တရုတ်စစ်တပ်ရဲ့ အပြုသဘောမဆောင်တဲ့ တဖက်သတ်လုပ်ရပ်တွေရပ်ဖို့ ထိုင်ဝမ်စစ်တပ် သတိပေး

တိုင်ပေ၊ စက်တင်ဘာ-၁၈-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံအနေနဲ့ အပြုသဘောမဆောင်တဲ့ တဖက်သတ်လုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပြီး ဒီလုပ်ရပ်တွေဟာ တင်းမာမှုတွေကို သိသိသာသာတိုးလာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

ထိုင်ဝမ်ကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားတဲ့ တရုတ်နိုင်ငံဟာ ကျွန်းအနီးမှာ စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာမြင့်တက်ပြီးနောက် ထိုင်ဝမ်စစ်ဘက်က အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။

မကြာသေးမီကာလတွေအတွင်း တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက်ကလည်း တရုတ်စစ်လေယာဉ် ၁၀၃ စင်းကို ပင်လယ်ပြင်မှာထောက်လှမ်းတွေ့ရှိခဲ့ပြီး ဒါဟာ လက်ရှိချိန်ထိ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလုပ်ရပ်ဟာ ရေလက်ကြားနဲ့ ဒေသတွင်းလုံခြုံရေးအတွက် ပြင်းထန်တဲ့စိန်ခေါ်မှုတွေကို ဖြစ်စေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ ဒေသတွင်းနိုင်ငံအားလုံးရဲ့ ဘုံတာဝန်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလိုစစ်ရေးအရ ဆက်တိုက်နှောက်ယှက်မှုတွေဟာ တင်းမာမှုတွေကို သိသိသာသာတိုးလာပြီးဒေသတွင်း လုံခြုံရေးကို ပိုမိုဆိုးရွားစေကြောင်း တရုတ်အာဏာပိုင်တွေအနေနဲ့ အပြုသဘောမဆောင်တဲ့ တဖက်သတ်လုပ်ရပ်တွေကို ချက်ချင်းရပ်ဖို့ တောင်းဆိုကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref:Reuters
Photo:Reuters
#voiceofmyanmar #VOM #TaiwanUrges #ChinaToStop #destructiveMilitary #activity

Related posts

Leave a Comment

VOM News

FREE
VIEW