ရှမ်းပြည်မှာ ပြီးခဲ့တဲ့ ၆ လအတွင်း ယာဉ်တိုက်မှု(၁၈၆)ကြိမ် ဖြစ်ခဲ့ပြီး (၃၄)ဦး သေဆုံးခဲ့

ဇူလိုင် ၂-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇွန်လကုန် ပိုင်းအထိ ၆ လအတွင်း ယာဉ်တိုက်မှု (၁၈၆)ကြိမ်ဖြစ် ပွားခဲ့ပြီး ဒဏ်ရာရသူ ၂၂၆ ယောက်နဲ့ သေဆုံးသူ ၃၄ ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။

”အခုနှစ် ၆ လထဲမှာ ယာဉ်တိုက်မှုတွေကြောင့်လူ ၃၄ ယောက်သေဆုံးခဲ့တယ်၊ ၂၂၂ ယောက်ဒဏ်ရာရရှိခဲ့တယ်၊မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်နဲ့ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုးနဲ့ သီပေါမြို့နယ်တွေမှာ ယာဉ်တိုက်မှုတွေအများဆုံးဖြစ်ခဲ့တာပါ၊ ယာဉ်စည်း ကမ်း လမ်းစည်းကမ်း လိုက်နာမှုအားနည်းတာကြောင့်ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားပြီး သေဆုံးရတာပါ၊ သေဆုံးတဲ့သူတွေထဲမှာ လူငယ်တွေမနည်းပါတယ်။”လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒေသခံ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက”
ယာဉ်တိုက်မှုဖြစ်တဲ့ဖြစ်စဉ်တွေက ယာဉ်ကိုပေါ့လျော့စွာ မောင်းနှင်ကြပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာကျင့်သုံးမှု မရှိတာကြောင့်ပါ၊ ဖြစ်စဉ်တွေကို သုံးသပ်လိုက်ရင် လမ်းတွေက ကောင်းတယ်၊ ယာဉ်မောင်းတွေက မဆင်ခြင်မောင်းကြလို့ဖြစ်တာ၊ဆိုင်ကယ်သမားတွေနဲ့ ကားသမားတွေပါ အကုန်ပေါ့ပေါ့ဆဆစီးကြလို့ဖြစ်တာ၊ အရေးယူတာ မယူတာထက် ယာဉ်မောင်းတွေကိုယ်တိုင်က အသိ သတိနဲ့လိုက်နာကျင့်သုံးကြဖို့လိုတာ”လို့ ပြောပါတယ်။

အဲ့ဒီယာဉ်တိုက်မှု ၁၈၆ မှာ ဇန်နဝါရီလမှာ ယာဉ်တိုက်မှု ၅၀ ကြိမ်၊ ဖေဖော်ဝါရီလမှာ ၂၁ ကြိမ်၊ မတ်လမှာ ၄၂ ကြိမ်၊ ဧပြီလမှာ ၃၈ ကြိမ်၊ မေလမှာ ၁၃ ကြိမ်၊ ဇွန်လ အတွင်း ၂၂ ကြိမ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ ယာဉ်တိုက်မှုတွေကြောင့် အမျိုးသမီး
၁၆ ယောက်နဲ့ အမျိုးသား ၁၈ ယောက် သေဆုံးခဲ့ပြီး
အမျိုးသား ၁၆၄ ယောက်နဲ့ အမျိုးသား ၅၈ ယောက်
ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရှမ်းပြည် #၆လတာယာဉ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW