ဝါရှင်တန်၊ စက်တင်ဘာ-၁၉-၂၀၂၃
မျိုးဆက်(VOM)
အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားမှာ လေယာဉ်မှူးဘေးလွတ်ရာကို ခုန်ထွက်ပြီးနောက် ပျက်ကျသွားတဲ့ အက်ဖ်-၃၅ ကိုယ်ပျောက် အဆင့်မြင့်ဂျက်တိုက်လေယာဉ်ရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
ရေဒါစနစ်တွေကို ရှောင်ရှားနိုင်တဲ့ အဲဒီလေယာဉ်ဟာ စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းမှာ ပျောက်ဆုံးသွားတာဖြစ်ပြီး ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိ လေယာဉ်ရဲ့ အပျက်အစီးတွေကိုတော့ ဝီလီယံဘာဂ်ကောင်တီ ကျေးလက်ဒေသမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
လေယာဉ်မှူးကတော့ လေယာဉ်မှူးအခန်းကနေ ခုန်ထွက်ပြီး မြောက်ချာလ်စတန်အရပ်မှာ လေထီးနဲ့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး လေယာဉ်အပျက်အစီးတွေကို ရှာတွေ့ဖို့ အာဏာပိုင်တွေဟာ ပြည်သူတွေကို အကူအညီ တောင်းခံခဲ့ရပါတယ်။
လေယာဉ်မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လက်ရှိအချိန်မှာ အသေးစိတ်အချက်အလက်တွေ မထုတ်ပြန်သေးဘူးလို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။
တိုက်လေယာဉ်ကို လေယာဉ်မှူးက စွန့်ခွာချိန်မှာ အလိုအလျောက်မောင်းနှင်တဲ့စနစ်ကို ထားရှိခဲ့ပြီး လေယာဉ်သည် အချိန်အတော်ကြာ ပျံသန်းခဲ့တာကြောင့် ရှာဖွေမှုများကို ရှုပ်ထွေးစေခဲ့ကြောင်း တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC
#voiceofmyanmar #VOM #DebrisFound #F-35 jet #SouthCarolina #US