃၀ ရက်က ပြုလုပ်သောအစည်းအဝေးအတွင်း အဖွဲ့၀င်နိုင်ငံတွေက မဲခွဲဆုံးဖြတ်ခဲ့ကြပြီးနောက် ပြန်လည်၀င်ရောက်ခွင့် ပြုခဲ့ခြင်းဖြစ်ပါတယ်။

ယူနက်စကိုအဖွဲ့ဟာ အစ္စရေးကို ဘက်လိုက်တယ်ဆိုကာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက် ၂၀၁၈ ခုနှစ်မှာ ယူနက်စကိုအဖွဲ့ကနေ အမေရိကန် နှုတ်ထွက်ခဲ့ပါတယ်။

ဒါပေမယ့် သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရလက်ထက်မှာတော့ အဖွဲ့သို့ ပြန်လည်၀င်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။

ယူနက်စကိုအဖွဲ့အတွက် ရန်ပုံငွေသန်းပေါင်းများစွာ ပံ့ပိုးဖို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ကွန်ဂရက်ကို မတ်လမှာ တောင်းဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ယူနက်စကိုအဖွဲ့အတွက် အကြီးမားဆုံးပံ့ပိုးပေးတဲ့ နိုင်ငံဖြစ်ပြီး ဥာဏ်ရည်တုနည်းပညာလိုမျိုး နယ်ပယ်တွေမှာ ယူနက်စကိုအတွက် စည်းမျဉ်းများနဲ့ စံနှုန်းတွေကို ပုံဖော်ဖို့ ခြေလှမ်းပြင်နေကြောင်း သူက သတိပေးပြောဆိုထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW