ပြည်တွင်း စက်သုံးဆီစျေး တလီတာ ကျပ် ၂၃၀၀ ကျော်အထိ ရောက်ရှိလာ

ဩဂုတ် ၁၁ – ၂၀၂၃
SN (VOM)

လက်ရှိမှာ ပြည်တွင်း စက်သုံးဆီစျေးနှုန်းတွေ ပြန်လည် မြင့်တက်လာပြီး တလီတာ ကျပ် ၂၃၀၀ ကျော်အထိ ရောက်ရှိလာတယ်လို့ စက်သုံးဆီစျေးကွက်မှ သိရပါတယ်။

မနေ့ သြဂုတ် ၁၀ ရက်က ပြည်တွင်းရွှေဈေးနဲ့ ငွေလဲနှုန်းတွေ မြင့်တက်လာခဲ့ခြင်းနဲ့အတူ စင်္ကာပူစက်သုံးဆီဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိပြီး သြဂုတ် ၁၁ ရက် ဒီနေ့မှာ စက်သုံးဆီဈေးတွေလည်း မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

စက်သုံးဆီဈေးတွေ တက်မယ်ဆိုတဲ့သတင်းတွေက မနေ့ကတည်းက ထွက်နေတာ။ အဲ့ဒါကြောင့် ဆီဆိုင်တွေမှာ မနေ့ညကတည်းက တန်းစီ ဝယ်နေကြတယ်။ ကျွန်တော်လည်း အခြေအနေက ဘာမှန်းမသိတော့ သုံးသောင်းခွဲဖိုးလောက် သွားထည့်လိုက်သေးတယ်။ ဒီနေ့မနက်ကျတော့ မနေ့ကထွက်ခဲ့တဲ့ ကောလာဟလသတင်းတွေက မှန်နေတယ်။ ထူးတော့ ထူးဆန်းတယ် လို့ တာမွေမြို့က အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဩဂုတ် ၁၁ ရက် ပေါက်ဈေးအရ ပြည်တွင်း စက်သုံးဆီဈေးတွေဟာ ရန်ကုန်မြို့မှာ အောက်တိန်း 92 Ron တလီတာ ၂၃၁၀ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၄၂၀ ၊ ဒီဇယ်တလီတာ ၂၅၀၀ ၊ ပရီမီယံဒီဇယ် ၂၅၇၅ ဝန်းကျင်မှာ ရှိနေပြီး မနေ့ကထက် ကျပ် ၁၀၀ ကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဆီဈေးတက်တာနဲ့ ပတ်သက်လို့က သတင်းတွေကတော့ အမျိုးမျိုးကြားနေရတာပဲ။ စင်္ကာပူ UOB ဘဏ်အရေးယူမှုကြောင့်လို့လည်း ပြောကြတယ်။ မနေ့ကလည်း ဒေါ်လာဈေးတွေတက်တယ်။ ပြီးတော့ ဆီပြတ်လပ်သွားနိုင်ဆိုပြီး သတင်းတွေလည်း ထွက်နေတယ် လို့ မြောက်ဒဂုံမြို့နယ်က အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

စက်သုံးဆီဈေးတွေဟာ တရက်အတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ မြင့်တက်လာတာဖြစ်ပြီး ပဲခူးမှာတော့ အောက်တိန်း 92 Ron တလီတာ ၂၃၂၀ ၊ အောက်တိန်း 95 Ron တလီတာ ၂၄၃၀ ၊ ဒီဇယ်တလီတာ ၂၅၁၀ ၊ ပရီမီယံဒီဇယ် ၂၅၈၅ ဝန်းကျင်မှာ ရှိနေပြီး ပုသိမ်မှာတော့ အောက်တိန်း 92 Ron တလီတာ ၂၃၄၅ ၊ အောက်တိန်း 95 Ron တလီတာ ၂၄၅၅ ၊ ဒီဇယ်တလီတာ ၂၅၃၀ ၊ ပရီမီယံဒီဇယ် ၂၆၁၀ ဝန်းကျင်မှာ ရှိနေပါတယ်။

နေပြည်တော်မှာတော့ အောက်တိန်း 92 Ron တလီတာ ၂၃၅၅ ၊ အောက်တိန်း 95 Ron တလီတာ ၂၄၇၀ ၊ ဒီဇယ်တလီတာ ၂၅၄၅ ၊ ပရီမီယံဒီဇယ် ၂၆၂၀ ဝန်းကျင်မှာ ရှိနေပြီး မန္တလေးမှာတော့ အောက်တိန်း 92 Ron တလီတာ ၂၃၆၀ ၊ အောက်တိန်း 95 Ron တလီတာ ၂၄၇၀ ၊ ဒီဇယ်တလီတာ ၂၅၅၀ ၊ ပရီမီယံဒီဇယ် ၂၆၂၅ ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။

မကွေးမှာတော့ အောက်တိန်း 92 Ron တလီတာ ၂၃၆၅ ၊ အောက်တိန်း 95 Ron တလီတာ ၂၄၇၀ ၊ ဒီဇယ်တလီတာ ၂၅၄၅ ၊ ပရီမီယံဒီဇယ် ၂၆၂၀ ဝန်းကျင်မှာ ရှိနေပြီး စစ်ကိုင်းမှာတော့ အောက်တိန်း 92 Ron တလီတာ ၂၃၆၅ ၊ အောက်တိန်း 95 Ron တလီတာ ၂၄၈၀ ၊ ဒီဇယ်တလီတာ ၂၅၆၅ ၊ ပရီမီယံဒီဇယ် ၂၆၄၀ ဝန်းကျင်မှာ ရှိနေပါတယ်။

မော်လမြိုင်မှာတော့ အောက်တိန်း 92 Ron တလီတာ ၂၃၆၀ ၊ အောက်တိန်း 95 Ron တလီတာ ၂၄၈၀ ၊ ဒီဇယ်တလီတာ ၂၅၅၀ ၊ ပရီမီယံဒီဇယ် ၂၆၂၅ ဝန်းကျင်မှာ ရှိနေပြီး တောင်ကြီးမှာတော့ အောက်တိန်း 92 Ron တလီတာ ၂၃၉၅ ၊ အောက်တိန်း 95 Ron တလီတာ ၂၅၁၀ ၊ ဒီဇယ်တလီတာ ၂၅၈၅ ၊ ပရီမီယံဒီဇယ် ၂၆၆၀ ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။

အခုလက်ရှိ ဈေးနှုန်းတွေဟာ မနေ့ကထက် ကျပ် ၁၀၀ ကျော်ဝန်းကျင် မြင့်တက်လာတာဖြစ်ပြီး အချိန်နဲ့အမျှ ဈေးနှုန်းပြောင်းလဲမှု ရှိနိုင်သလို နေရာဒေသ၊ အကွာအဝေးပေါ်မူတည်ပြီးတော့လည်း ဈေးနှုန်းကွာဟမှုတွေ ရှိနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁ ရက်က ပြည်တွင်းစက်သုံးဆီဈေးဟာ ရန်ကုန်မြို့မှာ အောက်တိန်း 92 Ron တလီတာ ၂၁၄၀ ၊ 95 Ron တလီတာ ၂၂၁၀ ၊ ဒီဇယ်တလီတာ ၂၄၄၀ ၊ ပရီမီယံဒီဇယ် ၂၅၁၅ ဝန်းကျင်မှာ ရှိခဲ့ပြီး နေပြည်တော်မှာ အောက်တိန်း 92 Ron တလီတာ ၂၁၈၀ ၊ 95 Ron တလီတာ ၂၂၅၅ ၊ ဒီဇယ်တလီတာ ၂၄၈၅ ၊ ပရီမီယံဒီဇယ် ၂၅၆၀ ဝန်းကျင် ရှိခဲ့သလို မန္တလေးမြို့မှာ အောက်တိန်း 92 Ron တလီတာ ၂၁၈၅ ၊ 95 Ron တလီတာ ၂၂၆၀ ၊ ဒီဇယ်တလီတာ ၂၄၉၀ ၊ ပရီမီယံဒီဇယ် ၂၅၆၀ ဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စက်သုံးဆီစျေး #မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW