မြန်မာတာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ ရိုဟင်ဂျာတွေနဲ့ အိုင်စီစီကိုယ်စားလှယ်အဖွဲ့ တွေ့မည်

ကော့ဘဇား၊ မတ်-၇-၂၀၁၉ မျိုးဆက် (VOM)   မြန်မာတပ်မတော်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့အတွက် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ) မှ ရှေ့နေတွေပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပါတယ်။   အဖွဲ့ဝင် ခုနှစ်ဦးပါဝင်တဲ့ အိုင်စီစီ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်က သက်ဆိုင်ရာ ၀န်ကြီးတွေ၊ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်အပြင် ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဖို့ ကော့ဘဇားကိုလည်း သွားရောက်ကြမှာဖြစ်ပါတယ်။   ဒီလိုစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့အတွက် အိုင်စီစီရှေ့နေချုပ် Fatou Bensouda က ၂၀၁၈ခုနှစ် ဧပြီလမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပြီး လူနည်းစုရိုဟင်ဂျာတွေအပေါ် မြန်မာတာဝန်ရှိသူတွေက သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ အတင်းအကြမ်းမောင်းထုတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုတစ်ရပ်က လွန်ခဲ့တဲ့ စက်တင်ဘာလက စတင်ခဲ့ပါတယ်။   ကနဦးစုံးစမ်းစစ်ဆေးတာတွေရဲ့ ရလဒ်ကတော့ အဆိုပါဖြစ်စဉ်အပေါ် အိုင်စီစီက တရားဝင်…

Read More

နည်းပညာတက္ကသိုလ်​(မန္တ​လေး) ရဲ့ ကျောင်းတွင်းသင်္ကြန်

မန္တ​လေး၊ ​မတ်​ ၇-၂၀၁၉ ဟိန်းကို(VOM)   နည်​ပညာတက္ကသိုလ်​(မန္တ​လေး) TUM ရဲ့ တတိယအကြိမ်​​မြောက်​ ​ကျောင်းတွင်းသင်္ကြန်​ကျင်းပတာကို ယ​နေ့​နေ့လယ်ပိုင်းက TUM​ကျောင်းအတွင်းမှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။   အခြား​သောမြို့​တွေက ​တက္ကသိုလ်​​တွေမှာ ခုလို ​ကျောင်းတွင်းသင်္ကြန်​ကျင်းပရင်း ခိုက်​ရန်​ဖြစ်​ပွားတာ​တွေဖြစ်​ခဲ့တာ​ကြောင့်​ နည်းပညာတက္ကသိုလ်(မန္တ​လေး)ရဲ့ ​ကျောင်းတွင်းသင်္ကြန်​ကျင်းပရာမှာလည်း ခိုက်​ရန်​ဖြစ်​ပွားမှုမရှိ​စေဖို့ လုံခြုံ​ရေးတင်းကျပ်​ထားတာ တွေ့ရပါတယ်။ ဟိန်းကိုရိုက်ကူးတင်ဆက်ထားပါတယ်။   #voiceofmyanmar# နည်​ပညာတက္ကသိုလ်​(မန္တ​လေး)# TUM

Read More

ယူကရိန်းကုမ္ပဏီက  မြန်မာနိုင်ငံမှာ သံချပ်ကာယာဉ်စက်ရုံ တည်ဆောက်မည်

ကိဗ်ယက်၊ မတ်-၇- 2019 မျိုးဆက် (VOM)   မြန်မာနိုင်ငံမှာ သံချပ်ကာယာဉ် တပ်ဆင်ထုတ်လုပ်တဲ့စက်ရုံတစ်ရုံတည်ဆောက်ဖို့အတွက် ယူကရိန်းနိုင်ငံအခြေစိုက် စစ်ဘက် သွင်းကုန် ပို့ကုန်အေဂျင်စီ Ukrspecexport ကုမ္ပဏီဟာ မြန်မာနိုင်ငံနဲ့ အကျိုးတူ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ အွန်လိုင်း မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Defence Blog က ဖော်ပြပါတယ်။     လက်ရှိရရှိထားတဲ့ သတင်းအချက်အလက်များအရ အဆိုပါကုမ္ပဏီဟာ စက်ရုံအတွက် လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေ၊ အထူးစက်ပစ္စည်းတွေကို ပေးပို့ထားပြီး တည်ဆောက်မှုလုပ်ငန်းတွေ စတင်နေပြီလို့ အဆိုပါ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။   အဆိုပါစက်ရုံမှာတော့ စစ်သည်တွေကို တင်ဆောင်နိုင်တဲ့ BTR-4U သံချပ်ကာယာဉ်နဲ့ MT-LBu ယာဉ်ကို အခြေခံပြီးတည်ဆောက်မယ့် ဟောင်ဝစ်ဇာအမြောက်တပ်ဆင်ထားတဲ့ 2S1U သံချပ်ကာယာဉ်တွေကို ထုတ်လုပ်သွားမယ်လို့ ယင်းကိစ္စနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ပြောပါတယ်။   စက်ရုံကို ၂၀၂၀…

Read More

တာတူးရုပ်ရှင်ကားက LGBT တွေကိုလှောင်ပြောင်ရှုတ်ချတာမရှိဘူးဆိုတဲ့ နေတိုး

ရန်ကုန် မတ် ၇-၂၀၁၉ သင်းသဒ္ဒါ(VOM)   ပရိသတ်အချစ်တော် အကယ်ဒမီနေတိုးကတော့ တာတူးရုပ်ရှင်ကားက LGBT တွေကိုလှောင်ပြောင်ရှုတ်ချတာမရှိဘူးလို့ဆိုပါ တယ်။   LGBT တွေကလည်း ဝေဖန်ထောက်ပြမှုတွေရှိလာချိန်မှာ တာတူးကာရိုက်တာနဲ့ သရုပ်ဆောင်ထားနဲ့ပတ်သက်ပြီးတော့ ”တာတူးကတော့ သူတို့တွေကို လှောင်ပြောင် ရှုတ်ချတာတွေလည်း မရှိပါဘူး။ မိန်းကလေး တယောက်ရဲ့အသွင်အပြင် တစ်ခုပေါ်မှာ အခြေခံတာဖြစ်ပါတယ်။ ဇာတ်မှာအကြောင်း အရာတစ်ခုအနေနဲ့ပါတာပါ။ ဒီကာရိုက်တာကို main တည်ရိုက်တာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။   တာတူး ရုပ်ရှင်ကားကိုတော့ မတ် ၁၅ ရက်မှာ ရုံတင်ပြတော့မှာလည်း ဖြစ်သလို Box No.88 ရုပ်ရှင်ကားကို လက်ခံရိုက်ကူး နေတယ်လို့ သိရပါတယ်။   ဟာသကားတွေမှာ LGBT ဇာတ်ရုပ်တွေသုံးစွဲလာတဲ့အတွက် ရိုက်တဲ့သူတွေဘက်ကရော အနုပညာဘက်ကရော အကုန်လုံးကတော့ ဆင်ခြင်သုံးသပ်ဖို့တော့ လိုအပ်ပါတယ်။ ဈေးကွက်တစ်ခုကို အောင်မြင်တယ်ဆိုတိုင်း လုပ်လို့မရပါဘူး။ ဒီဇာတ်ရုပ်မှ မဟုတ်ပါဘူး။ ဘယ်ဇာတ်…

Read More

အင်ဒိုအစိုးရက ဆန်စပါးတင်ဒါခေါ်ယူရာမှာ မြန်မာကုမ္ပဏီတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ကမ်းလှမ်း

ရန်ကုန် မတ် ၇-၂၀၁၉ သစ်တော် (VOM)   အင်ဒိုနီးရှားနိုင်ငံက ဆန်စပါးဝယ်ယူဖို့်အတွက် တင်ဒါခေါ်ယူရာမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဆန်တင်ပို့မယ့် ကုမ္ပဏီတွေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရတယ်။   မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးပြောပြတာကတော့ ” အင်ဒိုနီးရှားနိုင်ငံဘက်ကနေ နောင်တင်ဒါ ခေါ်တဲ့အချိန်မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အောက်မှာရှိနေတဲ့ Exporter ကုမ္ပဏီတွေအနေနဲ့ တင်ဒါမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ကိုလည်း အင်ဒိုနီးရှားအစိုးရက ကမ်းလှမ်းထားတွေရှိတယ်။ တင်ဒါက ဘယ်အချိန်ခေါ်မယ်ဆိုတာ အတိအကျမသိသေးပါဘူး’ လို့ပြောပါတယ် ။   အင်ဒိုနီးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံနှစ်နိုင်ငံကြား တစ်နှစ်မှာ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝန်း ကျင်ရှိပေမယ့် မြန်မာနိုင်ငံက အင်ဒိုနီးရှားနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့နိုင်သည့် ပမာဏနည်းပါးနေတယ်လို့လည်း သိရပါတယ်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်ပို့တဲ့ အမယ်တွေထဲက ဆန်စပါးကို တိုးချဲ့တင်ပို့နိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက…

Read More

မြောက်ဦးအောက်သကန်ကျေးရွာသားသုံးဦး မိုင်းထိ တယောက်သေဆုံး

မြောက်ဦး၊ မတ် ၇-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက အောက်သကန်ကျေးရွာမှာ မတ်လ၆ရက် မနေ့နေ့လယ် ၁ နာရီလောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် ကျေးရွာသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။   အဲ့ဒီမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့အတွက် ဦးထွန်းစိန်ဦး (၆၈) နှစ်မှာ ခြေတစ်ဖက်ပြတ်သွားသွားကြောင်းနဲ့ ကိုမောင်ပြား ၃၂ နှစ်မှာ ခြေထောက်နဲ့ လက်တို့မှာ ထိရှဒဏ်ရာရရှိခဲ့ပြီး ဦးကျော်ထွန်းဦး ၅၅ မှာ ကျောကုန်းတစ်ခုလုံး မိုင်းစများကျရောက်တဲ့ ဒဏ်ရာတွေကိုရရှိခဲ့တာဖြစ်ပါတယ်။   “သူတို့က ထင်းခုတ်ဖို့အတွက် အဲ့ဒီနေရာကိုသွားတာပါ။ သူတို့ ယာလုပ်တဲ့နေရာပေါ့။ ဥယျာဉ်လည်းရှိပါတယ်။ အောက်သကန်-ငှက်ပျောတောလမ်း။ ကြပ်စင်ကျော်လမ်းပေါ့။ အဲ့ဒီနေရာမှာ မိုင်းနင်းမိပြီးတော့ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။”လို့ ကျေးရွာသားတစ်ဦကပြောပါတယ်။   အဲ့ဒီနေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက မြန်မာ့တပ်မတော်နဲ့ AA တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲဖြစ်ပွား စဉ်မှာ ကျန်ရှိခဲ့တဲ့မိုင်းဗုံးပေါက်ကွဲတာဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။  …

Read More

အချိန်အခါမဟုတ်မိုးကြောင့် ရခိုင်ဒေသတွင်း ဒုက္ခသည်စခန်းများ အခက်တွေ့

ကျောက်တော်၊ မတ် ၇-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်း အခုရက်ပိုင်းအတွင်း ရွာသွန်းနေတဲ့ အချိန်အခါမဟုတ်မိုးကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေမှာရှိနေတဲ့ ကယ်ဆယ်ရေးစခန်းတွေက ဒုက္ခသည်တွေ အခက်အခဲနဲ့ ကြုံတွေ့နေကြပါတယ်။   မတ်လ ၅ ရက်နေ့ညကနေ စတင်ပြီးတော့ ရခိုင်ပြည်နယ်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ယာယီကယ်ဆယ်ရေးစခန်းတွေမှာ မိုးရေတွေပြည့်လျှံနေပြီး နေထိုင်ရေး၊ ချက်ပြုရေးတွေ အဆင်မပြေဖြစ်လာလို့ နီးစပ်ရာကျေးရွာတွေကို ပြောင်းရွှေ့နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။   “ကျွန်တော်တို့စခန်းမှာ ယာယီတဲတွေနဲ့ပဲ နေကြတာဆိုတော့ အခုမိုးရွာလိုက်တာနဲ့ အကုန်လုံး အခက်အခဲဖြစ်တာပေါ့။ မိုးရေတွေက အောက်ကဝင်၊ အပေါ်ကဝင်နဲ့ စိုကုန်တယ်။ အိပ်လို့လည်းမရဘူး။ ချက်ပြုတ်စားသောက်ဖို့လည်း နေရာမရှိဘူး ဖြစ်သွားတယ်။ ဒါကြောင့် ဘုန်းကြီးကျောင်းနဲ့ ရွာထဲကိုဝင်ပြေးနေရတယ်”လို့ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။   အခုလိုမျိုး နေရေးထိုင်ရေးတွေ အခက်အခဲဖြစ်နေတဲ့ စခန်းတွေကတော့…

Read More

ဟွာဝေး ထုတ်ကုန်တွေ မသုံးဖို့ ပိတ်ပင်တာကြောင့် အမေရိကန်အစိုးရကို တရားစွဲပြီ

ပေကျင်း၊ မတ်-၇၊ ၂၀၁၉ မျိုးဆက် (VOM)   ဟွာဝေးရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အမေရိကန် အစိုးရဌာနတွေမှာ အသုံးမပြုဖို့ ကန့်သတ်လိုက်တဲ့ တားမြစ်ပိတ်ပင်မှုကြောင့် အမေရိကန်အစိုးရကို ဟွာဝေးကုမ္ပဏီက တရားစွဲဆိုလိုက်ပါတယ်။   ဟွာဝေးက အမေရိကန်အစိုးရကို တက္ကဆက်ပြည်နယ်ခရိုင်တရားရုံးမှာ တရားစွဲဆိုလိုက်တာဖြစ်ပြီး ကုမ္ပဏီဟာ တရုတ်အစိုးရပိုင် ကုမ္ပဏီမဟုတ်ကြောင်း တိုင်ကြားချက်မှာ ဟွာဝေးက ထည့်သွင်းဖော်ပြထားပါတယ်။   ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို  အသုံးမပြုဖို့ တားမြစ်တာနဲ့ ပတ်သက်ပြီး  အမေရိကန်ကွန်ဂရက် က သက်သေအထောက်အထား မပြသနိုင်ဘူးလို့ ဟွာဝေးကုမ္ပဏီရဲ့ ကြေညာချက်တစ်ရပ်မှာဖော်ပြပါတယ်။   အမျိုးသားလုံခြုံရေးကို အန္တရာယ်ပေးနိုင်တယ်ဆိုတဲ့  စိုးရိမ်ပူပန်မှုတွေကြောင့် ဟွာဝေးထုတ်ကုန်တွေကို အစိုးရဌာနတွေမှာ အသုံးပြုခြင်းကို အမေရိကန်က ပိတ်ပင်ထားတာဖြစ်ပြီး အဆိုပါထုတ်ကုန်တွေကို အသုံးမပြုဖို့ကိုလည်း  ၎င်းရဲ့မဟာမိတ်နိုင်ငံတွေကိုလည်း အမေရိကန်က စည်းရုံးနေပါတယ်။   ဟွာဝေးထုတ်ကုန်တွေကို ကန့်သတ်တာနဲ့  ပတ်သက်ပြီး သက်သေအထောက်အထား တစုံတရာကို ထုတ်ဖော်ပြသဖို့…

Read More

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ တမူးခရီးစဉ် ပျက်

တမူး မတ် ၇-၂၀၁၉ သစ်တော် (VOM)   နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့နံနက်ပိုင်းမှာ တမူးမြို့ကိုလာရောက်ဖို့ ရှိပေမယ့်ရာသီဥတုကြောင့် ခရီးစဉ် ရပ်ဆိုင်းခဲ့ရတယ်လို့ တမူးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဦးမြင့်ဇော်က ပြောပါတယ်။   ”ရာသီဥတုမကောင်းလို့ ခရီးစဉ်ကိုရပ်ဆိုင်းခဲ့ပါတယ် ထမံသီကနေ မုံရွာပြန်​သွားတယ်​​” လို့ ဦးမြင့်ဇော်ကပြောပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ဟာ ဟုမ္မလင်းမှာ ဒေသခံတွေနဲ့တွေ့ဆုံခဲ့ပြီး ဒီနေ့ မနက် တမူးမြို့မှာရှိတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားတာဖြစ်ပါတယ်။   မြို့ခံပြည်သူတွေကတော့ နံနက်အစောပိုင်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရေးဗီနိုင်းတွေ ကိုင်ဆောင်ပြီး စောင့်ကြိုနေခဲ့ကြတယ်လို့ တမူးမြို့ဒေသခံတွေက ပြောပါတယ်။

Read More

ပလက်ဝမြို့နယ်မှာ တပ်မတော်က လမ်းပြခေါ်သွားတဲ့ ရွာသားတယောက် မိုင်းနင်းမိပြီးသေဆုံး

      ပလက်ဝ မတ် ၇-၂၀၁၉ မိုင်ချယ်ရီ (VOM)   ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းမဒိန်းကျေးရွာမှာ နေထိုင်တဲ့ ဦးအောင်လွန်းဟာဆိုရင် တပ်မတော်ကနေ လမ်းပြအဖြစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ခေါ်ဆောင်ခံခဲ့ရပြီးနောက်မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။  ချင်းလူအခွင့်အရေးအဖွဲ့က မတ်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့က ထောင်ထားတယ်လို့ ယူဆရတဲ့ မြေမြုပ်မိုင်းနင်းမိပြီးတော့ သေဆုံးခဲ့တယ်လို့ သေဆုံးခဲ့သူ ဦးအောင်လွန်းရဲ့ ညီဖြစ်သူ ဦးလွန်းဘဲရဲ့ ပြောပြချက်ကို ဖေါ်ပြထားပါတယ်။   သေဆုံးသူ ဦးအောင်လွန်းဟာ  ရှင်းမဒိန်းကျေးရွာနဲ့ ၃ ရက်လောက် သွားရတဲ့ နေရာဖြစ်တဲ့ ပီချောင်းဖျားဖျက် တောတွင်းတစ်နေရာမှာ တပ်မတော်စစ်ကြောင်းနဲ့လိုက်ပါသွားရာမှာ မိုင်းနင်းမိပြီးတော့ ၀မ်းဗိုက်ပွင့်ထွက် ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဦးလွန်းဘဲ က ပြောထားပါတယ်။…

Read More
VOM News

FREE
VIEW