လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် ဂျပန်နိုင်ငံ အောင်မြင်စွာ လွှတ်တင်

တိုကျို၊ စက်တင်ဘာ-၇-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်နိုင်ငံဟာ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်ကို H-2A ဒုံးပျံနဲ့ စက်တင်ဘာ ၇ ရက်မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

မွန်းစနိုက်ပါလို့ အမည်ပေးထားတဲ့ စူးစမ်းလေ့လာရေးယာဉ်ဟာ သူ့ရဲ့ပျံသန်းမှုမစ်ရှင် အားလုံးအဆင်ပြေချောမွေ့ပါက ဖေဖော်ဝါရီလမှာ လကမ္ဘာပေါ် ဆင်းသက်နိုင်ဖွယ်ရှိပါတယ်။

ယခင်လွှတ်တင်မှုတွေကတော့ ရာသီဥတုဆိုးရွားမှုကြောင့် ဆိုင်းငံ့ခဲ့ရပြီး စတုတ္ထအကြိမ်လွှတ်တင်မမှာ အောင်မြင်ခဲ့တာဖြစ်ပြီး အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ပြီးပါက ဂျပန်နိုင်ငံဟာ လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်တဲ့ ပဉ္စမမြောက်နိုင်ငံဖြစ်ဖို့ ကြိုးပမ်းနေပါတယ်။

အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ ကမ္ဘာ့ပထမဆုံး ဆင်းသက်နိုင်ခဲ့ပြီး သမိုင်းဝင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ လကမ္ဘာစူးစမ်းလေ့လာရေးမစ်ရှင်ကတော့ လေးလအတွင်း လကမ္ဘာပတ်လမ်းထဲသို့ ရောက်ရှိနိုင်ကြောင်း ဂျပန်အာကာသအေဂျင်စီက ပြောပါတယ်။

အဲဒီနောက်မှာ လကမ္ဘာပေါ် မဆင်းသက်မီ လကိုတလကြာ ပတ်မှာဖြစ်ပြီး ဖေဖော်ဝါရီလမှာ လကမ္ဘာမျက်နှာပြင်ပေါ် ဆင်းသက်နိုင်ဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း ဂျပန်အာကာသအေဂျင်စီကထုတ်ပြန်ထားအပါတယ်။

Ref:BBC
Photo:Reuters
#voiceofmtanmar #VOM #JapanJoins #MoonRace #Successful #rocketLaunch

Related posts

Leave a Comment

VOM News

FREE
VIEW