မြန်မာသံအဆိုတော် ပိုင်သက်ကျော် လွတ်ငြိမ်းနဲ့ပြန်လွတ်လာ

ဩဂုတ် ၁ – ၂၀၂၃
GG(VOM)

မြန်မာသံအဆိုတော် ပိုင်သက်ကျော်ဟာ ဒီနေ့ ဩဂုတ် ၁ ရက် လွတ်ငြိမ်းချမ်းသာခွင့်မှာ အင်းစိန်ထောင်ကနေ ပြန်လွှတ်လာပြီး နေအိမ်ကိုပြန်လည်ရောက်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော်ပိုင်သက်ကျော်ဟာ ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့သိရပါတယ်။

” ဟုတ်ပါတယ် ၊ဆရာပိုင်သက်ကျော် ဒီနေ့ဝဋ်ကြွေးကျေပြီလို့ ပြောရပါမယ်။ပြန်လွတ်လာပါပြီ၊ အခုအိမ်ကိုပြန်ရောက်နေပါပြီ “လို့ ပိုင်သက်ကျော်ရဲ့မိတ်ဆွေတစ်ဦးကပြောပါတယ်။

အဆိုတော် ပိုင်သက်ကျော်ကို CDM တွေ ထောက်ပံ့တယ်ဆိုပြီး ၂၀၂၂ ခုနှစ် ၊ ဇွန်လထဲမှာ အင်းစိန်ထောင်အထူးတရားရုံးက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၀)ည နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပိုင်သက်ကျော်ကို ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်က သူနေထိုင်တဲ့ လှိုင်သာယာမြို့နယ် ၊ နဝဒေးအိမ်ရာဝင်းထဲရှိတဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း၊ ဖမ်းဆီးပြီး ၄ လအကြာမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဆိုတော်ပိုင်သက်ကျော်ဟာ မွေးရာပါ မသန်စွမ်းသူဖြစ်ပေမယ့် မြန်မာသံတေးသီချင်းသီဆိုရာမှာ အောင်မြင်ပြီး လူကြိုက်များတဲ့ အဆိုတော်တစ်ဦးဖြစ်သလို မြန်မာသံသီချင်းအများအပြားသီဆိုထွက်ရှိထားသူလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #အဆိုတော်ပိုင်သက်ကျော် #လွတ်ငြိမ်းသက်သာ

Related posts

Leave a Comment

VOM News

FREE
VIEW