ကပစ ၂၃ ကျောင်း ပစ်ခတ်ခံရလို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

စက်တင်ဘာ ၊ ၁၉ ၊ ၂၀၂၃
SP ( VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ကျောမြို့နယ်ခွဲ ၊ ကန့်သတ်ကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၈ ရက် မနက်အစောပိုင်းက ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားလို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်သေဆုံးတယ်လို့ ကျောမြို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က မနက် ၄ နာရီမှာ ဖြစ်တာပါ ၊ ကန့်သတ်ရွာ စာသင်ကျောင်းမှာ လုံခြုံရေးယူထားတဲ့ အဖွဲ့ကို ပစ်ခံရတာဖြစ်တယ် ၊ ၃ ဦးသေတယ်” လို့ ဒေသခံ ပရဟိတသမား တယောက်ကပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ဂန့်ဂေါခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ကျောမြို့ရဲ့ မြောက်ဘက် ၁၂ မိုင်ခန့်ဝေးတယ် ၊ ကပစ ၂၃ အပိုင်နယ်မြေထဲက ကန့်သတ်စာသင်ကျောင်းမှာ လုံခြုံရေးယူထားတဲ့ ကင်းအဖွဲ့ကို အလစ်အငိုက် ဝင်ပစ်ခံရတာဖြစ်တယ် ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးနဲ့ စစ်သည် ၁ ဦး ၊ ပေါင်း ၃ ဦးကျဆုံးတယ် ” လို့ပြောပါတယ်။

ဒါ့အပြင် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းဘက်မှာလည်း ပြီးခဲ့တဲ့ ၁၅ ရက်နေ့ နောက်ပိုင်းကစပြီး စစ်ကြောင်းတွေထိုးနေတာကြောင့် မြင်သားရွာမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး လူ ၅ ယောက်သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က ဂန့်ဂေါမြို့နယ် ၊ ကန်တိုက်နယ်အပိုင် ချောင်းဆုံကျေးရွာမှာလည်း ပစ်ခတ်မှုတွေဖြစ်ပွားပြီး လူ ၄ ဦး အသေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျော #ကပစ၂၃

Related posts

Leave a Comment

VOM News

FREE
VIEW