တရုတ်-ရုရှား မဟာဗျူဟာမြောက် လုံခြုံရေးဆွေးနွေးပွဲ လုပ်ဖို့စီစဉ်၊ ပူတင်နဲ့ ရှီကျင်းပင် လာမယ့်လမှာ ထိပ်သီးဆွေးနွေးဖွယ်ရှိ

မော်စကို၊ စက်တင်ဘာ-၁၈-၂၀၂၃
မျိုးဆက်(VOM)

တရုတ်-ရုရှား မဟာဗျူဟာမြောက် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံခြာရေးဝန်ကြီး ဝမ်ယီဟာ ရုရှားကို ရောက်ရှိနေပြီး ဆွေးနွေးပွဲကိုတော့ စက်တင်ဘာ ၁၈ ကနေ ၂၁ ရက်ထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ဝမ်ယီဟာ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး နီကိုလိုင်ပါထရူရှေ့ဗ်ရဲ့ ဖိတ်ကြားချက်အရ ရုရှားကိုသွားရောက်ခဲ့တာဖြစ်ပြီး ပါထရီရှေ့ဗ်ဟာ ရုရှားသမ္မတပူတင်ရဲ့ အနီးကပ်လက်ထောက်တဦးဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီဟာ စက်တင်ဘာ ၁၈ ရက်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရောဗ်နဲ့တွေ့ဆုံဖို့ စီစဉ်ထားပြီး သမ္မတပူတင်နဲ့ ရှီကျင်းပင်တို့ထိပ်သီးဆွေးနွေးပွဲကိုတော့ လာမယ့်လအစောပိုင်းမှာ ကျင်းပဖွယ်ရှိနေပါတယ်။

ဝမ်ယီရဲ့ခရီးစဉ်အတွင်း ယူကရိန်းစစ်ပွဲ၊ အမေရိကန်-တရုတ်ဆက်ဆံရေးတင်းမာမှု၊ ပူတင်နဲ့မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်တို့ကြား မကြာသေးမီကတွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားဖွယ်ရှိနေပါတယ်။

ဝမ်ယီဟာ ခုသီတင်းပတ်ကုန်ပိုင်းကလည်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံခဲ့ပြီး ဒီဆွေးနွေးမှုဟာ လေးနက်ပြီးအကျိုးဖြစ်ထွန်းစေခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ChinaFM #WangYi #toHoldBilateralSecurity #indiaRussia

Related posts

Leave a Comment

VOM News

FREE
VIEW