ဇူလိုင်၊၁-၂၀၂၃
MM(VOM)
မြန်မာ့ရုပ်ရှင်အစည်းအရုံး(ဗဟို)ရဲ့အသံဖမ်းအကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့တဲ့ အသံဖမ်းပညာရှင် မဉ္ဇူ ရုပ်ရှင်အသံ ဦးချစ်ဆွေဟာ မနေ့ ဇွန်လ ၃၀ ရက်က ကွယ်လွန်သွားတယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
”မဉ္ဇူရုပ်ရှင်အသံ ဦးချစ်ဆွေက ဇွန် ၃၀ ည ၇နာရီ ၄၀ က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊သေနတ်ပစ်ကွင်း နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာ ဟုတ်ပါ တယ်၊ ဆရာ ချစ်ဆွေက အရင်က အစည်းအရုံးဗဟိုရဲ့ အသံဖမ်းပိုင်းမှာ ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်အဖွဲ့ဝင်
ဟောင်းဖြစ်ပါတယ်၊ ဆရာက ကျန်းမာရေးမကောင်း ဖြစ်နေတာ ကြာပါပြီ၊ ဆရာက အသံဖမ်းလောကမှာ ၂ ယောက်မရှိဘူး စိတ်ထဲမကောင်းဘူးပေါ့။”လို့ ရုပ်ရှင်လောကမှ အသံဖမ်းပညာရှင်တစ်ဦးကပြောပါတယ်။
အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက” ဦးချစ်ဆွေ က ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်အထိ မြန်မာ့ရုပ်ရှင် အစည်းအရုံး(ဗဟို)ရဲ့ မြန်မာ့ ရုပ်ရှင်ထူး ချွန်ဆု ပေးပွဲအတွက် အသံဖမ်းအကဲဖြတ်ဒိုင်အနေနဲ့ပါဝင် ဆောင်ရွက်ခဲ့ဖြစ်ပါတယ်၊ နောက်ပြီးသူကရုပ်ရှင်သက်ကြီး ကန်တော့ခံပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်တယ်၊ တကယ့် ပညာရှင်တွေဖြစ်လို့ အရမ်းနှာမျောတယ်၊ ”လို့ ပြောပါတယ်။
အသံဖမ်းပညာရှင် မဉ္ဇူရုပ်ရှင် အသံ ဦးချစ်ဆွေဟာ
ကွယ်လွန်ချိန် အသက်(၈၆)နှစ်ရှိပြီလို့သိရပြီး အခုလို
ကွယ်လွန်သွားတဲ့အတွက် ရုပ်ရှင်လောကသားတွေက လည်း အသံဖမ်းပညာရှင်တစ်ယောက် ဆုံးရှုံးသွားတာကြောင့် ဝမ်းနည်းပါတယ်လို့ သူတို့ရဲ့ လူမှုကွန်ယက်တွေမှာ ရေးသားဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကလည်း အသက်(၈၄)အရွယ်
နာမည်ကြီး တေးရေး စန္ဒယားငွေစိုး ကွယ်လွန်သွားခဲ့ သေးတယ်လို့ ဂီတအသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒါ့အပြင် နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ အမျိုးသား စာပေဆုရှင်စာရေးဆရာ ညီပုလေးကလည်း ဇွန်လ ၂၁ ရက်က နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့ပြီး ဇွန်လ ၂၃ ရက်ကလည်း တေးသံရှင် စိမ်းမို့မို့မှ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့သေးတယ်လို့ သတင်း မှတ်တမ်းတွေအရသိရပါတယ်။
#voiceofmyanmar #VOM #အသံဖမ်းပညာရှင်ဦးချစ်ဆွေ #ကွယ်လွန်