ယူကရိန်းကုမ္ပဏီက  မြန်မာနိုင်ငံမှာ သံချပ်ကာယာဉ်စက်ရုံ တည်ဆောက်မည်

ကိဗ်ယက်၊ မတ်-၇- 2019

မျိုးဆက် (VOM)

 

မြန်မာနိုင်ငံမှာ သံချပ်ကာယာဉ် တပ်ဆင်ထုတ်လုပ်တဲ့စက်ရုံတစ်ရုံတည်ဆောက်ဖို့အတွက် ယူကရိန်းနိုင်ငံအခြေစိုက် စစ်ဘက် သွင်းကုန် ပို့ကုန်အေဂျင်စီ Ukrspecexport ကုမ္ပဏီဟာ မြန်မာနိုင်ငံနဲ့ အကျိုးတူ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ အွန်လိုင်း မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Defence Blog က ဖော်ပြပါတယ်။

 

 

လက်ရှိရရှိထားတဲ့ သတင်းအချက်အလက်များအရ အဆိုပါကုမ္ပဏီဟာ စက်ရုံအတွက် လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေ၊ အထူးစက်ပစ္စည်းတွေကို ပေးပို့ထားပြီး တည်ဆောက်မှုလုပ်ငန်းတွေ စတင်နေပြီလို့ အဆိုပါ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

 

အဆိုပါစက်ရုံမှာတော့ စစ်သည်တွေကို တင်ဆောင်နိုင်တဲ့ BTR-4U သံချပ်ကာယာဉ်နဲ့ MT-LBu ယာဉ်ကို အခြေခံပြီးတည်ဆောက်မယ့် ဟောင်ဝစ်ဇာအမြောက်တပ်ဆင်ထားတဲ့ 2S1U သံချပ်ကာယာဉ်တွေကို ထုတ်လုပ်သွားမယ်လို့ ယင်းကိစ္စနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ပြောပါတယ်။

 

စက်ရုံကို ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ စတင်လည်ပတ်မယ်လို့ အဆိုပါမဂ္ဂဇင်းမှာ ဖော်ပြထားပြီး ဒီလိုသဘောတူညီချက်နဲ့ပတ်သက်ပြီး ယူကရိန်းနဲ့ မြန်မာတာဝန်ရှိသူတွေက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

 

ကမ္ဘာ့တိုက်ကြီးငါးတိုက်မှာရှိတဲ့ သွင်းကုန်၊ပို့ကုန် ကုမ္ပဏီပေါင်း ၅၀ ရဲ့ Database မှာ အချက်အလက်တွေရယူခွင့်ရရှိထားတဲ့ Great Export Import ကုမ္ပဏီကတော့ အဆိုပါစက်ရုံနဲ့ ပတ်သက်ပြီး စက်ပစ္စည်းအနည်းငယ်ကို ပို့ဆောင်ထားတယ်လို့ အတည်ပြုခဲ့ကြောင်း Defence Blog မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

 

Ref & Photo : Defence Blog

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW