တုတ်ကြီးကျေးရွာမှာ လူ ၆ ဦး ပစ်သတ်ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၁၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ကသာမြို့နယ် ၊ တုတ်ကြီးကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၇ ရက်က လူ ၆ ဦးကို ပစ်သတ်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ရွာမှာဖြစ်တာပါ နယ်မြေရှင်းလင်းရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ပြီး လူ ၆ ဦး အသေပစ်ဖမ်းတယ်၊ သေတဲ့ သူတွေက ဘယ်သူတွေဆိုတာ အခုထိ မသိရသေဘူး ၊ စုံစမ်းနေတုန်း “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကသာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အဲ့ဒီ တုတ်ကြီးရွာကို အမည်မသိ (စုံစမ်းဆဲ)အဖွဲ့လာတယ် ၊ အဲ့ဒီသတင်းကို ရတာနဲ့ လုံခြုံရေးအဖွဲ့တွေက အချိန်မှီသွားရောက်ပြီး နယ်မြေရှင်းလင်းတယ် ၊ ထိတွေ့မှုဖြစ်ပြီး…

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၈ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၈ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #September18th

Read More

ဒီရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သတ်ဖြတ်ခံရ

စက်တင်ဘာ ၊ ၁၈ ၊ ၂၀၂၃ SP (VOM) ဒီရက်ပိုင်းအတွင်း တနိုင်ငံလုံး အတိုင်းအတာနေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်းသတ်ဖြတ်ခံရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ” ဒီမနက် ၁၀ နာရီဝန်းကျင်က မွန်ပြည်နယ် ၊ ရေးမြို့ ၊ အောင်သုခရပ်ကွက်ထဲမှာ ကားနဲ့လာတဲ့ သတင်းရဲတပ်ဖွဲ့ တပ်ဖွဲ့စု ၁၁ က ရဲအုပ် မြင့်လွင် ဆိုသူ ပစ်သတ်ခံရတယ် ၊ နားထင်ပွင့်ထွက်ပြီး နေရာမှာတင် ကားပေါ်မှာ သေတယ် “လို့ ရေးမြို့ခံ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ နေပြည်တော် ရဲချုပ်ရုံးနဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက် ၊ နေ့လယ်ပိုင်းအချိန်က ရန်ကုန် ၊ ရွှေပြည်သာ တပင်ရွှေထီးလမ်းက လက်ဘက်ရည်ဆိုင်ထဲမှာ ကယားပြည်နယ် ၊…

Read More

စစ်ကိုင်းမြို့ပေါ်မှာ အတည်မပြုနိုင်တဲ့ သတင်းတွေထွက်ပေါ်ပြီး ရုတ်ရုတ်သဲသဲဖြစ်နေ

စက်တင်ဘာ ၊ ၁၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက စပြီး အတည်မပြုနိုင်တဲ့ သတင်းတွေကြောင့် ရုတ်ရုတ်သဲသဲတွေဖြစ်နေတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။ ” ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက မထွက်ရ အမိန့်တွေ ထုတ်တားတယ် ၊ အဲ့ဒါကြောင့် မြို့ပေါ်မှာ လူသွားလူလာတွေမရှိတော့ဘူး ၊ တယောက်စ ၊ နှစ်ယောက်စလောက်ပဲရှိတယ် ၊ စျေးတွေလည်း ပိတ်ပြီးပြန်ကြတယ် ၊ အိမ်စျေးဆိုင်တွေလည်း အများစုက ပိတ်ထားတယ် ၊ ကားတွေ ဆိုင်ကယ်တွေ သွားတာလာတာ မရှိဘူး “လို့ မြို့ခံတယောက်က ပြောပါတယ်။ ဒါ့အပြင် စစ်ကိုင်း နန္ဒဝန်ရပ်ထဲနေတဲ့ လူတယောက်က ” မထွက်ရ အမိန့်ထုတ်တယ် ကြားလို့ ကျောင်းဆင်းချိန်မဟုတ်ဘဲ ကျောင်းက ကလေးတွေကို ပြန်ခေါ်ခဲ့ရတယ်…

Read More

ရုရှားနဲ့ဆက်ဆံရေး သမိုင်းဝင်ကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

ပြုံးယမ်း ၊ စက်တင်ဘာ-၁၈-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေးကို သမိုင်းဝင်ကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက စက်တင်ဘာ့၁၈ ရက်မှာ ဖော်ပြထားပါတယ်။ စက်တင်ဘာ ၁၈ ရက်မှာ အဆုံးသတ်ခဲ့တဲ့ ကင်ဂျံအန်ဟာ တပတ်နီးကြာ ရုရှားခရီးစဉ်အတွင်း နိုင်ငံအရှေ့ဖျားပိုင်း ဗလာဒီဗော့စ်တော့မြို့နဲ့ အခြာနေရာတွေကို သွားရောက်ခဲ့ပြီး ဒါဟာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံးသော ပြည်ပခရီးစဉ်ဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်မှာ ရုရှားရဲ့ဒုံးပျံတွေကနေ ရေငုပ်သင်္ဘောတွေထိ ကင်ဂျုံအန်သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးတိုးမြင့်ခြင်းအပါအဝင် အလားအလာရှိတဲ့ စစ်ရေးဆက်ဆံမှုကို ပြသနေကြောင်း အကဲခတ်တွေက ဆိုပါတယ်။ နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လက်နက်တွေထောက်ပံ့ပေးနိုင်ကြောင်း အနောက်အုပ်စုနိုင်ငံတွေရဲ့ စိုးရိမ်မှုတွေကြားမှာ ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားနဲ့မြောက်ကိုရီးယားတို့အကြား နှစ်နိုင်ငံဆက်ဆံရေးဟာ မြောက်ကိုရီးယားရဲ့ နံပါတ်တစ်ဦးစားပေးဖြစ်ကြောင်း ကင်ဂျုံအန်က ပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပြီးနောက် ထုတ်ဖော်ပြောဆိုထားပါတယ်။…

Read More

တရုတ်စစ်တပ်ရဲ့ အပြုသဘောမဆောင်တဲ့ တဖက်သတ်လုပ်ရပ်တွေရပ်ဖို့ ထိုင်ဝမ်စစ်တပ် သတိပေး

တိုင်ပေ၊ စက်တင်ဘာ-၁၈-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံအနေနဲ့ အပြုသဘောမဆောင်တဲ့ တဖက်သတ်လုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပြီး ဒီလုပ်ရပ်တွေဟာ တင်းမာမှုတွေကို သိသိသာသာတိုးလာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။ ထိုင်ဝမ်ကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားတဲ့ တရုတ်နိုင်ငံဟာ ကျွန်းအနီးမှာ စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာမြင့်တက်ပြီးနောက် ထိုင်ဝမ်စစ်ဘက်က အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။ မကြာသေးမီကာလတွေအတွင်း တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက်ကလည်း တရုတ်စစ်လေယာဉ် ၁၀၃ စင်းကို ပင်လယ်ပြင်မှာထောက်လှမ်းတွေ့ရှိခဲ့ပြီး ဒါဟာ လက်ရှိချိန်ထိ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ရပ်ဟာ ရေလက်ကြားနဲ့ ဒေသတွင်းလုံခြုံရေးအတွက် ပြင်းထန်တဲ့စိန်ခေါ်မှုတွေကို ဖြစ်စေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ ဒေသတွင်းနိုင်ငံအားလုံးရဲ့ ဘုံတာဝန်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုလိုစစ်ရေးအရ ဆက်တိုက်နှောက်ယှက်မှုတွေဟာ တင်းမာမှုတွေကို သိသိသာသာတိုးလာပြီးဒေသတွင်း လုံခြုံရေးကို…

Read More

မန္တလေး – မိုးကုတ်ကားလမ်းဘေးက စားသောက်ဆိုင် ပိုင်ရှင် ၄ ဦး အသတ်ခံရ

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ စဥ့်ကူးမြို့နယ် ၊ ငွေတောင်ကျေးရွာ ၊ မန္တလေး – မိုးကုတ်ကားလမ်းမှာရှိတဲ့ စားသောက်ဆိုင် လုပ်ငန်းရှင် ၄ ယောက်ကို မနေ့ စက်တင်ဘာ ၁၆ ရက် ည ၁၁ နာရီဝန်းကျင်က ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ စဥ့်ကူးမြို့ခံတွေဆီက သိရပါတယ်။ ” ဖမ်းဆီးသတ်ဖြတ်ခံရသူတွေကတော့ ပထမဆိုင်က မြနန်ဟေမာန် စားသောက်ဆိုင် ပိုင်ရှင် ဦးသိန်းဇော်နဲ့ သူ့မိန်းမ ဒေါ်သဲနုငယ် တို့ဖြစ်တယ် ၊ ဒုတိယကတော့ ကုဋေစု စားသောက်ဆိုင် ပိုင်ရှင် လင်မယား ဦးခင်မောင်ချင်း နဲ့ သူ့မိန်းမ ဒေါ်လွင်လွင်ဌေး တို့ဖြစ်တယ်၊ သူတို့ လင်မယားအတွဲ ၂ တွဲ ၊ လူ ၄ ယောက်စလုံး အသတ်ခံရတာ…

Read More

ရိတ်သိမ်းမယ့် ​မိုးစပါးစိုက်ခင်းတွေ ရေနစ်မြုပ်နေလို့ တောင်သူတွေ ဒုက္ခရောက်နေရ

စက်တင်ဘာ ၁၈ – ၂၀၂၃ GG(VOM) ဧရာဝတီတိုင်း ၊ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းထဲက ရိတ်သိမ်းခါနီး မိုးစပါးစိုက်ခင်းတွေ ရေနစ်မြုပ်နေတာကြောင့် တောင်သူတွေဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ် ။ ဩဂုတ်လကုန်လောက်ကစပြီး ဒီနေ့ စက်တင်ဘာ ၁၈ ရက်အထိ အဆက်မပြတ်မိုးရွာသွန်းနေတာကြောင့် မကြာမီရိတ်သိမ်းရတော့မယ့်စပါးခင်းတွေမှာ ရေတွေများပြီး စပါးပင်တွေ နစ်မြုပ်ခြင်း၊စပါးပင်လဲခြင်းတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ” စပါးနို့ရည်ခဲနေတဲ့လယ်တွေရော၊ အထွက်စုံပြီး ငိုက်နေတဲ့လယ်တွေရော အကုန်ရေနစ်ကြတယ်၊ မိုးကအရမ်းကိုကောင်းနေတာဗျာ၊စိတ်ကိုညစ်ရော၊ ကျနော်ဆို ၅ ဧကလောက်မြုပ်နေပါတယ်။ ရေက ထုတ်လို့ကိုမရတာ၊ကိုယ့်လယ်ထဲကို အပေါ်လယ်ကနေ တောက်လျှောက်ကိုဝင်နေတာ၊ စပါးခင်းရေနစ်နေတာကို ထိုင်ကြည့်နေရတယ်၊ရေနစ်တာအရမ်းကြာရင် ပျက်စီးမှုပိုများမယ် “လို့ ပဲခူးအနောက်ပိုင်းက တောင်သူ(၁)ဦးကပြောပါတယ်။ ရေနစ်မြုပ်တဲ့စပါးခင်းဟာ ရေကျချိန် ရိတ်သိမ်းပြီးပါကလည်း ပေါက်စျေး နူန်းထားမရရှိဘဲ စျေးနှိမ်ဝယ်ယူခံရတဲ့အပြင် စပါးအထွက်နူန်းပိုင်းလည်းထိခိုက်တာကြောင့် တောင်သူတွေ ဆုံးရှုံးမှုများပြီး ဒုက္ခရောက်ရတယ်လို့ သိရပါတယ်။ ” တချို့ စပါးမထွက်သေးတဲ့ အခင်းတချို့လည်းရေနစ်နေတာရှိတယ်၊ စပါးထွက်နေတဲ့အခင်းတွေကတော့…

Read More

လမ်းတွေပျက်နေလို့ မဟာမြိုင် ကုန်သွယ်ရေးကားလမ်းပိုင်း လုံးဝ သွားမရဖြစ်နေ

စက်တင်ဘာ ၁၈ -၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ်နဲ့ ကလေးခရိုင် ၊ ကလေးဝမြို့ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ မဟာမြိုင် ကုန်သွယ်ရေး ကားလမ်းဟာ ဒီကနေ့မနက် မိုးရွာသွန်းမှုများပြီး လမ်းတွေပျက်စီးသွားတာကြောင့် ကားတွေရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ၅၆ မိုင်မှာ ကားကြီးတစ်စီး ဂျွိုင်းပြတ်နေပြီး လမ်းပိတ်နေတယ် ၊ အဲ့ဒီနေရာက ကွင်းလမ်းမရှိဘူး ၊ အဲ့ဒါကြောင့် အဲ့ဒီနေရာမှာလည်း ကားအစီးရေ ၅၀ လောက်ပိတ်မိနေတယ် ၊ ၅၁ မိုင်မှာ ပိတ်မိနေတဲ့ကားတွေထဲက ဆယ်ဂဏန်းလောက်ပဲကျန်တော့တယ် ၊ နောက်ပြီး ပျဥ်းကိုင်းရွာမှာလည်း အတက်ကား အစီးရေ ၁၅၀ ကျော်လောက် မောက္ကတော်ချောင်းလမ်းမှာ ပိတ်မိနေတယ် ၊ အဲ့ဒီ မောက္ကတော် ချောင်းလမ်းက အရင်နှစ်တုန်းက ကွန်ကရစ်လမ်းအမျိုးအစားဖြစ်ပြီး…

Read More

တရုတ်-ရုရှား မဟာဗျူဟာမြောက် လုံခြုံရေးဆွေးနွေးပွဲ လုပ်ဖို့စီစဉ်၊ ပူတင်နဲ့ ရှီကျင်းပင် လာမယ့်လမှာ ထိပ်သီးဆွေးနွေးဖွယ်ရှိ

မော်စကို၊ စက်တင်ဘာ-၁၈-၂၀၂၃ မျိုးဆက်(VOM) တရုတ်-ရုရှား မဟာဗျူဟာမြောက် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံခြာရေးဝန်ကြီး ဝမ်ယီဟာ ရုရှားကို ရောက်ရှိနေပြီး ဆွေးနွေးပွဲကိုတော့ စက်တင်ဘာ ၁၈ ကနေ ၂၁ ရက်ထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ဝမ်ယီဟာ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး နီကိုလိုင်ပါထရူရှေ့ဗ်ရဲ့ ဖိတ်ကြားချက်အရ ရုရှားကိုသွားရောက်ခဲ့တာဖြစ်ပြီး ပါထရီရှေ့ဗ်ဟာ ရုရှားသမ္မတပူတင်ရဲ့ အနီးကပ်လက်ထောက်တဦးဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီဟာ စက်တင်ဘာ ၁၈ ရက်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရောဗ်နဲ့တွေ့ဆုံဖို့ စီစဉ်ထားပြီး သမ္မတပူတင်နဲ့ ရှီကျင်းပင်တို့ထိပ်သီးဆွေးနွေးပွဲကိုတော့ လာမယ့်လအစောပိုင်းမှာ ကျင်းပဖွယ်ရှိနေပါတယ်။ ဝမ်ယီရဲ့ခရီးစဉ်အတွင်း ယူကရိန်းစစ်ပွဲ၊ အမေရိကန်-တရုတ်ဆက်ဆံရေးတင်းမာမှု၊ ပူတင်နဲ့မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်တို့ကြား မကြာသေးမီကတွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားဖွယ်ရှိနေပါတယ်။ ဝမ်ယီဟာ ခုသီတင်းပတ်ကုန်ပိုင်းကလည်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံခဲ့ပြီး ဒီဆွေးနွေးမှုဟာ လေးနက်ပြီးအကျိုးဖြစ်ထွန်းစေခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref: NHK #voiceofmyanmar #VOM #ChinaFM…

Read More
VOM News

FREE
VIEW