စစ်ကိုင်းမြို့ပေါ်မှာ အတည်မပြုနိုင်တဲ့ သတင်းတွေထွက်ပေါ်ပြီး ရုတ်ရုတ်သဲသဲဖြစ်နေ

စက်တင်ဘာ ၊ ၁၈ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက စပြီး အတည်မပြုနိုင်တဲ့ သတင်းတွေကြောင့် ရုတ်ရုတ်သဲသဲတွေဖြစ်နေတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။

” ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက မထွက်ရ အမိန့်တွေ ထုတ်တားတယ် ၊ အဲ့ဒါကြောင့် မြို့ပေါ်မှာ လူသွားလူလာတွေမရှိတော့ဘူး ၊ တယောက်စ ၊ နှစ်ယောက်စလောက်ပဲရှိတယ် ၊ စျေးတွေလည်း ပိတ်ပြီးပြန်ကြတယ် ၊ အိမ်စျေးဆိုင်တွေလည်း အများစုက ပိတ်ထားတယ် ၊ ကားတွေ ဆိုင်ကယ်တွေ သွားတာလာတာ မရှိဘူး “လို့ မြို့ခံတယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်း နန္ဒဝန်ရပ်ထဲနေတဲ့ လူတယောက်က ” မထွက်ရ အမိန့်ထုတ်တယ် ကြားလို့ ကျောင်းဆင်းချိန်မဟုတ်ဘဲ ကျောင်းက ကလေးတွေကို ပြန်ခေါ်ခဲ့ရတယ် “လို့ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဘက်ကနေ အမိန့်တစုံတရာ ထုတ်ပြန်ထားတာတော့မရှိဘူး ၊ အပြင်မထွက်ရ အမိန့်ဆိုတာ ဆန့်ကျင်ဘက်တွေက ထုတ်တာပဲရှိတယ် ” လို့ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတချို့ စစ်ကြောင်းတွေရောက်လာလို့ တချို့ကျေးရွာတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW