သံဖြူဇရပ်မှာ နိုင်ငံသားအထောက်အထားမဲ့ ၁၄၃ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထား

သြဂုတ် ၁၁-၂၀၂၃ SP ( VOM) မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် ၊ ဝခဲမီကျေးရွာနားမှာ ဒီကနေ့ သြဂုတ် ၁၁ ရက် မနက် ၆ နာရီဝန်းကျင်က ရေလမ်းကနေတဆင့် ကားနဲ့ လိုက်ပါတဲ့ နိုင်ငံသားအထောက်အထားမဲ့ ၁၄၃ ယောက်ကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သံဖြူဇရပ်မြို့ခံတွေဆီ သိရပါတယ်။ ” အထောက်ထားမဲ့သူ ၁၄၃ ယောက်ဟာ သံဖြူဇရပ်မြို့ပေါ်က ဖရဲသီးကုမ္မဏီလုပ်ငန်းပိုင် မြေသယ်ယာဥ် အမျိုးအစား ကား၄ စီးပေါ်က တွေ့တာပါ ၊ သူတို့ကို စစ်ဆေးမေးမြန်တဲ့အခါ အိမ်နီးချင် ဘဂ်လားဒေရှ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းကနေ စက်လှေနဲ့ ရေလမ်းကြောင်းအတိုင်း ထွက်လာကြပြီး သံဖြူဇရပ်မြို့နယ် ၊ သပြေချောင်းဝ ဆိပ်ကမ်းကိုကပ်တာဖြစ်တယ် ၊အဲ့ဒီကနေတဆင့် မြေသယ်ကားတွေနဲ့ လိုက်ပါလာတယ်”လို့ သံဖြူဇရပ်မြို့နယ် လဝက အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေး…

Read More

ပြည်တွင်း စက်သုံးဆီစျေး တလီတာ ကျပ် ၂၃၀၀ ကျော်အထိ ရောက်ရှိလာ

ဩဂုတ် ၁၁ – ၂၀၂၃ SN (VOM) လက်ရှိမှာ ပြည်တွင်း စက်သုံးဆီစျေးနှုန်းတွေ ပြန်လည် မြင့်တက်လာပြီး တလီတာ ကျပ် ၂၃၀၀ ကျော်အထိ ရောက်ရှိလာတယ်လို့ စက်သုံးဆီစျေးကွက်မှ သိရပါတယ်။ မနေ့ သြဂုတ် ၁၀ ရက်က ပြည်တွင်းရွှေဈေးနဲ့ ငွေလဲနှုန်းတွေ မြင့်တက်လာခဲ့ခြင်းနဲ့အတူ စင်္ကာပူစက်သုံးဆီဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိပြီး သြဂုတ် ၁၁ ရက် ဒီနေ့မှာ စက်သုံးဆီဈေးတွေလည်း မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ စက်သုံးဆီဈေးတွေ တက်မယ်ဆိုတဲ့သတင်းတွေက မနေ့ကတည်းက ထွက်နေတာ။ အဲ့ဒါကြောင့် ဆီဆိုင်တွေမှာ မနေ့ညကတည်းက တန်းစီ ဝယ်နေကြတယ်။ ကျွန်တော်လည်း အခြေအနေက ဘာမှန်းမသိတော့ သုံးသောင်းခွဲဖိုးလောက် သွားထည့်လိုက်သေးတယ်။ ဒီနေ့မနက်ကျတော့ မနေ့ကထွက်ခဲ့တဲ့ ကောလာဟလသတင်းတွေက မှန်နေတယ်။ ထူးတော့ ထူးဆန်းတယ် လို့ တာမွေမြို့က အငှားယာဉ်မောင်းတစ်ဦးက…

Read More

ပဲခူးမှာ ရပ်ကွက်နဲ့ ရွာ ၁၇ ခုက လူ ၁၅၀၀၀ ကျော် ရေဘေးသင့်၊ အစားအစာနဲ့ရေ လိုအပ်နေ

ဩဂုတ် ၁၁ – ၂၀၂၃ VOM (GG) ပဲခူးတိုင်း၊ ပဲခူးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော်ကာ ရေတက်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားလို့ လူပေါင်း ၁၅၀၀၀ ကျော်ခန့် ရေဘေးသင့်ဒဏ်ခံစားနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရေဘေးသင့်သူတွေကို ရေဘေးကယ်ဆယ်ရေးစခန်း ၂၉ ခုဖွင့်ကာ ရွှေ့ပြောင်း ထားကြောင်းနဲ့ လတ်တ​​လော ပဲခူးမြို့မှာ ရပ်ကွက် ၁၁ ခုနဲ့ ရွာ ၆ ရွာက ရေကြီး၊ရေလျှံမှုဖြစ်နေပြီး နေအိမ်ရေမြုပ်တာတွေအထိ ရှိနေတယ်လို့သိရပါတယ်။ ” မြို့ပေါ်ရပ်ကွက်တွေ၊ရွာတွေရေကြီးနေတာပါ၊ဒီနေ့ရေပြန်ကျတယ်ဆိုပေမယ့်အများကြီးမဟုတ်ဘူး။ကယ်ဆယ်ရေးစခန်းက မနေ့ကစပြီးဖွင့်တာ ၂၉ ခုရှိ​တယ်။တနေ့တာ စားသောက်မှုကို အစိုးရအဖွဲ့ကလှူတာရှိတယ်၊ပရဟိတအဖွဲ့တွေကလှူတာရှိတယ်၊နေရာမထပ်အောင် ချိတ်ပြီးလှူနေကြတယ်။ကျနော်တို့အဖွဲ့ကလည်း တစ်ရက်လူ မနက် ၂၀၀၀ ၊ ည ၂၀၀၀ စာလှူနိုင်အောင်လုပ်နေတယ်။အလှူရှင် ငွေနဲ့လှူတာပါ။လှေနဲ့ပဲသွားလာရပါတယ် “လို့ ကလျာဏမိတ္တ လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောပါတယ်။ ရေကြီးရေလျှံမှုဖြစ်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကတော့ မြို့သစ် ၊…

Read More

ကြွေးမြီဝန်ထုပ်ဝန်ပိုးတိုးလာပြီး အုပ်ချုပ်ရေးစံနှုန်းယိုယွင်းလာတာကြောင့် အမေရိကန်ကြွေးမြီအဆင့်ကို လျှော့ချသတ်မှတ်

ဝါရှင်တန်၊ သြဂုတ်-၁၁-၂၀၂၃ မျက်မှောက်ကာလ စုပုံများပြားလာသောကြွေးမြီတွေနဲ့ “အုပ်ချုပ်ရေးစံနှုန်းများ ယိုယွင်းခြင်း” တို့ကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ကြွေးမြီအဆင့်ကို ‘Fitch’ လို့ခေါ်တဲ့ ထိပ်တန်းအဆင့်သတ်မှတ်ရေးအေဂျင်စီက အဆင့်လျှော့ချခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ တချိန်တည်းမှာပင် ဒီလိုအဆင့်နှိမ့်ချမှုနဲ့အတူ အိမ်ဖြူတော်အတွင်း ဆန္ဒပြမှုတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ အဆင့်သတ်မှတ်တဲ့ အေဂျင်စီကြီးသုံးခုအနက်မှတခုဖြစ်တဲ့ Fitch က ဩဂုတ် ၁ ရက်ှာ အမေရိကန်ရဲ့ ခရက်ဒစ်အဆင့်သတ်မှတ်ချက်ကို AA+ သို့ လျှော့ချခဲ့ပါတယ်။ လျှော့ချပုံမှာ အမြင့်ဆုံးအဆင့် AAA မှ တထစ် လျှော့ချလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတစ်ခုနိုင်ငံရဲ့ကြွေးမြီမှာ ရင်းနှီးမြုပ်နှံမှုနဲ့ဆက်စပ်တဲ့ အန္တရာယ်တွေအပေါ် ရင်းနှီးမြှုပ်နှံသူတွေကို ညွှန်ပြပေးတဲ့ အကြွေးအဆင့်လျှော့ချမှုဟာ အမေရိကန်အစိုးရအတွက် အချိန်ကြာလာတာနဲ့အမျှ အချေးအငှားလုပ်ဖို့ စရိတ်တွေ တိုးလာနိုင်ပါတယ်။ လပေါင်းအတန်ကြာအောင် နိုင်ငံရေးအရှုပ်အထွေးဖြစ်ခဲ့ပြီး အခွန်နဲ့အသုံးစရိတ်တွေအတွက် ဒေါ်လာ ၃၁ ဒသမ ၄ ထရီလီယံ ချေးယူမှုကန့်သတ်ချက်ကို မြှင့်တင်ခြင်းဖြင့်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၁ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၁ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၄၈၅ ကျပ် ဝယ်ဈေး – ၃၄၂၅ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၅၃၅ ကျပ် ဝယ်ဈေး – ၂၄၆၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၅ ကျပ် ဝယ်ဈေး – ၃၇၃၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅ ကျပ် ဝယ်ဈေး – ၉၇.၀၈ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၅ ကျပ် ဝယ်ဈေး – ၇၄၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၄ ကျပ် ဝယ်ဈေး –…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

– လကမ္ဘာပေါ်မှာ ရေရှာဖို့ စူးစမ်းလေ့လာရေးယာဉ် ရုရှားစေလွှတ် – ကပ်ရောဂါတွေကို ကြိုတင်ခန့်မှန်းနိုင်တော့မယ့် AI နည်းပညာသစ် – မျက်နှာပြင်နည်းပညာသစ်နဲ့ Xiaomi Mix Fold3 ကြေညာတော့မယ် မျိုးဆက်(VOM) (၁) လကမ္ဘာပေါ်မှာ ရေရှာဖို့ စူးစမ်းလေ့လာရေးယာဉ် ရုရှားစေလွှတ် ရုရှားအာကာသအေဂျင်စီဟာ ရေခဲတွေရှိနေနိုင်တယ်လို့ ယူဆရတဲ့ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ စူးစမ်းလေ့လာဖို့အတွက် ၄၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂြိုဟ်ဆင်းယာဉ် စေလွှတ်လိုက်ပါတယ်။ ဒါဟာ ရုရှားအတွက် ၁၉၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံးသော လကမ္ဘာမစ်ရှင်ဖြစ်ပြီး အိန္ဒိယနိုင်ငံကလည်း ချန်ဒရီယန်-၃ လဆင်းယာဉ်ကို ပြီးခဲ့တဲ့လက လွှတ်တင်ခဲ့ပြီး လပေါ်မှာ ရေရှာဖွေနိုင်မယ့် လေ့လာမှုတွေပြုဖို့ ရည်မှန်းထားပါတယ်။ ရုရှားဟာ မော်စကိုမြို့အရှေ့ဘက် ၃၄၅၀ မိုင်အကွာရှိ လွှတ်တင်ရေးစခန်းကနေ Luna-25 ဂြိုဟ်ဆင်းယာဉ်ကို တင်ဆောင်ထားတဲ့ ဆိုယုဇ်ဒုံးပျံကို သြဂုတ် ၁၀ ရက် မနက်ဒေသစံတော်ချိန်…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၁၁ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၁၁ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar#VOM#Todaygoldprice #August11

Read More

အာဏာသိမ်းနိုင်ဂျာမှာ စစ်ရေးအရ အမြန်ဆုံးကြားဝင်ဖို့ အီကိုဝပ်စ်အဖွဲ့ တပ်တွေပြင်ပြီ

နီယာမေ၊ သြဂုတ်-၁၁-၂၀၂၃ မျိုးဆက်(VOM) နိုင်ဂျာမှဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အနောက်အာဖရိက နိုင်ငံတွေက စစ်ရေးအရကြားဝင်မှုကို တတ်နိုင်သမျှအမြန်ဆုံးလုပ်ဆောင်ဖို့ အတည်ပြုလိုက်ကြောင်း အိုင်ဗရီကို့စ်သမ္မတက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အနောက်အာဖရိက ဒေသတွင်း အီကိုဝပ်စ်အဖွဲ့ရဲ့ အစည်းအဝေးမှာ နိုင်ဂျာမှာ စစ်ရေးအရကြားဝင်ဖို့ အသင့်အနေအထား ပြင်ဆင်ထားဖို့ သဘောတူခဲ့ကြောင်း အိုင်ဗရီကို့စ်သမ္မတက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ရေးအင်အားသုံးခြင်းဟာ နောက်ဆုံးလုပ်ဆောင်နိုင်တဲ့ အရင်းအမြစ်ဖြစ်တယ်လို့ နိုင်ဂျီးရီးယားသမ္မတ တီနူဘူက ပြောပါတယ်။ နိုင်ဂျာစစ်တပ်ဟာ သမ္မတကို ဖမ်းဆီးပြီး ဇူလိုင် ၂၆ ရက်မှာ အာဏာသိမ်းခဲ့ပါတယ်။ နှစ်ပတ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ နိုင်ဂျာသမ္မတ မိုဟာမက် ဘာဇိုရမ်ရဲ့ ကျန်းမာရေး၊ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ထုတ်ဖော်ပြောဆိုထားပါတယ်။ နိုင်ဂျာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ပြန်လည်အုပ်ချုပ်မှုရရှိနိုင်စေဖို့ အနောက်အာဖရိက ဒေသတွင်းအဖွဲ့ အီကိုဝပ်စ်ရဲ့ စစ်ရေးအင်အားကို အသင့်ပြင်ထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အိုင်ဗရီကို့စ်ကတော့ စစ်သည်အင်အား ၈၅၀…

Read More

မွေးဖွားဖို့ ရက်ပိုင်းလိုတဲ့ ကိုယ်ဝန်ဆောင်မိခင်ကို ဓားပြတိုက် သတ်သူတွေ ဖမ်းမိတယ်လို့ သတင်းထွက်

သြဂုတ် ၁၁ – ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ထန်းတောရပ်ကွက်မှာနေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးဟာ မနေ့ သြဂုတ် ၁၀ ရက် ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက်သူတွေရဲ့ သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပြီး၊ အဲဒီ ဓါးပြ​တွေကို ဖမ်းမိတယ်လို့ သိရပါတယ်။ ” ကိုယ်ဝန်ဆောင်အမျိုးသမီးကိုပစ်သတ်သွားတဲ့ ဓားပြ ၇ ယောက်နဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့တခုက သူ့တို့ ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ လူမှုကွန်ရက်ပေါ်မှာ တက်လာတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ ဓားပြတွေပစ်သတ်လို့ သေဆုံးရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ဖြစ်သူဟာ ကိုယ်ဝန် ၉ လထဲရောက်နေပြီး သားဦးလေး မွေးဖွားဖို့ ရက်ပိုင်းပဲလိုတော့တာဖြစ်တယ်လို့ သိရပါတယ်။ မ​နေ့ကဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာမြို့ခံတ​ယောက်က ”…

Read More

This Day in History: August-11

This Day in History: August-11 Voice of Myanmar စူးအက်တူးမြောင်းကို ထိန်းချုပ်ပြီး အာရပ်အမျိုးသားရေးဝါဒပြန်လည် ရှင်သန်လိုကြောင်း ၁၉၅၆ ခုနှစ် သြဂုတ် ၁၁ ရက်တွင်ကျင်းပသော အာရပ်ကုန်သွယ်ရေးသမဂ္ဂအစည်းအဝေးတွင် အီဂျစ်သမ္မတ ဂါမယ်လ်အဗ္ဗဒယ်နက်ဆာက အဆိုပါပြုခဲ့ပြီး ဗြိတိန်သို့မဟုတ် ပြင်သစ်က ယင်းကိစ္စအတွက် အီဂျစ်ကို တိုက်ခိုက်ပါက အနောက်နိုင်ငံများ၏ စစ်အခြေစိုက်စခန်းများနှင့် ရေနံတူးစင်များကို ဖောက်ခွဲတိုက်ခိုက်မည်ဟု အာရပ်ကုန်သွယ်ရေးသမဂ္ဂက သဘောတူခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #August-11

Read More
VOM News

FREE
VIEW