ဇူလိုင် ၂၂-၂၀၂၂
Shy V(VOM)
KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက နမ်ဆန်ယန်ရွာနဲ့ ခါ့ယာတောင်ကြောဘက်မှာ မနေ့ ဇူလိုင်၂၁ ရက် ည ၁၀ နာရီခွဲ ဝန်းကျင်မှာ ဗုံးကျဲ ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“နမ်ဆန်ယန်မှာက အုပ်ချုပ်ရေးရုံးမှာ လာကျတာ။ ရွာထဲမှာ မရှောင်ချင်လို့ လာနေနေတဲ့ ပြည်သူတွေ ရှိတယ်၊ လက်နက်ကြီး ကျသံကြောင့် ဖရိုဖရဲ ထွက်ပြေးကြရတယ်လို့သိရပေမယ့် ဘယ်ဘက်တွေကို ထွက်ပြေးကြမှန်းတော့ မသိဘူး၊လူတော့ ဘာမှ မဖြစ်ဘူး။ နွားတွေသေသွားတယ်။ ကျေးရွာအုပ်ချုပ်ရေးရုံး ပျက်စီးသွားတယ်။”လို့ ဒသခံ တဦးက ပြောပါတယ်။
ခါ့ယာတောင်ကြောဘက်မှာလည်း ဗုံးလာကျဲတာ ရှိခဲ့တယ်လို့ အနီးနားရှိ ဒေသခံတဦးက ပြောပါတယ်။
“တညလုံး လက်နက်ကြီးသံ ကြားတယ်။ အိပ်လို့တောင်မရဘူး။ ခါ့ယာဘက်။ ဂျက် ဖိုက်တာ။ …. လေး၊ ငါးကြိမ် အသံကြားတယ်”လို့ သူက ပြောပါတယ်။
မနေ့ နေ့လယ် ၂ နာရီခန့်ကလည်း ဗန်းမော် – မြစ်ကြီးနားလမ်း၊ ဒေါ့ဖုန်းယန်ဘက်ရှိ ခါ့လား ကုန်းစောင်းနားမှာ တပ်နဲ့KIAတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီဒေသနဲ့နီးစပ်သူတဦးက ပြောပါတယ်။
လိုင်ဇာအနီး နမ်ဆန်ယန်မှာတော့ ဇူလိုင်လ ၃ ရက်နေ့ကစ တပ်နဲ့ KIA တို့အကြား တကျော့ပြန် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီး ဒေသခံတွေ ရာနဲ့ချီ ပြန်လည် ထွက်ပြေးရှောင်တိမ်းနေကြရတယ်လို့လည်း သိရပါတယ်။
Photo Crd – CJ
#voiceofmyanmar #VOM #လိုင်ဇာ #နမ်ဆန်ယန် #ဗုံးကျဲခံရမှု